ဝဿိကသာဋိကသိက္ခာပုဒ်၊ ပတ္တဝဂ်

ဝီကီပီးဒီးယား မှ

ဝဿိကသာဋိသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိပါစိတ်အာပတ်တစ်ခု ဖြစ်၏။[၁]

သမိုင်း[ပြင်ဆင်ရန်]

မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူ၏။ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိုးရေခံသင်္ကန်းကို သုံးရန် ခွင့်ပြုတော်မူ၏။ ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် စောစောကပင် မိုးရေခံသင်္ကန်းကို ရှာကြကုန်၏။ စောစောကပင် ချုပ်ဆိုးကာ ဝတ်ကြ၏။ ထိုအခါ မိုးရေခံသင်္ကန်းသည် ဆွေးမြေ့သည့်အခါ အဝတ်မဆီးဘဲ ကိုယ်ကို မိုးစွတ်လေ၏။

ထိုအခါ အလိုနည်းသော ရဟန်းတို့သည် “အဘယ်ကြောင့် စောစောကပင် မိုးရေခံသင်္ကန်းကို ရှာကုန်ဘိသနည်း။ စောစောကပင် ချုပ်ဆိုး၍ ဝတ်ကုန်ဘိသနည်း။ မိုးရေခံသင်္ကန်း ဆွေးမြေ့လတ်သော် အဝတ်မဆီးဘဲ ကိုယ်ကို မိုးစွတ်စေကုန်ဘိသနည်း” ဟု ကဲ့ရဲ့၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထားကြ၏။

မြတ်စွာဘုရားသည် ဆဗ္ဗဂ္ဂီရဟန်းတို့အား “ဟုတ်မှန်ပါသလော” ဟု မေး၏။ ဆဗ္ဗဂ္ဂီရဟန်းတို့လည်း ဟုတ်မှန်ကြောင်း ဖြေကြား၏။ ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[၁]

သိက္ခာပုဒ်[ပြင်ဆင်ရန်]

“ရဟန်းသည် နွေလ၏ တစ်လ ကြွင်းကျန်သေးသည်ဟု မိုးရေခံ သင်္ကန်းကို ရှာရမည်။ နွေလတို့၏ လခွဲသည် ကြွင်းကျန်သေးသည်ဟု ချုပ်ဆိုး၍ ဝတ်ရမည်။ အကယ်၍ နွေလတို့၏ တစ်လကြွင်းကျန်သေးသည်ဟု ဤမှာဘက်အတွင်း၌ မိုးရေခံသင်္ကန်းကို ရှာငြားအံ့၊ နွေလတို့၏ လခွဲ ကြွင်းကျန်သေးသည်ဟု ဤမှာဘက် အတွင်း၌ ချုပ်ဆိုး၍ ဝတ်ငြားအံ့။ ထိုရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်