ပသာခေဇာတသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—ယောက်ျားနှင့် တစ်ယောက်ချင်း ချက်၏ အောက်ပိုင်း၌ ပေါက်သောအနာကို ခွဲစေမှု။

အမှုသည်—ဘိက္ခုနီတစ်ယောက်။ [၁]

ထိုကဲ့သို့ အနာကိုဓါးခွဲစေရာဝယ် ယောက်ျားက ဖျက်ဆီးမည်ကြံသောကြောင့် ထိုဘိက္ခုနီမက အော်လေသည်၊ ထိုအခါ အများပြေးလာ၍ အဖြစ်မှန်ကို သိရသော ဘိက္ခုနီတို့က “တစ်ယောက်ချင်း ယောက်ျားအား အတွင်းသား၌ ပေါက်သောအနာကို ခွဲဝေရကောင်းလား” ဟုကဲ့ရဲ့ပြီးလျှင် ဘုရားရှင်ကို တဆင့်လျှောက်ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ ပသာခေ ဇာတံ ဂဏ္ဍံ ဝါ ရုဓိတံ ဝါ အနပလောကေတွာ သံဃံ ဝါ ဂဏံ ဝါ ပုရိသေန သဒ္ဓိံ ဧကေနေကာ ဘေဒါပေယျ ဝါ ဖာလာပေယျ ဝါ ဓောဝါပေယျ ဝါ အာလိမ္ပာပေယျ ဝါ ဗန္ဓာပေယျ ဝါ မောစာပေယျ ဝါ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင် ဘိက္ခုနီသည် ပသာခအရပ်၌ ပေါက်သော အကျိတ်ကိုသော်လည်းကောင်း, အနာကိုသော်လည်းကောင်း, သံဃာကိုဖြစ်စေ ဂိုဏ်းကို ဖြစ်စေ (ခွဲမည့်အကြောင်းကို) မပန်ပြောဘဲ ယောက်ျားနှင့်အတူ တစ်ယောက်ချင်း ခွဲစေ, ဖေါက်စေ, ဖန်ဆေးစေ, ဆေးလိမ်းစေ, ကြပ်စည်းစေ, ဖြေဖြုတ်စေအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်[ပြင်ဆင်ရန်]

သစ်ပင်၏အကိုင်းကြီးကို “ပသာခ”ဟု ခေါ်၏၊ ထိုအကိုင်းကြီးကဲ့သို့ ကိုယ်ခန္ဓာမှ ဖြာ၍ထွက်သော ပေါင် ၂-လုံးသည်လည်းကောင်း, ပေါင် ၂-လုံး၏ ဖြာ၍ထွက်ခဲ့ရာ ချက်၏ အောက်ပိုင်း ကိုယ်လုံးသည်လည်းကောင်း, ပသာခမည်၏၊ ထို “ပသာခ” မည်သောချက်၏ အောက်ပိုင်း ကိုယ်နှင့်ပေါင် ၂-လုံးဝယ် ပေါက်သော မြင်းစုနှင့် အနာကို သံဃာဂိုဏ်းအား မပန်ကြားဘဲအခွဲခိုင်းမှု စသော ၆-ခုတွင် တစ်ခုခုခိုင်းသော ဘိက္ခုနီမှာ ခိုင်းမှုကြောင့် ဒုက္ကဋ်အာပတ် တချက်, ခိုင်းသည့်အတိုင်း ပြုလုပ်ဖြစ်လျှင် ပါစိတ်အာပတ် တချက်သင့်၏။ ခွဲမှုဖေါက်မှု ၂-ခုခိုင်းလျှင် ၂-ချက်စီစသည်သင့်၍ ၆-ခုလုံးကိုင်းလျှင် ဒုက္ကဋ် ပါစိတ် ၆-ချက်စီသင့်၏၊ ဘိက္ခုနီသံဃာ အားလုံးကိုဖြစ်စေ, ဘိက္ခုနီ အများဖြစ်သောဂိုဏ်းကိုဖြစ်စေ တိုင်ကြား၍သော်လည်းကောင်း, နားလည်သော ယောက်ျားအဖေ အနီး၌ ထား၍သော်လည်းကောင်း, ခွဲမှုစသည်ကို ပြုလျှင်ကား ထိုဆရာက ဖျက်ဆီးခွင့်မရသောကြောင့် အနာပတ္တိ။ ။

အာရာမဝဂ်ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး