ပဌမကုမာရိဘူတသိက္ခာပုဒ်
ပုံပန်းသွင်ပြင်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အမှု—အသက် ၂ ဝ မပြည့်သေးသောကုမာရီဘူတ သာမဏေမကို ရဟန်းပြုပေးမှု။
အမှုသည်—ဘိက္ခုနီအများ။ [၁]
ယောက်ျားတို့မသွားလာအပ်ဘူး၍ အပျိုစင်ဖြစ်နေသော မိန်းမသားတို့သည် စိတ်ရော ကိုယ်ပါ နုနယ်ကြ၏၊ ထို့ကြောင့် အအေးအပူစသော ဒုက္ခများကို ယောက်ျားတို့ သွားလာအပ်ဘူးသော (ဂိဟိဂတာ) မိန်းမများလောက် ခံနိုင်ရည်မရှိကြ၊ အသက် ၂ဝ-အရွယ် ရောက်မှသာ ထိုဒုက္ခများကို ခံနိုင်ရည်ရှိကြ၏၊ ဤသိက္ခာပုဒ်၏ အမှုရှင် ဖြစ်သော ဘိက္ခုနီ ဆရာမကြီးတို့သည် ဤအကြောင်းကို သတိမထားဘဲ ငယ်ဖြူသာမဏေမတို့ကို ဘိက္ခုနီပြုပေးမိသဖြင့် အခြားဘိက္ခုနီတို့က ကဲ့ရဲ့ ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်
[ပြင်ဆင်ရန်]ယာ ပန ဘိက္ခုနီ ဦနဝီသတိဝဿံ ကုမာရိဘူတံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။
မြန်မာပြန်
[ပြင်ဆင်ရန်]အသက် ၂၀ မပြည့်သေးသော အပျိုစင်သာမဏေမကို ဘိက္ခုနီပြုပေးသော ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ်အာပတ်သင့်၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။