ကဏ္ဋကသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(ကဏ္ဍကသိက္ခာပုဒ် မှ ပြန်ညွှန်းထားသည်)

အမှု—မိစ္ဆာအယူ မစွန့်သော သာမဏေနှင့် ပေါင်းသင်း ဆက်ဆံမှု။

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။

ကဏ္ဋက သာမဏေ[ပြင်ဆင်ရန်]

ကဏ္ဋကမည်သော သာမဏေမှာလည်း အရိဋ္ဌရဟန်းကဲ့သို့ မိစ္ဆာအယူဖြစ်နေလေသည်၊ ထိုအယူကို မစွန့်သဖြင့် ထိုသာမဏေကိုလည်း သံဃာတော်က (အပေါင်း အသင်း မပြုရသောအားဖြင့်)” “ဖျက်ဆီးထားလေသည်၊ “ဖျက်ဆီး” ဆိုသည်ကား ယနေ့ကစ၍ သင်သည် ဘုရားရှင်ကို ဆရာဟု မညွှန်ပြနှင့်၊ (ဒီလို မိစ္ဆာအယူ ယူနေသူသည် ဘုရားရှင်၏ တပည့်မဖြစ်ထိုက်-ဟူလို၊) အခြား သာမဏေတို့သည် ရဟန်းတော်များနှင့် ၃-ညဉ့်အထိ တမိုးတရံ ထည်းသော ကျောင်း၌ အိပ်ခွင့်ရ၏၊ ထိုအခွင့်လည်း သင့်မှာမရနိုင်၊ အလကာ့ သာမဏေ ..... လေချင်ရာလေ လွင့်ချင်ရာ လွင့်ပါး၍ ပျက်ပြားလေတော့”ဟု ငေါက်ငန်း ပြောဆိုခြင်းတည်း။ [၁]


ဆဗ္ဗဂ္ဂီရဟန်းတို့ကား ဤသို့ဖျက်ဆီးထားသော သာမဏေမှန်း သိလျက် (သူတို့ဘက်သားဖြစ်အောင်) သပိတ်ပေး-စာပေပို့ချလုပ်၍ ဖြားယောင်း သွေးဆောင်ကြကုန်၏၊ ထိုသာမဏေ၏ အပြုအစုကိုလည်း ခံကြကုန်၏။ အာမိသသံဘောဂ ဓမ္မသံဘောဂ ၂-မျိုးကိုလည်း ပြုကြကုန်၏၊ တမိုးတရံထည်းသော ကျောင်း၌ အတူလည်း အိပ်ကြကုန်၏ ထိုအကြောင်းကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။ [သိက္ခာပုဒ် အဓိပ္ပါယ်လည်း ဝတ္ထုကြောင်းဖြင့် ထင်ရှားပြီ။][၁]

သိက္ခာပုဒ်[ပြင်ဆင်ရန်]

သမဏုဒ္ဒေသောပိ စေ ဧဝံ ဝဒေယျ ‘‘တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ, ယထာ ယေမေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ, တေ ပဋိသေဝတော နာလံ အန္တရာယာယာ’’တိ, သော သမဏုဒ္ဒေသော ဘိက္ခူဟိ ဧဝမဿ ဝစနီယော ‘‘မာဝုသော, သမဏုဒ္ဒေသ ဧဝံ အဝစ, မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ, န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ, န ဟိ ဘဂဝါ ဧဝံ ဝဒေယျ, အနေကပရိယာယေနာဝုသော, သမဏုဒ္ဒေသ အန္တရာယိကာ ဓမ္မာ အန္တရာယိကာ ဝုတ္တာ ဘဂဝတာ, အလဉ္စ ပန တေ ပဋိသေဝတော အန္တရာယာယာ’’တိ, ဧဝဉ္စ သော သမဏုဒ္ဒေသော ဘိက္ခူဟိ ဝုစ္စမာနော တထေဝ ပဂ္ဂဏှေယျ, သော သမဏုဒ္ဒေသော ဘိက္ခူဟိ ဧဝမဿ ဝစနီယော ‘‘အဇ္ဇတဂ္ဂေ တေ, အာဝုသော, သမဏုဒ္ဒေသ န စေဝ သော ဘဂဝါ သတ္ထာ အပဒိသိတဗ္ဗော, ယမ္ပိ စညေ သမဏုဒ္ဒေသာ လဘန္တိ ဘိက္ခူဟိ သဒ္ဓိံ ဒိရတ္တတိရတ္တံ သဟသေယျံ, သာပိ တေ နတ္ထိ, စရ ပိရေ, ဝိနဿာ’’တိ။ ယော ပန ဘိက္ခု ဇာနံ တထာနာသိတံ သမဏုဒ္ဒေသံ ဥပလာပေယျ ဝါ, ဥပဋ္ဌာပေယျ ဝါ, သမ္ဘုဉ္ဇေယျ ဝါ, သဟ ဝါ သေယျံ ကပ္ပေယျ, ပါစိတ္တိယံ။[၁]

