ဘုဉ္ဇမာနသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

ဘုဉ္ဇမာနသိက္ခာပုဒ် (ကဗဠဝဂ်)

လက်ချောင်းကို ပါးစပ်တွင်းသွင်းမှု[ပြင်ဆင်ရန်]

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားကြစဉ် လက်ချောင်း အားလုံးကို ပါးစပ်တွင်း သွင်းကြကုန်၏၊ (ဆွမ်းလုပ် သွင်းသောအခါ လက်ချောင်းတွေပါ ခံတွင်းထဲသို့ ပါသွားအောင် သွင်းကြသည်၊) ထိုအပြုအမူလည်း အလွန်မယဉ်ကျေးသော အပြုအမူဖြစ်ရကား လူအများ ကဲ့ရဲ့ကြသောကြောင့်—[၁]

“န ဘုဉ္ဇမာနော သဗ္ဗံ ဟတ္ထံ မုခေ ပက္ခိပိဿာမီတိ သိက္ခာ ကရဏီယာ”၊ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်[ပြင်ဆင်ရန်]

“ဆွမ်းစားစဉ် အလုံးစုံသော လက်ချောင်းကို ခံတွင်း (ပါးစပ်)ထဲသို့ မသွင်းအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။

မှတ်ချက်[ပြင်ဆင်ရန်]

ဟတ္ထသဒ္ဓါသည် လက်တခုလုံးကို ဟောသော်လည်း သိက္ခာပုဒ်၌ လက်ချောင်းတို့ကိုသာ (ဧကဒေသျူပစာနည်းအားဖြင့်) ယူရသည်၊ “အလုံးစုံသော လက်ချောင်းကို မသွင်းကောင်းဟု ဆိုသဖြင့် လက်ချောင်း တချောင်းကိုမျှ မသွင်းရ-ဟုမှတ်။ [သဗ္ဗံ ဟတ္ထံတိ- ဟတ္ထေကဒေသာ အင်္ဂုလိယာ ဝုတ္တာ, “ဟတ္ထမုဒ္ဒါဒီသုဝိယ-ဟတ္ထ မုဒ္ဒါ-လက်ချောင်း ချိုး၍ ရေတွက်ခြင်း”ဟူရာ၌ ဟတ္ထ သဒ္ဒါသည် လက်ချောင်းအနက်ကို ဟောသကဲ့သို့တည်း၊ တသ္မာ ဧကင်္ဂုလိံပိ မုခေ ပက္ခပိတုံ နဝဋ္ဋတိ။-ဝိမတိ။]

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး