ရဟန်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ရဟန်း[ပြင်​ဆင်​ရန်​]

ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံတွင် တပေါင်းပွဲတော်တွင် ရဟန်းသံဃာတော်များအား လှူဒါန်းနေပုံ

ရဟန်းဟူသော အမည်သည် အရဟန္တပါဠိမှ ဖြစ်လာသော ရဟန္တာကို အတိုချုပ်ခေါ်သော အမည်ဖြစ်ဟန်တူသည်။ သို့ရာတွင် ဘိက္ခု၊ သမဏ၊ ပဗ္ဗဇ္ဇိတ စ သော ပါဠိတို့ကို ပြန်ဆိုထားသော မြန်မာအမည်လည်း ဖြစ်၏။ အသုံးအစွဲလည်း များလှသည်။ ပဗ္ဗဇ္ဇလေးမျိုးမှလာသော အလုံးစုံသော ရဟန်းနှင့် ဥပသမ္ပဒါလေးမျိုးမှလာသော အလုံးစုံသောရဟန်းနှင့် ဥပသမ္ပဒါ ရှစ်မျိုးမှလာသော အလုံးစုံသောရဟန်းကို ရသည်။ ( ပဗ္ဗဇ္ဇမင်္ဂလာ ။)

ရဟန်းဟူသည် - တရားကို ကောင်းစွာကျင့်ခြင်း ၊ မှန်စွာကျင့်ခြင်း ၊ ကုသိုလ်ပြုခြင်းသည် ကောင်း၏၊ကောင်းမှုပြုခြင်းသည် ကောင်း၏၊ မညှင်းဆဲခြင်းသည်ကောင်း၏၊ သတ္တဝါတို့ကို သနားခြင်းသည် ကောင်း၏ ဟု နှလုံးသွင်း ကျင့်နေသူ ဖြစ်သည်။ [၁] သာမဏေရ ပဗ္ဗဇ္ဖ လို့ အခေါ်ပြောင်းလိုက်လျှင် - လွတ်မြောက်အောင်ကျင့်နေသူ ၊ အနှောင်အဖွဲ့ကင်းသူ၊ (တဏှာကင်းအောင် ကြိုးစားနေသူ ) ဖိအားကင်းအောင်နေသူ၊ ငြိမ်းချမ်းအောင်နေသူဟု အဓိပ္ပါယ်ရသည်။


ဗုဒ္ဓသာသနာတွင်း ရဟန်း( သံဃာ ) နှင့် သာသနာပ ရဟန်း နှစ်မျိုးလုံးနှင့်လည်း ဆက်ဆံသည်။ ထိုသို့ ဆက်ဆံသော်လည်း ပဗ္ဗဇ္ဇလေးမျိုးမှလာသော ရဟန်တို့တွင် ဘိက္ခုပဗ္ဗဇ္ဇမှ လာသော ရဟန်းနှင့် သာမဏေရ ပဗ္ဗဇ္ဇမှ လာသော ရဟန်းကား ဗုဒ္ဓ သာသနာတွင်း ရဟန်းသာ ဖြစ်သည်။ ဣသိပဗ္ဗဇ္ဇမှ လာသော ဗုဒ္ဓသာသနာတွင်းနှင့် သာသနာပနှစ်မျိုးလုံး ရဟန်းဖြစ်သည်။ ဥပသမ္ပဒါ ရှစ်မျိုးမှလာသော ရဟန်းကား ဗုဒ္ဓသာသနာတွင်း ရဟန်းသာ ဖြစ်သည်။ ရဟန်းသာမဏေများ သင်ကြား လေ့ကျင့်ရမည့်တရားများမှ ၇၅-မျိုး သိက္ခာပုဒ်များကိုလည်း စောင့်ရှောက် ထိန်းသိမ်း၍ နေရသည်။


ရဟန်း ၈-မျိုး[ပြင်​ဆင်​ရန်​]

သာသနာ့ဝန်ထမ်း ရဟန်းဘဝနှင့် စပ်၍ ရဟန်းရှစ်မျိုးရှိကြောင်းကို ဦးစွာသိအပ်ပေ၏။
၁။ ဧဟိဘိက္ခူပသမ္ပဒါ-ဗုဒ္ဓက ရဟန်း လာလော့-ဟုခေါ်ကာမျှဖြင့် ဖြစ်လာရသော ရဟန်း။( အရှင်သာရိပုတ္တရာ စသည် )
၂။ သရဏဂမနူပသမ္ပဒါ-သရဏဂုံ ဆောက်တည်ကာမျှဖြင့် ဖြစ်လာသောရဟန်း။( ဘုရားဖြစ်ခါစ ရှေးပိုင်းရဟန်းများ )
၃။ ဩဝါဒပဋိဂ္ဂဟဏူပသမ္ပဒါ-ဗုဒ္ဓ၏ ဩဝါဒကို ခံယူကာမျှဖြင့် ဖြစ်လာသော ရဟန်း။( အရှင်မဟာကဿပ )
၄။ ပဥှာဗျာကရဏူပသမ္ပဒါ-ပြဿနာ ဖြေဆိုကာမျှဖြင့်ဖြစ်လာသောရဟန်း။( အရှင်သောပါက )
၅။ အဋ္ဌဂရုဓမ္မ ပဋိဂ္ဂဟဏူပသမ္ပဒါ-ဂရုဓမ်ရှစ်ပါး ခံယူကာမျှဖြင့် ဖြစ်လာသော ရဟန်း။( အရှင်မ မဟာပဇာပတိဂေါတမီ )
၆။ ဒူတေနူပသမ္ပဒါ-တဆင့်ခံ တမန်ဖြစ်လာသော ရဟန်း။( အရှင်မ အဎ္ဍကာသီ )
၇။ အဋ္ဌဝါစီကူပသမ္ပဒါ-ရဟန်း၊ ရဟန်းမ၊ နှစ်ဖက်သံဃာမှ ဉတ္တိစတုတ္ထကံ နှစ်မျိုးဖြင့် ဖြစ်လာသော ရဟန်း။( အခြားရဟန်းမများ )
၈။ ဉတ္တိစတုတ္ထကမ္မူပသမ္ပဒါ-ဉတ္တိစတုတ္ထကံဖြင့် ဖြစ်လာသော ရဟန်း။( အရှင်ရာဓ-မှစ၍ မျက်မှောက်ခေတ်အထိ ရဟန်းများ )
ထို ၈-မျိုးတို့တွင် ၁၊ ၃ ၊ ၄၊ ၅ တို့သည် ဗုဒ္ဓကိုယ်တော်တိုင် ရဟန်းပြုပေးသော ရဟန်း အမျိုးအစားများ ဖြစ်ကြသည်။


ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံတွင် တပေါင်းပွဲတော်ကို ကျင်းပနေပုံ
တပေါင်းပွဲတော်ကို ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံတွင် ကျင်းပနေပုံ

ယင်း ဥပသမ္ပဒါရှစ်မျိုးကား အောက်ပါအတိုင်း ဖြစ်သည်။ (၁) ဧဟိဘိက္ခူပသမ္ပဒါ-မြတ်စွာဘုရားက ရဟန်းလောင်းအား ရဟန်းလာလှည့်၊ ဝဋ်ဆင်းရဲအဆုံးကိုပြုခြင်းငှာ မြတ်သော အကျင့်ကို ကောင်းစွာကျင့်လှည့်ဟု ခေါ်တော်မူသော စကားမျှ ဖြင့် ဖြစ်သော ရဟန်း၊ (ဧဟိဘိက္ခုရဟန်းများ)၊ ( ဧဟိ ဘိက္ခု ။) (၂) သရဏဂမဏူပသမ္ပဒါ-ဗုဒ္ဓံသရဏံ ဂစ္ဆာမိ စသော သရဏဂုံသုံးပါးကို ခံယူဆောက်တည်ကာမျှဖြင့် ဖြစ်သော ရဟန်း၊(ဉာာတ်ကမ္မဝါ မပေါ်မီက ခွင့်ပြု သောရဟန်း)၊ ( သရဏဂုံ။) (၃) 0x100သဝါဒပဋိဂ္ဂဟဏူပသမ္ပဒါ-မြတ်စွာဘုရားက ဤပုံ ဤနည်း ကျင့်ရမည်ဟု ပေးထားသော အဆုံးအမ 0x100သဝါဒကို လိုက်နာခံယူကာမျှဖြင့် ဖြစ်သောရဟန်း၊ (အရှင်မဟာကဿပ) (၄) ပဥ|ာဗျာကရဏူပသမ္ပဒါ-မြတ်စွာဘုရား၏ အမေး တော်ကို ဖြေဆိုကာမျှဖြင့် ဖြစ်သောရဟန်း၊ (ရှင်သောပါက) (၅) ဂရုဓမ္မ ပဋိဂ္ဂဟဏူပသမ္ပဒါ-ဂရုဓံတရားရှစ်ပါးကို တစ်သက်လုံး ကောင်းစွာကျင့်ပါမည်ဟု ဝန်ခံကာမျှဖြင့် ဖြစ် သောရဟန်း၊ (မိထွေးတော်ဂေါတမီ) (ဂရုဓံတရားရှစ်ပါးကား (၁)ရဟန်း ဝါတော် တစ်ရာ ရှိပြီးသော ရဟန်းမိန်းမ(ဘိက္ခုနီ) သည် ယနေ့ ဖြစ်သစ်စရဟန်း ယောကျာ်းငယ်အား ရှိခိုးခြင်း၊ ခရီးဦး ကြိုဆိုခြင်း၊ လက်အုပ်ချီခြင်းအမှုကို ပြုရခြင်း၊ (၂) ရဟန်း မိန်းမသည် ရဟန်းယောကျာ်းနှင့် ကင်းကွာသောကျောင်း၌ ဝါမဆို ဝါမကပ်ရခြင်း၊ (၃) ရဟန်းမိန်းမသည် လခွဲတိုင်း လပြည့်လကွယ် အဖိတ်နေ့၌ ရဟန်းယောကျာ်းများထံ သွား၍ ဤဥပုသ်သည် တစ်ဆဲ့လေးရက် ဥပုသ်လော၊ တစ်ဆဲ့ငါးရက် ဥပုသ်လောဟု ဥပုသ်ကို မေးမြန်းရခြင်းနှင့် ဥပုသ်နေ့ ဥပုသ် မပြုမီ ရဟန်းမိန်းမတစ်ဦးကို ရဟန်းယောကျာ်းများထံ စေ လွှတ်၍ ရဟန်းမိန်းမများ 0x100သဝါဒခံယူရန် တောင်းပန်ရခြင်း၊ (၄) ရဟန်းမိန်းမသည် ဝါကျွတ်သောအခါ ရဟန်းမိန်းမ သံဃာနှင့် ရဟန်းယောကျာ်းသံဃာ နှစ်ပါးစုံ၌ ပဝါရဏာ ပြုရခြင်း၊ (၅) သံဃာဒိသေသိ အာပတ်သင့်သော ရဟန်းမိန်းမ သည် ရဟန်းမိန်းမသံဃာနှင့် ရဟန်းယောကျာ်းသံဃာ နှစ်ပါး စုံ၌ လခွဲပတ်လုံး မာနတ်ကျင့်ရခြင်း၊ (၆) ရဟန်းမိန်းမလောင်း သေက္ခမာန်မသည် နှစ်နှစ်ပတ်လုံး ကျင့်ဝတ်တရား ခြောက်ပါး ကို ကျင့်ပြီးမှ ရဟန်းမိန်းမ သံဃာနှင့် ရဟန်းယောကျာ်းသံဃာ နှစ်ပါးစုံ၌ ရဟန်းခံရခြင်း၊ (၇) ရဟန်းမိန်းမသည် မည်သည့် ပရိယာယ် တစ်စုံတစ်ရာ မျှဖြင့် ရဟန်းယောကျာ်းကို မဆဲရေး ရ၊ မရေရွတ်ရ၊ (၈) ရဟန်းမိန်းမသည် ရဟန်းယောကျာ်းအား မဆုံးမရ၊ ရဟန်းယောကျာ်း၏ အဆုံးအမကိုသာ လိုက်နာ ရမည်။) (၆) ဒူတေနူပသမ္ပဒါ.