မြန်မာပြန်[ပြင်ဆင်ရန်]

သာမဏေသည်လည်း ... ဤသို့ပြောဆိုအံ့၊ အဘယ်သို့ ပြောဆိုသနည်း၊ အကြင် မေထုန်အကျင့်တို့ကို နတ်ရွာ နိဗ္ဗာန် ဈာန်မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်ကုန်၏ဟူ၍ မြတ်စွာဘုရားသည် ဟောတော်မူအပ်ကုန်ပြီ၊ ထိုမေထုန်အကျင့်တို့ကို မှီဝဲသောရဟန်း၏ ထိုမေထုန်အကျင့်တို့သည် အကြင်သို့သော အပြားအားဖြင့် နတ်ရွာ၊ နိဗ္ဗာန် ဈာန်မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ကုန်၊ ထိုအပြားအားဖြင့် မြတ်စွာဘုရား ဟောထားတော်မူအပ်သော တရားကိုငါသိ၏၊ ဤသို့ပြောဆိုအံ့။

ထိုသာမဏေကို မြင်ကုန် ကြားကုန်သော ရဟန်းတို့သည် ဤသို့ ပြောဆိုလိုက်၏၊ (အဘယ်သို့ပြောဆိုထိုက်သနည်း)၊ ငါ့ရှင်သာမဏေ ဤသို့ မပြောပါနှင့်, မြတ်စွာဘုရားကို မစွပ်စွဲပါနှင့်, မြတ်စွာဘုရားကို စွပ်စွဲခြင်းသည် မကောင်းပါ, မြတ်စွာဘုရားသည် ဤငါ့ရှင်ပြောသည့် အတိုင်း မဟောတန်ရာပါ၊ ငါ့ရှင်သာမဏေ— ပရိယာယ်အမျိုးမျိုးဖြင့် အန္တရာယ်ကို ပြုတတ်ကုန်သော မေထုန်အကျင့်တို့ကို အန္တရာယ်ကို ပြုတတ်ကုန်၏ဟု ဟောတော်မူပါသည်၊ ထိုမေထုန်ကို မှီဝဲသော ရဟန်း၏ ထိုမေထုန်အကျင့်တို့သည် နတ်ရွာနိဗ္ဗာန် ဈာန်မဂ်ဖိုလိ၏ အန္တရာယ်ကို ပြုခြင်းငှါ စွမ်းနိုင်ကုန်သည်သာ၊ ဤသို့ ပြောဆိုထိုက်၏။ ဤသို့ ရဟန်းတို့က ပြောဆိုအပ်ပါလျက် ထိုသာမဏေသည် ရှေးနည်းအတိုင်း ချီးမြှောက်နေသေးအံ့၊ (အယူမစွန့်သေးအံ့)၊ ထိုသာမဏေကို ရဟန်းတို့သည် ဤသို့ ပြောဆိုထိုက်၏။ (အဘယ်သို့ ပြောဆိုထိုက်သနည်း)၊ ငါ့ရှင်သာမဏေ... ယနေ့ကစ၍ သင်သည် ထိုငါတို့ မြတ်စွာဘုရားကို ဆရာဟူ၍ မညွှန်ပြထိုက်တော့၊ သည်သာမကသေး သင်မှတပါးကုန်သော သာမဏေတို့သည် ရဟန်းတို့နှင့် တကွ ၂-ညဉ့်-၃ ညဉ့်ပတ်လုံး အကြင်အတူ အိပ်ခွင့်ကိုလည်း ရကြကုန်၏၊ ထို့အတူ အိပ်ခွင့်သည်လည်း သင့်အတွက်မှာ မရှိတော့ပြီ၊ ပြင်ပသူစိမ်း ဟဲ့လူပြိန်း... သွားလော့၊ တော်ရာချောင်ခြား ပျက်ပြား လေလော့”ဤသို့ ပြောဆိုထိုက်၏၊ အကြင်ရဟန်းသည် ထိုသို့ ဖျက်ဆီးအပ်ပြီးသော သာမဏေဟုသိလျက် ထိုဆိုအပ်ပြီးသောနည်းဖြင့် ဖျက်ဆီးအပ်ပြီးသော သာမဏေကို သွေးဆောင်မှုလည်း သွေးဆောင်အံ့၊ လုပ်ကျွေးမှုလည်း လုပ်ကျွေးစေအံ့၊ အာမိသဓမ္မ သံဘောဂကိုမူလည်း ပြုအံ့၊ သဟသေယျကိုမူလည်း ပြုအံ့၊ ထိုရဟန်းမှာ ပါစိတ်အာပတ်သင့်၏။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး