ဝိနည်းပိဋကတ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဝိနည်းပိဋကတ်ကို ရဟန်းတို့ လိုက်နာရန် စည်းကမ်းများ (သိက္ခာပုဒ်)ဟု ပြန်ဆိုနိုင်သည်။ "ဝိနယော နာမ သာသနဿ အာယု"၊  "ဝိနည်းသည် သာသနာတော်၏ အသက်"ဟု ဆိုထား၏။ ဝိနည်းပိဋကတ် သည် မြတ်စွာဘုရားရှင်၏ သာဝကရဟန်းတော်များ လိုက်နာကျင့်ဆုံးဆောက်တည်ရန် ပညတ်တော်မူခဲ့သော ဝိနည်းသိက္ခာပုဒ်များ ဖြစ်သည်။ ထိုသိက္ခာပုဒ်တို့တွင် ဘိက္ခုပါတိမောက်၌ ပါရှိသော ၂၂၇-သွယ် သိက္ခာပုဒ်တို့သည် ရဟန်းတော်တို့အတွက် အခြေခံကျသော အရေးကြီးသည့် ဝိနည်းများဖြစ်သည်။

ဝိနည်းပိဋကတ် ၅-ကျမ်:[ပြင်ဆင်ရန်]

ဝိနည်းပိဋကတ်ကို နိကာယ်ငါးရပ် ကျမ်း ၅-ကျမ်းခွဲခြားထားပါသည်။

(၁) ပါရာဇိကဏ် - အကြီးစားကျူးလွန်မှု (ပြစ်မှုကြီးများ)။

(၂) ပါစိတ် - အငယ်စားကျူးလွန်မှု။

(၃) မဟာဝါ - ပိုများပြားသော ရှေ့ပိုင်း ခန္ဓက ၁၀-ပါး။

(၄) စူဠဝါ - နည်းပါးသော နောက် ခန္ဓက ၁၂-ပါး။

(၅) ပရိဝါ - ရှေ့တွင်ပါရှိသော အကြောင်းအရာများကို သရုပ်ခွဲပုံစံ၎င်း အမေး၊ အဖြေသာမက ပဟေဋ္ဌိသဘောမျိုး ဉာဏ်စမ်းများပါ ပါဝင်သလို ဆရာအစဉ်အဆက် ဘွဲ့နာမည်များလည်း ပါဝင်ပါသည်။

မှတ်ချက်[ပြင်ဆင်ရန်]

(က) ပါတိမောက် ၂-ပါးကို ဒွေမာတိကာဟု ခေါ်ဝေါ်သည်။

(ခ) ရဟန်းတို့အတွက် ၂၂၇-သွယ်နဲ့ ဘိက္ခုနီများအတွက် ၃၃၁-သွယ် သိက္ခာပုဒ်။

(ဂ) ခန္ဓက တူညီဆက်စပ်နေသော အကြောင်းအရာများကို စုစည်းတင်ဆက်ထားသော အစု။

(ဃ) မေထုန်၊ ခိုးမှု၊ လူသတ်၊ သံဃဂိုဏ်းခွဲ။ (သေလေးပါး)

ရဟန်းကျင့်ဖွယ်၂၂၇-သွယ် အကျဉ်း[ပြင်ဆင်ရန်]

ပါရာဇိက ၄-ပါး[ပြင်ဆင်ရန်]

၁ ။ မေထုန်မကျင့်ရ။ (လိင်မဆက်ဆံရ)

၂ ။ သူတပါးဥစ္စာမခိုးရ။

၃ ။ လူမသတ်ရ၊ မသတ်ခိုင်းရ။

၄ ။ ဈာန်မဂ်ဖိုလ်မရဘဲ ရသည်ဟုမပြောရ။

သံဃဒိသိသ် ၁၃-ပါး[ပြင်ဆင်ရန်]

၅ ။ သုတ်မလွှတ်ရ။

၆ ။ အမျိုးသမီးဟူသမျှ မကိုင်ရ။

၇ ။ အမျိုးသမီးနှင့်ညစ်ညမ်းရုန့်ရင်း စကားမပြောရ။

၈ ။ မေထုန် အလှူမခံရ။

၉ ။ အောင်မသွယ်ရ။

၁၀ ။ သံဃာကို မပန်ကြားဘဲ ပမာဏလွန်သောကျောင်း မဆောက်ရ။

၁၁ ။ သံဃာကိုမပန်ကြားဘဲ ကျောင်းကြီးမဆောက်ရ။

၁၂ ။ မြင်ခြင်း ကြားခြင်း မရှိပါဘဲ ပါရာဇိကနှင့် မစွပ်စွဲရ။

၁၃ ။ ပြစ်မှားလိုသောစိတ်ဖြင့် နာမည်တူပြု၍ ပါရာဇိကနှင့် မစွပ်စွဲရ။

၁၄ ။ သံဃာကို သင်းမခွဲရ။

၁၅ ။ သင်းခွဲသော သံဃာနောက်ကို မလိုက်ရ။

၁၆ ။ ဝိနည်းကံ နှင့်အညီ ဆုံးမသည်ကို လိုက်နာရမည်။

၁၇ ။ ဝိနည်းကံနှင့် မညီသော သစ်သီးပေးခြင်း၊ ပန်းပေးခြင်းစသည်တို့ကို မပြုရ။ ဆုံးမသည်ကို လိုက်နာရမည်။

အနိယတ ၂-ပါး (ပါသံစိတ် သံစိတ်)[ပြင်ဆင်ရန်]

၁၈ ။ မျက်ကွယ်ရာ၌ ရဟန်းနှင့် မာတုဂါမ နှစ်ဦးတည်းမနေရ။

၁၉ ။ နားကွယ်ရာ၌ ရဟန်းနှင့် မာတုဂါမ နှစ်ဦးတည်း မနေရ။

နိဿဂ္ဂိပါစိတ် ၃၀-ပါး[ပြင်ဆင်ရန်]

၂၀ ။ သင်္ကန်းကို အဓိဌာန် ဝိကပ္ပနာမပြုဘဲ (၁၀)ရက်မလွန်စေရ။ (ဝိကပ္ပနာ....... )

၂၁ ။ တိစိဝရိတ်သင်္ကန်းနှင့် ညဉ့်ကင်း၍ မနေရ။ (တိစိဝရိတ်သင်္ကန်း......)

၂၂ ။ ကထိန်ခေတ်မှ လွန်၍ရသော သင်္ကန်းကို တစ်လအတွင်းအဓိဌာန်တင်ရမည်။

၂၃ ။ ဆွေမျိုးမတော်သော ရဟန်းမကို သင်္ကန်းမဖွတ်စေရ။ (အလျှော်မခိုင်းရ)

၂၄ ။ ဆွေမျိုးမတော်သော ရဟန်းမ၏သင်္ကန်းကို အလှူမခံရ။

၂၅ ။ ဆွေမျိုးမတော်သောသူကို သင်္ကန်းတောင်းခွင့်မရှိဘဲ မတောင်းရ။

၂၆ ။ သင်္ကန်းတောင်းခွင့်ရှိသော်လည်း နှစ်ထည်ထက် ပိုမတောင်းရ။

၂၇ ။ ဒါယကာတို့ ခန့်မှန်းသည်ထက် သင်္ကန်းဖိုး မစီရင်ရ။

၂၈ ။ ဒါယကာနှစ်ဦး၏ သင်္ကန်းကို ရည်မှတ်သည်ထက် မစီရင်စေရ။

၂၉ ။ သင်္ကန်းဖိုးကို သုံးကြိမ်တောင်း၍ ခြောက်ကြိမ်ထက် ပိုမရပ်ရ။

၃၀ ။ ပိုးနှင့်ချည်ရောလျှင် အခင်းမပြုရ။

၃၁ ။ အမည်း၊ အနက် သိုးမွေးကို အခင်းမပြုရ။

၃၂ ။ သိုးမွေးအမည်းကို လေးဖို့နှစ်ဖို့ထက် မပိုစေရ။ (လေးဖို့ နှစ်ဖို့)

၃၃ ။ သိုးမွေးအခင်းကို သမုတိမရဘဲ (၆)နှစ်အတွင်း မပြုရ။ (သမုတိ.....)

၃၄ ။ အဆာနှင့် နိသိဒိုင်ကို အခင်းဟောင်းမှ တစ်ထွာမသွင်းဘဲ မပြုရ။ (အဆာနှင့် နိသိဒိုင်......)