တမန်စေလွှတ်ကာမျှဖြင့် ဖြစ် သော ရဟန်း၊ (ပြည့်တန်ဆာမ-အဎ္0x046ကာသိကာ) (၇) အဋ္ဌဝါစီ ကူပသမ္ပဒါ.ရဟန်းမိန်းမသသံဃာ၌ ဉာာတ်တစ်ကြိမ်တမ္မဝါ သုံးကြိမ်အားဖြင့် လေးကြိမ်၊ ရဟန်း ယောကျာ်း သံဃာ၌ ဉာာတ်တစ်ကြိမ်၊ ကမ္မဝါသုံးကြိမ် အားဖြင့် လေးကြိမ်၊ ဤသို့ ဉာာတ်-ကမ္မဝါရှစ်ကြိမ် ရွတ်ဖတ်ခြင်းဖြင့် ဖြစ်သော ရဟန်း၊ (ရဟန်း မိန်းမများ) (၈) ဉာာတ္တိ စတုတ္ထ ကမ္မူပ သမ္ပဒါ ရဟန်းယောကျာ်း သံဃာ၌ ဉာာတ်တစ်ကြိမ်၊ ကမ္မဝါသုံးကြိမ် အားဖြင့် လေးကြိမ်ရွတ်ဖတ်ခြင်းဖြင့် ဖြစ်သော ရဟန်း (ရဟန်း ယောကျာ်းများ) ထိုဥပသမ္ပဒါ ရှစ်မျိုးတို့တွင် ဧဟိဘိက္ခူပသမ္ပဒါ၊ သရဏဂမဏူပ သမ္ပဒါ၊ 0x100သဝါဒပဋိဂ္ဂဟဏူပ သမ္ပဒါ၊ ပဥ|ာဗျာကရဏူပ သမ္ပဒါ၊ ဉာာတ္တိစတုတ္ထ ကမ္မူပသမ္ပဒါ၊ ဤငါးမျိုးကား ရဟန်း ယောကျာ်းများနှင့်သာ သက်ဆိုင်သည်။ ဂရုဓမ္မပဋိဂ္ဂဟဏူပမ္ပဒါ၊ ဒူတေနူပ သမ္ပဒါ၊ အဋ္ဌဝါစိကူပ သမ္ပဒါ၊ဤသုံးမျိုးကား ရဟန်း မိန်းမများနှင့်သာ သက်ဆိုင်သည်။ အထူးအားဖြင့် ရဟန်း ယောကျာ်းများနှင့် သက်ဆိုင်သော ဥပသမ္ပဒါ ငါးမျိုးတွင် လည်း ရှေ့လေးမျိုးကား မြတ်စွာဘုရားလက်ထက်၌သာ ဖြစ် သောကြောင့်၎င်း၊ ရဟန်းမိန်းမများနှင့် သက်ဆိုင်သော ဥပသမ္ပဒါ သုံးမျိုးသည်လည်း ယခုအခါ ရဟန်းမိန်းမများ မရှိ သောကြောင့်၎င်း ရဟန်းယောကျာ်းများနှင့် သက်ဆိုင်သော ပဉ္စမမြောက် ဉာာတ္တိစတုတ္ထကမ္မူပသမ္ပဒါဖြင့်ဖြစ်သော ရဟန်းများ သာ ကျန်ရှိတော့သည်။သို့အတွက် ယခုအခါ ရဟန်းခံကြသည် ကား ဉာာတ္ထိစတုတ္ထ ကမ္မူပသမ္ပဒါဖြင့်သာ ရဟန်းခံကြရသည်။ ရဟန်းခံဆိုသည်မှာလည်း သိမ်တွင်း၌ ငါးပါး၊ ငါးပါး ထက်လွန်သော သံဃာစည်းဝေး၍ ရဟန်းလောင်းအား မြတ်စွာ ဘုရား ခွင့်ပြုပညတ်ထားသော သိက္ခာပုဒ်တို့ကို စောင့်ရှောက် ထိန်းသိမ်းရန် တာဝန်ပေးအပ်ကာ သံဃဘောင်သို့ သွင်းခြင်းကို ဉာာတ်ကမ္မဝါရွတ်ဖတ်၍ သံဃာအား သဘောတူ၊ မတူ ပန်ကြား လျှောက်ထားရာ၊ ကန့်ကွက်သူရှိလျှင် ကံပျက်၍ ရဟန်းမဖြစ် ဘဲ၊ ကန့်ကွက်သူမရှိလျှင် သဘောတူ သံဃဆန္ဒဖြင့် ရဟန်း အဖြစ်သို့ ရောက်သည်။ ရဟန်းခံခြင်း၏ အဓိကရည်ရွယ်ချက် မှာလည်း ဝဋ်ဆင်းရဲကုန်ဆုံးရာ အရဟတ္တဖိုလ် နိဗ္ဗာန်သို့ ဆိုက် ရောက်ရန် ဖြစ်လေသည်။ ထိုရဟန်းမိန်းမ(သီလရှင်) ကား မြတ်စွာဘုရား လက်ထက် တော် ကပင် ရှိခဲ့၏။ မိထွေးတော် ဂေါတမီသည် သာကီဝင် မင်းသမီး ငါးရာ နှင့်တကွ ရှေးဦးစွာ ရဟန်းပြု၏။ နောက် အဆင့်ဆင့် ပွားများလာ ၍ သာသနာ တော်တွင် ရဟန်းမိန်းမ သာသနာ ရဟန်းမိန်းမသံဃာဟု သီးခြားဖြစ်လာသည်။ ထိုစဉ်အခါက မဇ္ဈိမဒေသတွင် ရဟန်းမိန်းမတို့သည် အလွန်များကုန်၏။

ရဟန်းဖြစ်ထိုက်သော အင်္ဂါ[ပြင်​ဆင်​ရန်​]

ရဟန်းတပါး ဖြစ်မြောက်ရန် ဉတ္တိစတုတ္ထကံကို နည်းလမ်းတကျ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့ လိုအပ်၏။ ယင်းသို့ ဉတ္တိစတုတ္ထကံ အောင်မြင်ရန်- ၁။ ဝတ္ထု-ရဟန်းလောင်း။
၂။ ဉတ္တိ-ဉတ်။ ( ကမ္မဝါစာ နိဒါန်း )
၃။ သီမာ-သိမ်။
၄။ အနုဿာဝန-ကမ္မဝါစာ။
၅။ ပရိသာ-ပရိသတ်။ ( ကံဆောင်သံဃာ ) ( ဝတ်-ဉတ်-သိမ်-ကံ၊ ပရိသာ၊ ငါးဖြာ သမ္ပတ္တိ ။)
ဟူသော အင်္ဂါငါးပါး ညီညွတ်ပြည့်စုံဖို့ လိုအပ်၏။

ယင်းငါးပါး ညီညွတ်ပြည့်စုံမှ ဉတ္တိစတုတ္ထကံ အောင်မြင်၍ ရဟန်းဖြစ်နိုင်၏။ ထို့ကြောင့် ( သိက္ခာတင် ပဉ္စင်္ဂ ) ဟု ဆိုကြသည်။ သိက္ခာတင်-( ရဟန်းခံ) ရာ၌ အင်္ဂါငါးပါး ရှိ၏ဟု ဆိုလိုသည်။

ထိုတွင် ဝတ္ထုအရ ရဟန်းလောင်းသည် ယောကျာ်းစစ် ဖြစ်ရခြင်း၊
အသက် ၂၀-ပြည့်ရခြင်း၊
တိတ္ထိ ( ဒိဋ္ဌိအယူရှိသူ ) မဟုတ်ရခြင်း၊
ပဉ္စာနန္တရိယ ကံကြီးများ ကျူးလွန်ထားသူ မဟုတ်ခြင်း-စသော အင်္ဂါတို့နှင့် ညီညွတ်သူ ဖြစ်ရ၏။

ဉတ္တိအနုဿာဝနတို့အရ ဉတ်ကမ္မဝါစာကို ဌာန်၊ ကရိုဏ်း၊ ပယတ်၊ သိထိလ၊ ဓနိတ ပီသစွာ မှန်မှန်ကန်ကန် ရွတ်ဖတ်နိုင်ရ၏။
သီမာ-အရ သိမ်သည် အောင်အောင်မြင်မြင် သမုတ်ခဲ့သော သိမ်ကောင်းဖြစ်ရ၏။
ပရိသာ-အရ ကံဆောင်သံဃာသည် အနည်းဆုံး ရဟန်းစစ်စစ် ငါးပါးရှိရ၏။
( မဇ္ဈိမဒေသဖြစ်လျှင် ၁၀-ပါးရှိရ၏။ ယင်းသံဃာတော်များက စုပေါင်းညီညာ ဆောင်ရွက်ကြရ၏။ )


သံဃာက ရဟန်းခံပေးရာ၌လည်း လူမြင်တိုင်း ရဟန်းခံ ပေးရသည်မဟုတ်။ အပြစ်ဒေါသ လွတ်ကင်း စင်ကြယ်၍ အသက်နှစ်ဆယ်ပြည့်သော သူကိုသာ ရဟန်းခံပေးရသည်။ (၁) ပဏ္ဍက--ပဏ္ဍုတ်၊ ဖိုမလိင်အင်္ဂါ ထင်ရှားမရှိသောသူ၊ (၂) ထေယျသံဝါသက--ကိုယ်တိုင် သင်္ကန်းဝတ်၍ ရဟန်းအသွင်ကို ခိုးယူသောသူနှင့် ရဟန်းစစ်မဟုတ်ဘဲလျက် ရဟန်းစစ်ယောင် ရဟန်းစစ်တို့နှင့် ပေါင်းသင်းနေထိုင်သူ၊ (၃) တိတ္ထိယပက္ကန္တက --ရဟန်းစစ်ဖြစ်လျက် ရဟန်းဘောင်မှ စွန့်ခွာ၍ တိတ္ထိဘောင် သို့ ဝင်ကာ ရဟန်းခံသောသူ၊ (၄) တိရစ္ဆာန-ဗြဟ္မာ၊ နတ်၊ ဂဠုန်၊ နဂါး စသော တိရစ္ဆာန်၊ (၅) မာတုဃာတက--အမိ ရင်းကို သတ်သောသူ၊ (၆) ပိတုဃာတက--အဘရင်းကို သတ် သောသူ၊ (၇) အရဟန္တဃာတက--ရဟန္တာကို သတ်သောသူ၊ (၈) လောဟိတုပ္ပါဒက--မြတ်စွာဘုရားအား သွေးစိမ်းတည် အောင်၊ သွေးခြည်အုအောင် ပြုသောသူ၊ (၉) သံဃဘေဒက --သံဃာကို ဝိနည်းကံဖြင့် ဂိုဏ်းခွဲသောသူ၊ (၁ဝ) ဘိက္ခုနီ ဒူသက--ရဟန်းမိန်းမကို ပေါင်းဖော်ဖျက်ဆီးသောသူ၊ (၁၁) ဥဘတောဗျဉ္စနက--ဖိုမလိင်အင်္ဂါ နှစ်မျိုးပါရှိသောသူ၊ ဤသူ တစ်ကျိပ်တစ်ယောက်တို့ကား အပြစ်မလွတ်ကင်း၊ မစင်ကြယ် သော အဘဗ္ဗ ပုဂ္ဂိုလ်များဖြစ်၍ ရဟန်းမခံထိုက်၊ ရဟန်းခံ မပေးရ။ သံဃာက မသိ၍၎င်း သိလျက်နှင့်၎င်း ရဟန်းခံပေး သော်လည်း ရဟန်းမဖြစ်။

အပြစ်ဒေါသ လွတ်ကင်း၍ စင်ကြယ်သော ပုဂ္ဂိုလ်ပင် ဖြစ်သော်လည်း ရဟန်းခံရာ၌ (၁) ဝတ္ထုသမ္ပတ္တိ -အဘဗ္ဗပုဂ္ဂိုလ် တစ်ကျိပ်တစ်ယောက်မှ လွတ်ကင်း၍ အသက်နှစ်ဆယ်ပြည့် သဖြင့် ရဟန်းလောင်း၏ ပြည့်စုံခြင်း၊ (၂) သီမသမ္ပတ္တိ-- သိမ်၏ ပြည့်စုံခြင်း၊ (၃) ဉာာတ္တိသမ္ပတ္တိ--ဉာာတ်၏ ပြည့်စုံခြင်း၊ (၄) အနုသာဝန သမ္မတ္တိ--ကမ္မဝါ၏ ပြည့်စုံခြင်း၊ (၅) ပရိသ သမ္ပတ္တိ--ရဟန်းစစ် ငါးပါး၊ ငါးပါးထက်အလွန်ရှိသဖြင့် ပရိသတ်၏ ပြည့်စုံခြင်းဟူ၍ အင်္ဂါငါးပါးရှိသည်။ ထိုအင်္ဂါ ငါးပါးနှင့် ပြည့်စုံမှ ရဟန်းဖြစ်သည်။ ထိုအင်္ဂါ ငါးပါးနှင့် ပြည့်စုံခြင်းဟူ၍ အင်္ဂါငါးပါးရှိသည်။ ထိုအင်္ဂါငါးပါးနှင့် ပြည့်စုံမှ ရဟန်းဖြစ်သည်။ ထိုအင်္ဂါငါးပါး နှင့် ပြည့်စုံခြင်းကို အကြောင်းပြု၍ ရဟန်းကိုပင် ပဉ္စင်းဟု ခေါ်ဆိုကြပြန်သည်။ ရဟန်းဖြစ်ကြရာ၌ ကောဏ္ဍညထေရ်သည် ဤဘုရားသာသနာ၌ အစအဦးဆုံး ရဟန်းဖြစ်သော ပုဂ္ဂိုလ်တည်း။

ရဟန်းများမှာ (၁) ကျောင်း၊ (၂) သင်္ကန်း၊ (၃) ဆွမ်း၊ (၄) ဆေးဟူ၍ မှီရာပစ္စည်း လေးပါးရှိသည်။ ထိုပစ္စည်းလေးပါး ကိုမှီ၍ သာသနာ၌ ရှည်မြင့်စွာ တရားအားထုတ်နိုင်သည်။ ထိုပြင့် (၁) ခါးဝတ်သင်းပိုင် သင်္ကန်း၊ (၂) ကိုယ်ဝတ်ဧကသီ သင်္ကန်း၊ (၃) နှစ်ထပ်ဒုကုဋ်သင်္ကန်းကြီး (၄) သပိတ်၊ (၅) ပဲခွပ်၊ သို့မဟုတ် သင်ဓုန်းထား၊ (၆) အပ်၊ (၇) ခါးပန်းကြိုး၊ (၈) ရေစစ်-ဓမကရိုဏ်ဟူ၍ ပရိက္ခရာရှစ်ပါးရှိသည်။ ( ပရိက္ခရာ။) ထိုပရိက္ခရာ ရှစ်ပါးကို သုံးဆောင်ကာနေထိုင်ရသည်။ ထိုပြင် (၁) ရဟန်းယောကျာ်း၊ (၂) ရဟန်းမိန်းမ၊ (၃) သာမဏေယောကျာ်း၊ (၄) သာမဏေမိန်းမ၊ (၅) ရဟန်းမိန်းမ လောင်း သေက္ခမာန်မဟူ၍ သီတင်းသုံးဖော် ငါးဦးရှိသည်။ ထိုသီတင်းသုံးဖော် ငါးဦးတို့ တစ်ဦးကို တစ်ဦး အမှီပြုကာ နေထိုင်ရသည်။ ယခုအခါ ရဟန်းယောကျာ်းနှင့် သာမဏေ ယောကျာ်းနှစ်ဦးသာ ရှိတော့သည်။

