သက္ကစ္စဘုဉ္ဇနသိက္ခာပုဒ်
ပုံပန်းသွင်ပြင်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
သက္ကစ္စဘုဉ္ဇနသိက္ခာပုဒ် (သက္ကစ္စဝဂ်)
မစားချင်သလို ဆွမ်းစားမှု
[ပြင်ဆင်ရန်]ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ မစားချင် စားချင် အနေမျိုးဖြင့် လေးလေးစားစား မဟုတ်ဘဲ ဆွမ်းစားကြကုန်၏၊ (လူတို့ထုံးစံမှာ ထမင်းဟင်းများကို အသက်သခင် အနေမျိုးအားဖြင့် အလွန်လေးစားကြကုန်၏၊ တချို့လူမျိုး ထုံးစံမှာ ထမင်းစားခါနီး၌ လက်အုပ်ချီကြသေး၏၊ ထို့ကြောင့်) မစားချင့် စားချင်နှင့် ဆွမ်းစားမှုကို လူတို့ ကဲ့ရဲ့ကြသောကြောင့်— “သက္ကစ္စံ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။[၁]
မြန်မာပြန်
[ပြင်ဆင်ရန်]လေးလေးစားစား ဆွမ်းကို စားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်၊ [ဆွမ်းစားမကောင်းခြင်း စသည်ဖြင့် မကျန်းမမာ ဖြစ်နေ၍ လေးလေးစားစား မစားနိုင်ရာ၌ကား အာပတ်မသင့်၊ မလေးမစား စားမည်ဟု တမင်္ဂလာ အရွဲ့တိုက်လိုသော စေတနာ မရှိခြင်း စသည်ကြောင့်လည်း အာပတ်မသင့်။]
ကိုးကား
[ပြင်ဆင်ရန်]- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။