၃၅ ။ သိုးမွေးကို ကပ္ပိယမရှိဘဲ သုံးယူဇနာထက် ကျော်လွန်၍မယူရ။

၃၆ ။ ဆွေမျိုးမတော်သည့် ရဟန်းမကို သိုးမွေးမလျှော်ခိုင်းရ။

၃၇ ။ ရွှေ၊ ငွေတို့ကို မကိုင်ရ။

၃၈ ။ အရောင်းအဝယ် မပြုရ။

၃၉ ။ အလဲ အလှယ် မပြုရ။

၄၀ ။ အဓိဌာန်မတင်ဘဲ (၁၀)ရက်လွန်သော သပိတ်ကို မသုံးရ။

၄၁ ။ သပိတ်အကွဲ (၅)ကွဲမရှိဘဲ သပိတ်ထပ်မတောင်းရ။

၄၂ ။ ထောပတ်၊ ဆီ၊ ပျား၊ တင်လဲတို့ကို (၇)ရက်ထက် ပိုမထားရ။

၄၃ ။ မိုးရေခံသင်္ကန်းကို (၄)လထက် ပိုမဆောင်ရ။

၄၄ ။ ပေးထားသောသင်္ကန်းကို စိတ်ဆိုး၍ ပြန်မတောင်းရ။

၄၅ ။ ချည်ကိုတောင်း၍ မရက်ခိုင်းရ။

၄၆ ။ အမျိုးတော်ခြင်း ဖိတ်ခြင်းမရှိဘဲ ရည်မှန်းကာမျှ သင်္ကန်းကို ဝင်၍မစီရင်အပ်။

၄၇ ။ သင်္ကန်းကာလကို (၅)ရက်ထက် မလွန်ရ။ (သင်္ကန်းကာလ.....)

၄၈ ။ သမ္မုတိမရဘဲ တိစီဝရိတ်သင်္ကန်းနှင့်(၆) ညဉ့်မကင်းရ။

၄၉ ။ သံဃာညီညွတ်ပြီးသား လာဘ်ကို မိမိသို့ မညွတ်စေရ။

သုဒ္ဓပါစိတ် ၉၂-ပါး[ပြင်ဆင်ရန်]

၅၀ ။ မုသားမပြောရ။

၅၁ ။ မဆဲရ။

၅၂ ။ ကုန်းမတိုက်ရ။

၅၃ ။ လူ၊ သာမဏေနှင့် ပုဒ်ပြိုင်စာမချရ။

၅၄ ။ တစ်ကျောင်းတည်း၌လူ၊ သာမဏေနှင့် (၃)ညဉ့်ထက်ပို မအိပ်ရ။

၅၅ ။ မာတုဂါမနှင့် တစ်ကျောင်းတည်းမအိပ်ရ။

၅၆ ။ မာတုဂါမနှင့် နှစ်ယောက်ချင်း(၆) ခွန်းထက် မဟောရ။

၅၇ ။ မိမိရသော ဈာန်၊ မဂ်၊ ဖိုလ်ကို လူ၊သာမဏေအား မပြောရ။

၅၈ ။ ရဟန်းတစ်ပါး၏ သံဃဒိသိသ်ကို လူ၊ သာမဏေအား မပြောရ။ (သံဃဒိသိသ်......)

