အပ္ပသဒ္ဒသိက္ခာပုဒ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အပ္ပသဒ္ဒသိက္ခာပုဒ် ၂-ပါး (ဥဇ္ဇဂ္ဃိကဝဂ်)
အသံကျယ်စွာ စကားပြောခြင်း
[ပြင်ဆင်ရန်]ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ အသံကျယ်စွာ စကားပြော၍ သွားလာ နေထိုင်ကြကုန်၏။ [အသံကျယ်စွာ စကားပြောခြင်းလည်း ယဉ်ကျေးပြီးသူတို့၏ အပြုအမူ မဟုတ်၊ ယခုကာလ၌ပင် တောသူတောသားနှင့် မြို့သူမြို့သား စကားပြောပုံသည် အသံကျယ်—မကျယ်အားဖြင့် ကွဲပြားလျက်ရှိ၏။ ထို့ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့၏ အသံကျယ်စွာ စကားပြောမှုကို သာဝတ္ထိမြို့သူမြို့သားတို့က ကဲ့ရဲ့ရှုတ်ချ-အောက်တန်းစားတွေဟု အသိအမှတ်ပြုကြသောကြောင့်...[၁]
(က) “အပ္ပသဒ္ဒေါ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
(ခ) အပ္ပသဒ္ဒေါ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ် ၂-ပါးကိုဘုရားရှင် ပညတ်တော်မူရလေသည်။
မြန်မာပြန်
[ပြင်ဆင်ရန်]တိုးသောအသံ ရှိသည်ဖြစ်၍ (စကားပြောစရာ ရှိလျှင် တိုးတိုးသက်သာ ပြောလျက်) မြို့ရွာအတွင်း၌ သွားလာ-နေထိုင်မည်”ဟု အလေ့အကျင့်ကို ပြုရမည်။
၁၂-တောင်ကျယ်သောအိမ်ဝယ် မြောက်အစွန်၌ တပါး, တောင်အစွန်၌ တပါး, အလယ်အကြား ၆-တောင်ခန့်၌ တပါး ထိုင်နေရာ, မြောက်ဆုံး ပုဂ္ဂိုလ်က အလယ်ပုဂ္ဂိုလ်အား လှန်း၍ စကားပြောရာ၌ အလယ်ပုဂ္ဂိုလ်သာ စကားလုံးကို ကွဲကွဲ ပြားပြားကြားရ၍ တောင်ဆုံးပုဂ္ဂိုလ်က ကွဲကွဲပြားပြား မကြားရလျှင် ထိုအသံကို အပ္ပသဒ္ဓ = တိုးသောအသံဟု ဆိုရ၏၊ တောင်ဆုံး ပုဂ္ဂိုလ်ပါ ကွဲကွဲ ပြားပြားကြားရလျှင်ကား မဟာသဒ္ဒဖြစ်၍ အပြစ်ရှိသည်။
မှတ်ချက်
[ပြင်ဆင်ရန်]ဤသိက္ခာပုဒ်ကို ရဟန်းသာမဏေချင်း စကားပြောရာ၌သာ ပညတ်တော်မူလိုရင်း ဖြစ်ဟန်တူ၏။ လူများနှင့် စကားပြောရာ၌ကား (အထူးအားဖြင့် မိန်းမများနှင့် စကားပြောရာ၌) တိုးတိုး ပြောနေလျှင် အပြစ်တင်ဘွယ်ပင် ဖြစ်ရာ၏၊ တရားဟောရာ၌မူ အရှင်အာနန္ဒာ အရှင်မဟိန္ဒ စသော မထေရ်များပင် မြို့အတွင်း၌ ကျယ်စွာသောအသံဖြင့် ပရိသတ် ကြားလောက်အောင် ဟောတော်မူလေ့ရှိပေသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။