ထူပကတသိက္ခာပုဒ်
ပုံပန်းသွင်ပြင်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ထူပကတသိက္ခာပုဒ် (သက္ကစ္စဝဂ်)
ဆွမ်းဉုးကို စားမှု
[ပြင်ဆင်ရန်]ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ အလယ်ဗဟို မို့မောက်နေသော ဆွမ်းဉုး ဆွမ်းထိပ်မှ နှိုက်ယူ၍ စားကြကုန်၏၊ ထိုစားခြင်းမျိုးလည်း ယဉ်ကျေးသူတို့၏ အပြုအမူ မဟုတ်သဖြင့် လူတို့ကဲ့ရဲ့ကြသောကြောင့်—[၁]
“န ထူပကတော ဩမဒ္ဒိတွာ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်
[ပြင်ဆင်ရန်]ဆွမ်းဉုး ဆွမ်းထိပ်မှ နှိုက်ယူ၍ ဆွမ်းကို မစားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်၊ [ဆွမ်းစားပြီးခါနီး၌ သပိတ်-စားခွက် ထဲဝယ် အနည်းငယ် ကျန်နေသည်ကို သိမ်းကျုံး စုဆောင်း လိုက်သောအခါ အစုအပုံ မိုမိုမောက်မောက် ဖြစ်နေတတ်သေး၏၊ ထိုသို့ သိမ်းကျုံးထားသော အစုအပုံကလေးကို နှိုက်ယူ၍ စားရာ၌ကား အာပတ်မသင့်၊ [အနာပတ္တိ-ပရိတ္တကေ သေသေ ဧကတော သံကဍ္ဎိတွာ ဩမဒ္ဒိတွာ ဘုဉ္ဇတိ”ပါဠိတော်။]
ကိုးကား
[ပြင်ဆင်ရန်]- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။