၅၉ ။ မြေကိုမတူးရ။

၆၀ ။ သစ်ပင်မခုတ်ရ။

၆၁ ။ ရဟန်းတစ်ပါးမေးသည်ကို ပြန်၍မပြောဘဲ မနေရ။

၆၂ ။ သမ္မုတိရသောရဟန်းကို မရှုတ်ချအပ်။

၆၃ ။ သံဃိကညောင်းစောင်းကို အပြင်မှာမထားအပ်။

၆၄ ။ သံဃိကအိပ်ရာကို အထဲမှာမထားဘဲ မသွားရ။

၆၅ ။ သံဃိကကျောင်း၌ အိပ်နေသော ရဟန်းကို နှိုး၍ မအိပ်ရ။

၆၆ ။ သံဃိကကျောင်းမှ အမျက်ထွက်၍ နှင်မထုတ်ရ။

၆၇ ။ စို့မရိုက်သော ညောင်စောင်းကို မထိုင်ရ။

၆၈ ။ စိမ်းစိုသော ကောက်ပဲမရှိရာ၌ အမိုးသုံးဆင့်ထက်ပို၍ အင်္ဂတေ မတည်ဆောက်ရ။

၆၉ ။ ပိုးရှိသော ရေကို မြေပေါ်၊ မြက်ပေါ်သို့ မသွန်ရ။

၇၀ ။ သမ္မုတိမရဘဲနှင့် ရဟန်းမအား မဆုံးမရ။

၇၁ ။ သမ္မုတိရသော်လည်း နေဝင်လျှင် မဆုံးမရ။

၇၂ ။ မနာဖျားဘဲ ရဟန်းမတို့၏ ကျောင်းသို့ သွား၍ မဆုံးမအပ်။

၇၃ ။ ရဟန်းမများအား ဆုံးမသော မထေရ်ကြီးများကို မကဲ့ရဲ့အပ်။

၇၄ ။ ရဟန်းမကို သင်္ကန်းမပေးအပ်။

၇၅ ။ ရဟန်းမကို သင်္ကန်းချုပ်မပေးရ။

၇၆ ။ ရဟန်းမနှင့်တိုင်ပင်၍ ခရီးမသွားရ။

၇၇ ။ ရဟန်းမနှင့်တိုင်ပင်၍ လှေမစီးရ။

၇၈ ။ ရဟန်းမ စီစဉ်သောဆွမ်း မစားရ။

၇၉ ။ အမျိုးသမီးနှင့်နှစ်ယောက်ချင်း မနေရ။

၈၀ ။ ဧည့်သည်အတွက်ဆွမ်းကို တစ်ကြိမ်ထက်ပို၍မစားရ။

၈၁ ။ ရဟန်း(၄)ပါး ထိုင်နေသည့်အခါ၌ ထမင်းစားဖိတ်လျှင် မစားရ။

၈၂ ။ ရှေးဦးဒါယကာ၏ ဆွမ်းကို မစားဘဲ နောက်ဆွမ်းကို မစားရ။

၈၃ ။ လက်ဆောင်မုန့်များကို သုံးသပိတ်ထက် ပိုအလှူမခံရ။

၈၄ ။ စားနေတုန်း ဆွမ်း၊ ခဲဖွယ်ဘောဇဉ်တို့ကို ပယ်လျှင် နောက်ထပ်မစားရ။

၈၅ ။ ပဝါရိတ်သင့်သော ရဟန်းအား စွပ်စွဲလို၍ ဆွမ်းစားမဖိတ်ရ။(ပဝါရိတ်သင့်....)

၈၆ ။ နေလွဲသောအခါ ညစာမစားရ။

၈၇ ။ သိုမှီးထား၍ ဘောဇဉ်ကို မစားရ။

၈၈ ။ မနာမဖျားဘဲ မွန်မြတ်သောဘောဇဉ်ကို တောင်းမစားရ။

၈၉ ။ အကပ္မခံဘဲ ဘာကိုမျှမစားရ။ (အကပ္မ.......)