ထို့ပြင် ရဟန်းများ၏ ကျင့်ဝတ်သိက္ခာပုဒ်မှာလည်း အကျဉ်းချုပ်အားဖြင့် ရဟန်းယောကျာ်းများအတွက် နှစ်ရာ နှစ်ဆယ် ခုနစ်ပါး၊ ရဟန်းမိန်းမများအတွက် သုံးရာတစ်ဆဲ့ တစ်ပါး၊ အကျယ်အားဖြင့် နေ-နတ်-ဦး-တိုင်-၈-နိုင်-မိုး- နံ-ဟုန်-ယာဉ်-ဈာန်၊ မှတ်ရန် သိက္ခာဂဏန်းတည်း။ဟု ရှေးဆရာကြီးများ စပ်ဆိုထားသည့် ပဋိလောမအားဖြင့် ကောက်ယူရသော ပိဋကတ် သင်္ချာ လင်္ကာအရ ကုဋေ ကိုးထောင်-တစ်ရာ-ရှစ်ဆယ်-ငါးသန်း-သုံးသောင်း-ခြောက် ထောင် အရေအတွက်ရှိသည်။ ထိုသိက္ခာပုဒ်များကို စောင့် ရှောက် ထိန်းသိမ်း၍ နေရသည်။

ထို့ပြင် ရဟန်းများမှာ (၁) ဂန္ထဓုရ-ဘုရားဟော ပိဋကတ် ကျမ်းဂန်တို့ကို သင်အံ ပို့ချ ကြည့်ရှု မှတ်သားဆောင်ရွက်ခြင်း၊ (၂) ဝိပဿနာဓုရ-သမထဘာဝနာ၊ ဝိပဿနာ ဘာဝနာကို အားထုတ်ကြိုးစား ပွား များခြင်းဟူ၍ အမြဲမပြတ် လုပ်အပ် သော လုပ်ငန်းနှစ်မျိုးသာ ရှိသည်။ ထိုနှစ်မျိုးသော လုပ်ငန်းမှ အလွတ်ဖြစ်သော လုပ်ငန်းများကား ရဟန်းများနှင့် မသက် ဆိုင်။ သာသနာပြင်ပ ဗာဟိရလုပ်ငန်းများသာ ဖြစ်သည်။ ထို့ပြင် ကမ္ဘာလောကကြီးတစ်ခုလုံး၌ အရောင်အဝါကို ပေးတတ်သော နေ၊ လ တို့သည် (၁) မိုးတိမ်၊ (၂) ဆီးနှင်း၊ (၃) မီးခိုးနှင့် မြူ၊ (၄) ရာဟု ဤ အညစ်အကြေးလေးပါး တို့နှင့် တွေ့ကြုံသောအခါ အရောင်အဝါ မထွန်းလင်းနိုင်ကုန်၊ မတောက်ပနိုင်ကုန်၊ မတင့်တယ်နိုင်ကုန်သကဲ့သို့၊ ထို့အတူ ရဟန်းပုဏ္ဏားတို့သည်လည်း (၁) သေအရက်သောက်ခြင်း၊ (၂) မေထုတ်မှီဝဲခြင်း၊ (၃) ရွှေငွေကို သာယာကိုင်ခံခြင်း၊ (၄) မှားယွင်းစွာအသက်မွေးမြူခြင်းဤအညစ်အကြေးလေးပါးတို့နှင့် တွေ့ကြုံသောအခါ သီလရောင်၊ သမာဓိရောင်၊ ပညာ ရောင်တည်းဟူသော အရောင်အဝါတို့သည် မထွန်းလင်းနိုင် ကုန်။ မတောက်ပနိုင်ကုန်။ မတင့်တယ်နိုင်ကုန်။ ထို့ကြောင့် ရဟန်းပုဏ္ဏားတို့သည် ယင်းအညစ်အကြေး လေးပါးတို့နှင့် ကင်းလွတ်အောင် စောင့်ရှောက်နေထိုင်ကြရသည်။ [၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ဒီဃနိကာယ် ၊မဟာဝဂ် ၊ မဟာပဒါနသုတ်
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)