အင်္ဂုလိပတောဒကသိက္ခာပုဒ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အမှု—ကလိထိုး၍ ကစားမှု။
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
သတ္တရသဝဂ္ဂီနှင့် ဆဗ္ဗဂ္ဂီ
[ပြင်ဆင်ရန်]“သတ္တရသဝဂ္ဂီ”ဟု ခေါ်သော ရဟန်းကလေး ၁၇-ပါးသည် အသက် ၂၀ ပြည့်မှ ရဟန်း ပြုရမည်” သိက္ခာပုဒ် မပညတ်မီက ရဟန်းပြု နှင့်ကြသဖြင့် သူတို့ ရဟန်းပြချိန်မှာ ၇-နှစ် အလွယ်သာရှိကြသေး၏၊ ဆဗ္ဗဂ္ဂီရဟန်းတို့ကား အားအား ရှိလျှင် ထိုကိုယ်တော်ကလေးများကို ကျီစားလေ့ရှိကြ၏၊ အခါတပါး၌ သတ္တရသဝဂ္ဂီ ရဟန်းကလေးတပါးကို ဆဗ္ဗဂ္ဂီ ရဟန်းတို့က ဝိုင်း၍ ကလိထိုးပြီး (လက်ချောင်းတို့ဖြင့် ဂျိုင်းကြားစသည်ကို ထိုးပြီး) ရယ် အောင်ပြုကြလေရာ, ကိုယ်တော်ကလေးသည် အရယ်လွန်သဖြင့် မောဟိုက် ပင်ပန်းကာ အသက်ရှူကြပ်၍ သေရှာလေသည်၊ [ဥတ္တန္တော-အရယ်လွန်၍ ပင်ပန်းသည်၊ ဝါ-တက်သွားသည်၊ အနဿာသကော-ရှူသက် ရှိုက်သက် မရှိသည်၊ ဝါ-အသက် မရှူနိုင်သည်။ (ဟုတွာ) ကာလမကာသိ။] ထိုအကြောင်းကို ဘုရားရှင် ကြားတော်မူ၍-[၁]
“အင်္ဂုလိပတောဒကေ ပါစိတ္တိယံ-
ဟု ပညတ်တော်မူရလေသည်။ [အင်္ဂုလိ = လက်ချောင်းတို့ဖြင့်။ ပတောဒကေ-ဂျိုင်းကြား, ခါးစသော အရပ်တို့၌ ထိုး၍ ကစားခြင်း၊ ယခု ကာလ၌ “ဂျိုင်းကလိထိုးခြင်း = ကလိထိုးခြင်း”ဟု ခေါ်၏၊] မည်သည့်ကိုယ်အင်္ဂါမဆို ရဟန်းချင်း ကလိထိုး၍ ကစားလျှင် ပါစိတ် အာပတ်သင့်၏၊
လူဝတ်ကြောင် သာမဏေတို့ကို ကလိထိုး၍ ကစားလျှင်ကား ဒုက္ကဋ် အာပတ်သင့်သည်၊ ရဟန်းကိုဖြစ်စေ လူသာမဏေကိုဖြစ်စေ လက်ဖြင့်မဟုတ်ဘဲ တုတ်စသည်ဖြင့် ထိုး၍ ကစားလျှင်လည်း ဒုက္ကဋ်အာပတ်ပင်၊ ယခုကာလ၌ အမှတ်တမဲ့ ကစားတတ်ကြ၏, သတိပြုပါ။[၁]