၉၀ ။ ပရိဗိုရ်ကို ဘောဇဉ်မပေးရ။

၉၁ ။ ဆွမ်းခံရာ၌ မာတုဂါမနှင့် စကားပြောလို၍ အဖော်ရဟန်းကို ပြန်မလွှတ်ရ။

၉၂ ။ အကြင်လင်မယား အခန်း၌ မနေရ။

၉၃ ။ မျက်စိကွယ်ရာ၌ မိန်းမနှင့် နှစ်ယောက်ချင်း မနေရ။

၉၄ ။ နားကွယ်ရာမှ မိန်းမနှင့် နှစ်ယောက်ချင်း မနေရ။

၉၅ ။ ဆွမ်းစားပင့်ဖိတ်သော အိမ်မှတပါး အခြားအိမ်သို့ မလှည့်ရ။

၉၆ ။ ဆေးပစ္စည်းကို ဖိတ်ကြားထားသည်ထက် လွန်၍ မတောင်းရ။

၉၇ ။ စစ်အဂါၤ(၄)ပါးရှိသော စစ်ရေးပြပွဲသို့ သွား၍ မကြည့်ရ။

၉၈ ။ အကြောင်းရှိ၍ စစ်မြေပြင်သို့ သွားသော် (၇)ရက်ထက် မလွန်ရ။

၉၉ ။ စစ်ဆင်ရာအရပ်သို့ မသွားရ။

၁၀၀ ။ ယစ်မျိုးငါးပါး မသောက်ရ။

၁၀၁ ။ ရဟန်းချင်း ချိုင်းထိုး မကျီစားရ။

၁၀၂ ။ ရေထဲမှာ မကစားရ။

၁၀၃ ။ သိက္ခာကြီး၊ ဝါတော်ကြီးကို မရိုမသေမနေရ။

၁၀၄ ။ ရဟန်းချင်း မခြောက်လန့်ရ။

၁၀၅ ။ ရဟန်းသည် မနာမဖျားဘဲ မီးမမွေးရ။

၁၀၆ ။ မဇ္ဈိမဒေသ၌နေသော ရဟန်းသည်(၁၅)ရက်တစ်ကြိမ် ရေချိုးရမည်။

၁၀၇ ။ ဗိန္ဓုမထိုးဘဲ သင်္ကန်းမဝတ်ရ။

၁၀၈ ။ ဝိကပ္ပနာပြုသည့် သင်္ကန်းကို ဝိကပ္ပနာမပြန်ဘဲ မသုံးရ။

၁၀၉ ။ ပရိက္ခရာရှစ်ပါးကို မဝှက်ရ၊ မကျီစားရ။

၁၁၀ ။ ပိုး၊ တိရစ္ဆာန်တို့ကို မသတ်ရ။

၁၁၁ ။ ပိုးရှိသော ရေကို မသောက်ရ။

၁၁၂ ။ ငြိမ်းအေးပြီးသော အဓိကရုဏ်းကို မချောက်ချားစေရ။

၁၁၃ ။ ရဟန်းတစ်ပါး၏ သံဃဒိသိသ်အာပတ်ကို မဖုံးကွယ်ရ။

၁၁၄ ။ အသက်(၂၀)မပြည့်သောသူအား ရဟန်းမခံစေရ။

၁၁၅ ။ ခိုးသား၊ ဓားပြနှင့် တိုင်ပင်၍ ခရီးမသွားရ။

၁၁၆ ။ အမျိုးသမီးများနှင့် တိုင်ပင်၍ ခရီးမသွားရ။

၁၁၇ ။ မိစ္ဆာဒိဌိဝါဒများကို မယူရ။

၁၁၈ ။ မိစ္ဆာဒိဌိဝါဒကိုမစွန့်၍ နှင်ထုတ်အပ်သောရဟန်းနှင့် ဓမ္မသမ္ဘောဂ၊အာဝါသသမ္ဘောဂမပြုရ။

၁၁၉ ။ မိစ္ဆာဒိဌိဝါဒကိုမစွန့်၍ နှင်ထုတ်အပ်သော သာမဏေနှင့် ဓမ္မသမ္ဘောဂ၊ အာဝါသ သမ္ဘောဂ မပြုရ။

