ဩဋ္ဌနိလ္လေဟကသိက္ခာပုဒ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဟတ္တ, ပတ္တ, ဩဋ္ဌနိလ္လေဟက သိက္ခာပုဒ် ၃-ပါး (သုရုသုရုဝဂ်)
လက်ကိုလျက်ခြင်း
[ပြင်ဆင်ရန်]ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ လက်ကို လျှာဖြင့် လျက်၍ လျက်၍ စားကြကုန်၏၊ သပိတ်ကိုလည်း လက်ဖြင့် ခြစ်၍ ခြစ်၍ စားကြကုန်၏၊ နှုတ်ခမ်းကိုလည်း လျှာဖြင့် လျက်၍ လျက်၍ စားကြကုန်၏၊ ထိုအပြုအမူအားလုံးပင် လူကြီးသူမတို့၏ အပြုအမူ မဟုတ်ရကား လူတို့ ကဲ့ရဲ့ကြသောကြောင့်—[၁]
“န ဟတ္ထ နိလ္လေဟကံ...၊
ပတ္တနိလ္လေဟကံ...၊
န ဩဋ္ဌနိလ္လေဟကံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ် ၃-ပါးကို ပညတ်တော်မူရလေသည်။
မြန်မာပြန်
[ပြင်ဆင်ရန်]“လက်ကိုလျက်၍...
သပိတ်ကိုခြစ်၍...
နှုတ်ခမ်းကို လျက်၍ မစားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။
ဤသိက္ခာပုဒ်များအရ ကပ်နေသော ဆွမ်းစ ဟင်းစကို နှမြောသော အနေဖြင့် လက်ဝါးကိုဖြစ်စေ လက်ချောင်းကို ဖြစ်စေ လျှာဖြင့် မလျက်ရ၊ လက်ချောင်းဖြင့် တို့၍ ကော်၍ စားရသော နို့ဃနာ သကာရည်စသည်ကို စားရာ၌ကား လက်ကို လျက်သော်လည်း အာပတ်မသင့်’ဟု အဋ္ဌကထာ ဆို၏၊ ထိုသို့ ကော်ယူ၍ စားရာ၌ လက်ချောင်းသည် ခံတွင်းထဲသို့ ရောက်သွား၏၊ ထိုသို့ရောက်သွားသော်လည်း “သဗ္ဗဟတ္ထ မုခပက္ခိပန” သိက္ခာပုဒ်ဖြင့် အာပတ်မသင့်ဟု ဝိမတိဋီကာဆိုသည်။ [ဝိမတိ၌ “ယာဂုပြစ်” စသည်ကို စားရာဝယ် သပိတ်ကို လက်ဖြင့် ခြစ်ကောင်း, နှုတ်ခမ်းကို လျှာဖြင့် လျက်ကောင်း၏”ဟု ဆိုထားသေးသည်ကို စဉ်းစားသင့်၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။