၁၂၀ ။ ဝိနည်းဓိုရ်များ၏ စကားကို ရိုသေစွာ နားထောင်ရမည်။

၁၂၁ ။ သိက္ခာပုဒ်များကို မကဲ့ရဲ့ရ။

၁၂၂ ။ ပါတိမောက်ပြရာ၌ ပြောင်လှောင်မှုမပြုရ။

၁၂၃ ။ ရဟန်းချင်း မရိုက်နှက်ရ။

၁၂၄ ။ ရဟန်းကို လက်ဖြင့်မရွယ်ရ။

၁၂၅ ။ လူ၊ သာမဏေတို့ကိုလည်း မရိုက်နှက်ရ။

၁၂၆ ။ ရဟန်းကို နှလုံးမသာအောင်မပြောရ။

၁၂၇ ။ ရဟန်းချင်း ရန်ဖြစ်နေသည်ကိုချောင်း၍ နားမထောင်ရ။

၁၂၈ ။ ဆန္ဒမဲပေးပြီး မကဲ့ရဲ့ရ။

၁၂၉ ။ ဝိနည်းကံကို ဆန္ဒမပေးဘဲ မသွားရ။

၁၃၀ ။ တိုင်ပင်၍ သင်္ကန်းပေးပြီးမှ မကဲ့ရဲ့ရ။

၁၃၁ ။ သံဃာအား ညီညွတ်ပြီးသောလာဘ်ကို ပုဂ္ဂိုလ်သို့ မညွတ်စေရ။

၁၃၂ ။ မင်း၊ မိဖုရား အိပ်ခန်းထဲသို့ မဝင်ရ။

၁၃၃ ။ကျောင်းအရံအပြင်ဘက် ရတနာကို မကောက်ရ။

၁၃၄ ။ ထင်ရှားရှိသောရဟန်းကို မပန်ကြားဘဲ နေလွဲ ရွာဝင် မသွားရ။

၁၃၅ ။ ဆင်စွယ်ကို အပ်ကျည်မလုပ်ရ။

၁၃၆ ။ တစ်တောင့်ထွာထက်ပိုမြင့်သော ညောင်စောင်း၌ မအိပ်ရ။

၁၃၇ ။ ညောင်စောင်းထဲမှာ လဲထည့်၍ မလုပ်ရ။

၁၃၈ ။ အလျားနှစ်ထွာ၊ အနံတစ်ထွာခွဲ၊ အဆာတစ်ထွာထက်ပို၍ နိသိဒိုင် မပြုလုပ်ရ။

၁၃၉ ။ အမာလွှမ်းသင်္ကန်းကို အလျား(၄)ထွာ ၊ အနံ (၂)ထွာထက် မပိုရ။

၁၄၀ ။ မိုးရေခံ သင်္ကန်းကို အလျား (၆)ထွာ ၊ အနံ (၂)ထွာထက် မပိုရ။

၁၄၁ ။ ဘုရားသင်္ကန်း ပမာဏကို မပြုရ။

ပါဋိဒေသနီ ၄-ပါး[ပြင်ဆင်ရန်]

၁၄၂ ။ ရဟန်းမ၏ ဘောဇဉ်ကို မိမိလက်ဖြင့် မယူရ။

၁၄၃ ။ ဒါယကာများ ဆွမ်းကျွေးရာ ရဟန်းမများ ဝင်၍စီစဉ်လျှင် မောင်းမဲတားမြစ်ရမည်။

၁၄၄ ။ သမ္မုတိရသော သေက္ခအိမ်ကို ဆွမ်းမခံရ။

၁၄၅ ။ ဘေးရန်ရှိသည်ကို မပြောကြားဘဲ အရံတွင်း၌ မိမိလက်ဖြင့် ဘောဇဉ်မခံယူအပ်။

သေခိယ ၇၅-ပါး[ပြင်ဆင်ရန်]

၁၄၆ ။ သင်္ကန်းကို ညီညီဝတ်ရမည်။

၁၄၇ ။ သင်္ကန်းကို ညီညီရုံရမည်။

၁၄၈ ။ လည်၊ လက်ကောက်ဝတ်ဖုံးလျက် ရွာထဲသွားရမည်။

၁၄၉ ။ လည်၊ လက်ကောက်ဝတ်ဖုံးလျက် ရွာထဲမှာနေရမည်။

၁၅၀ ။ မျက်စိဣန္ဒြေစောင့်၍ ရွာထဲမှာ သွားရမည်။

၁၅၁ ။ မျက်စိဣန္ဒြေစောင့်၍ ရွာထဲမှာနေရမည်။

၁၅၂ ။ မျက်လွှာချ၍ ရွာထဲမှာသွားရမည်။

၁၅၃ ။ မျက်လွှာချ၍ ရွာထဲမှာ နေရမည်။

၁၅၄ ။ သင်္ကန်းကိုပင့်၍ ရွာထဲမှာ မနေရ။

၁၅၅ ။ သင်္ကန်းကို ပင့်၍ ရွာထဲမှာ မသွားရ။

၁၅၆ ။ ရွာထဲမှာ ကျယ်ကျယ်ရယ်၍ မသွားရ။

၁၅၇ ။ ရွာထဲမှာ ကျယ်ကျယ်ရယ်၍ မနေရ။

၁၅၈ ။ ရွာထဲမှာ ကျယ်ကျယ် စကားပြော၍ မသွားရ။

၁၅၉ ။ ရွာထဲမှာ ကျယ်ကျယ်စကားပြော၍ မနေရ။

၁၆၀ ။ ရွာထဲမှာ ကိုယ်ကို လှုပ်၍ မသွားရ။

၁၆၁ ။ ရွာထဲမှာ ကိုယ်ကို လှုပ်၍ မနေရ။

၁၆၂ ။ ရွာထဲမှာ လက်ရုံးကိုလှုပ်၍ မသွားရ။

၁၆၃ ။ ရွာထဲမှာ လက်ရုံးကိုလှုပ်၍ မနေရ။

၁၆၄ ။ ရွာထဲမှာ ဦးခေါင်းကိုလှုပ်၍ မသွားရ။

၁၆၅ ။ ရွာထဲမှာ ဦးခေါင်းကိုလှုပ်၍ မနေရ။

၁၆၆ ။ ရွာထဲမှာ ခါးထောက်လျက် မသွားရ။

၁၆၇ ။ ရွာထဲမှာ ခါးထောက်လျက် မနေရ။

၁၆၈ ။ ရွာထဲမှာ ခေါင်းမြီးခြုံ၍ မသွားရ။

၁၆၉ ။ ရွာထဲမှာ ခေါင်းမြီးခြုံ၍ မနေရ။

၁၇၀ ။ ရွာထဲမှာ ခြေဖျားထောက်၍ မသွားရ။

၁၇၁ ။ ရွာထဲမှာ လက်ဖြင့် ဒူးကိုပိုက်၍၎င်း၊ သင်္ကန်းပတ်၍၎င်း မနေရ။

၁၇၂ ။ မရိုမသေ ဆွမ်းမခံရ။

၁၇၃ ။ သပိတ်၌ အမှတ်ထား၍ ဆွမ်းခံရမည်။

၁၇၄ ။ လေးပုံတစ်ပုံ ထက်ပို၍ ဆွမ်းဟင်းမခံရ။

၁၇၅ ။ သပိတ်အနားရေးထက်ပို၍ ဆွမ်းမခံရ။

၁၇၆ ။ ဆွမ်းကိုရိုသေစွာ စားရမည်။

၁၇၇ ။ သပိတ်ထဲ၌ အမှတ်မထားဘဲ မထားရ။

၁၇၈ ။ ဆွမ်းကို အစဉ်လိုက် စားရမည်။

၁၇၉ ။ ဆွမ်း၏ လေးပုံတစ်ပုံထက်ပို၍ ဆွမ်းဟင်းကို မစားရ။

၁၈၀ ။ ဆွမ်းဦးကို နှိပ်၍ မစားရ။

၁၈၁ ။ ဟင်းလျာများကို ဆွမ်းနှင့်ဖုံး၍ မစားရ။

၁၈၂ ။ မနာဖျားဘဲ ဟင်းလျာတောင်း၍ မစားရ။

၁၈၃ ။ ကဲ့ရဲ့လို၍ သူတစ်ပါးသပိတ်ကို မကြည့်ရ။

၁၈၄ ။ ဆွမ်းလုတ်ပမာဏထက် မလွန်ရ။

၁၈၅ ။ ဆွမ်းလုတ်ကို အဝန်းညီအောင်ပြု၍ စားရမည်။

၁၈၆ ။ ဆွမ်းမရောက်ခင် ခံတွင်းမဖွင့်ရ။

၁၈၇ ။ ဆွမ်းစားလျက် ခံတွင်းဖွင့်ထားခြင်း မပြုရ။

၁၈၈ ။ ဆွမ်းစားလျက် စကားပြောခြင်း မပြုရ။

၁၈၉ ။ ဆွမ်းလုတ်ကို မြောက်၍မစားရ။

၁၉၀ ။ ဆွမ်းလုတ်ကို ဖြတ်၍မစားရ။

၁၉၁ ။ ပါးစောင်၌ ဆွမ်းလုတ်ငုံ၍ မစားရ။

၁၉၂ ။ ဆွမ်းစားရင်း လက်မခါရ။

၁၉၃ ။ ဆွမ်းလုံးကို ကြဲ၍ မစားရ။

၁၉၄ ။ လျှာထုတ်၍ ဆွမ်းစားခြင်း မပြုရ။

၁၉၅ ။ ပျတ်ပျတ်မြည်အောင် ဆွမ်းမစားရ။

၁၉၆ ။ ရှုပ်ရှုပ်မြည်အောင် ဆွမ်းမစားရ။

၁၉၇ ။ လက်ကိုလျှက်၍ ဆွမ်းမစားရ။

၁၉၈ ။ သပိတ်ကိုခြစ်၍ ဆွမ်းမစားရ။

၁၉၉ ။ နှုတ်ခမ်းကိုလျက်၍ ဆွမ်းမစားရ။

၂၀၀ ။ ဆွမ်းလုံးပေကျံသောလက်နှင့် ရေခွက်ကို မကိုင်ရ။

၂၀၁ ။ သပိတ်ဆေးရေကို ရွာထဲမှာ မသွန်ရ။

၂၀၂ ။ ထီး လက်၌ရှိသောသူကို တရားမဟောရ။

၂၀၃ ။ တုတ်လက်၌ရှိသောသူကို တရားမဟောရ။

၂၀၄ ။ ဓား လက်၌ရှိသောသူကို တရားမဟောရ။

၂၀၅ ။ လေး လက်၌ရှိသောသူကို တရားမဟောရ။

၂၀၆ ။ ခြေနင်းစီးထားသောသူကို တရားမဟောရ။

၂၀၇ ။ ဖိနပ်စီးထားသောသူကို တရားမဟောရ။

၂၀၈ ။ ယာဉ်စီး၍နေသောသူကို တရားမဟောရ။

၂၀၉ ။ အိပ်ရာနေရာ၌ နေသောသူကို တရားမဟောရ။

၂၁၀ ။ အာယောဂပတ်ဖွဲ့သူကို တရားမဟောရ။

၂၁၁ ။ ဦးရစ်ခေါင်းပေါင်းထားသူကို တရားမဟောရ။

၂၁၂ ။ အိပ်ရာနေရာထက်၌ နေသောသူကို တရားမဟောရ။

၂၁၃ ။ ခေါင်းမြီးခြုံထားသူကို တရားမဟောရ။

၂၁၄ ။ နိမ့်ရာကနေ၍ မြင့်ရာ၌ နေသောသူကို တရားမဟောရ။

၂၁၅ ။ ရပ်လျက် ထိုင်နေသောသူကို တရားမဟောရ။

၂၁၆ ။ ရှေ့ကသွားသောသူကို နောက်ကလိုက်၍ တရားမဟောရ။

၂၁၇ ။ လမ်းကိုသွားသောသူကို လမ်းမဟုတ်ရာက တရားမဟောရ။

၂၁၈ ။ မတ်တတ်ရပ်လျက် ကျင်ကြီး၊ ကျင်ငယ် မစွန့်ရ။

၂၁၉ ။ မြက်၊သစ်ပင်ရှိရာ ကျင်ကြီး၊ ကျင်ငယ်၊ နှပ်၊ တံတွေး မစွန့်ရ။

၂၂၀။ ရေထဲမှာ ကျင်ကြီး၊ ကျင်ငယ်၊ နှပ်၊ တံတွေး မစွန့်ရ။

(နာဖျားသော ပုဂ္ဂိုလ်တို့ကိုမူ ဟောပြောတရားပြခြင်း၊ နာဖျားချိန်၌ ကျင်ကြီး၊ ကျင်ငယ်၊ တံတွေး စွန့်ပစ်ခြင်းတို့ကို ခွင့်ပြုပါသည်။)

အဓိကရဏ သမ္မထ ၇-ပါး[ပြင်ဆင်ရန်]

၂၂၁ ။ သံဃာဝတ္ထု၏ ဟုတ်မှန်ခြင်း၊ ဓမ္မဝိနည်း ပုဂ္ဂိုလ်တို့၏ မျက်မှောက်ရှိသည်၏ အဖြစ်ဟူသော သမ္မုခါဝိနည်း။

၂၂၂ ။ ရဟန္တာပုဂ္ဂိုလ်အား ပေးအပ်သော သတိဝိနည်း။

၂၂၃ ။ ရူးသောရဟန်းအား ပေးအပ်သော အမူဠဝိနည်း။

၂၂၄ ။ ဝန်ခံသဖြင့် ငြိမ်းစေအပ်သော ပဋိညာတကာရေတဗ္ဗဝိနည်း။

၂၂၅ ။ ဓမ္မဝါဒီ ရဟန်းများရာသို့လိုက်၍ ပြုအပ်သော ယေဘုယျဝိနည်း။

၂၂၆ ။ ယုတ်မာသောရဟန်းအား ပေးအပ်သော တဿပါပိယသိကဝိနည်း။

၂၂၇ ။ မစင်ကို မြက်ဖြင့် ဖုံးလွှမ်းသကဲ့သို့သော တိဏဝတ္တာရကဝိနည်း။


ကိုးကား ကျမ်းမှီး[ပြင်ဆင်ရန်]

               

၁ ။ ဘုရားဥပဒေတော်ကြီး၊ "အရှင်ဇနကာဘိဝံသ"။

၂ ။ ပါတိမောက်ဘာသာဋီကာ၊ "အရှင်ဇနကာဘိဝံသ"။

၃ ။ နိဗ္ဗာန်လမ်းညွှန်ကျမ်း၊ "ဘဒ္ဒန္တပညာသာရ"။

၄ ။ ဝိနည်းတော် ဥပဒေတော်ကြီး၊ "အရှင်ဩဘာသ"။

၅ ။ ဖားအောက်တောရ ဆရာတော်ကြီး၏ ဝိနည်းဥပဒေဆိုင်ရာ ဟောကြားတိတ်ခွေများ။