ဗုဒ္ဓဝင်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဘာသာတရား
ဗုဒ္ဓဘာသာ

Lotus-buddha.svg
သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (သီလရှင်)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်၀တ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့်သြကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ
ဓမ္မစကြာ
Paintings of Life of Gautama Buddha - Asalha Puja.jpg

ဗုဒ္ဓဝင် ဆိုသည်မှာဗုဒ္ဓ၏ ရာဇဝင်ကို ခေါ်ခြင်း ဖြစ်သည်။ Siddhārtha Gautama သိဒ္ဓတ္ထ ဂေါတမ (သက္ကတ- सिद्धार्थ गौतम; ပါဠိ- सिद्धाथ गोतम Siddhartha Gotama သိဒ္ဓတ္ထ ဂေါတမ) သည် ဗုဒ္ဓဘာသာ ကိုတည်ထောင်ခဲ့သော ဘာသာရေးဆိုင်ရာ အမြင့်မြတ်ဆုံးသော အဓိကပုဂ္ဂိုလ်မြတ်စွာဘုရားသခင် ဖြစ်သည်။ ဘီစီ ၆၂၃ (ခရစ်တော်မပေါ်မီ) ၂၆၀ဝ ကျော် တွင် ဗုဒ္ဓမြတ်စွာဘုရားသခင် ကိုမွေးဖွားခဲ့သည်။ ဗုဒ္ဓသည်အိန္ဒိယတိုက်တွင် ဗုဒ္ဓဝါဒ ဗုဒ္ဓဘာသာ ကို ဘီစီ ၅၈၈ တွင် စတင်တည်ထောင်ခဲ့သည်။ အရှေ့တိုင်းတွင် ဒဿနနှင့် ဆက်သွယ်သော အခြားသောဝါဒ ထူထောင်သူများ ဖြစ်သည့်ကွန်ဖြူးရှပ်(ဘီစီ ၅⁠၅၁-၄၇၉) ၊ လောင်ဇူ တို့ကဲ့သို့ ပုဂ္ဂိုလ်များ ပေါ်ထွန်းခဲ့သော်လည်း ဗုဒ္ဓ၏ဝါဒမှာ ထိုသူများ၏ဝါဒနှင့် သဘောသဘာဝအားဖြင့် များစွာ ကွာခြားလေသည်။ ဗုဒ္ဓ၏ဝါဒသည် အမြင့်မြတ်ဆုံးသောအမှန်တရားဖြစ်သည်။ ဗုဒ္ဓဘာသာသည် (ခရစ်တော်မပေါ်မီ) ဘီစီ ၅၈၈ တွင် စတင်ပေါ်ထွန်းခဲ့သည်။ [၁] [၂]

သိပ္ပံနည်းကျ ဗုဒ္ဓဘာသာ[ပြင်ဆင်ရန်]

ဗုဒ္ဓဘာသာတွင်အကြောင်းအရာတစ်ခုကိုလေ့လာရာ၌ နည်းစံနစ်ကျသည်။ သိပ္ပံနည်းကျသည်။ ဗုဒ္ဓ၏အဆုံးအမများနှင့် ဗုဒ္ဓဘာသာသည် သိပ္ပံနည်းကျ ဘာသာ အမှန်တရားနှင့် လက်တွေ့သဘာဝကျသည့် ဘာသာလည်း ဖြစ်သည်။ ဗုဒ္ဓဘာသာတွင် တပည့်တို့၏ဝတ္တရား၊ ဆရာတို့၏ဝတ္တရား၊ သားသမီးတို့၏ဝတ္တရား၊ မိဘတို့၏ဝတ္တရား စသည်တို့ရှိရာ ဆရာဝတ်တွင် အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ ဟုပါရှိသည်။ ၃၈ဖြာသောမင်္ဂလာတရားတော်တွင်လည်း အပြစ်ကင်းသော သိပ္ပ အတတ်ပညာတို့ကိုတတ်မြောက်ခြင်းသည်လည်း မင်္ဂလာ တစ်ပါးဟု အဆိုရှိပါသည်။

ဗုဒ္ဓသည် ထိုခေတ်က မင်းမျိုးဖြစ်သော ခတ္တိယမျိုးနွယ်မှဆင်းသက်လာခဲ့သည်။ ထိုခေတ်ကရှေးဟောင်း အိန္ဒိယလူမှု ဖွဲ့စည်းပုံတွင် ပုဏ္ဏားမျိုး(ဗြဟ္မဏ)၊မင်းမျိုး သို့မဟုတ် စစ်သားမျိုး (ခတ္တိယ)၊ကုန်သည်မျိုး(ဝဿ) နှင့်ဆင်းရဲသားမျိုး (သုဒ္ဓ)ဟူ၍ အမျိုးလေးပါးခွဲကာ ဇာတ်အနိမ့်အမြင့်ခွဲခြားမူ့ရှိခဲ့သည်။ ဗြာဟ္မဏတို့သည် ဝေဒကျမ်းလာဖန်ဆင်းရှင်ဖြစ်သော ဗြဟ္မာကို(ဂေါ့ဒ်) ယုံကြည်ကြပြီး ဂေါ့ဒ်၏ဦးခေါင်းမှဆင်းသက် လာသော မိမိတို့အမျိုးသည်သာအမြတ်ဆုံးဟုခံယူပြီး ဇာတ်ခွဲခြားမှုကိုလိုလားသည်။ ဗုဒ္ဓဝါဒမှာ ဂေါ့ဒ်ကိုပယ်၍ ဇာတ်အနိမ့်အမြင့်ခွဲခြားမူ့ကို ဆန့်ကျင်ပါသည်။ ထို့ကြောင့်ဗုဒ္ဓကို လေ့လာမည်ဆိုပါက လူသားစင်စင်စစ် ဘုရားဖြစ်သည်ဟု ယုံကြည်ထားရန်မှာ အရေးကြီးဆုံးဖြစ်သည်။ အခြား ဗုဒ္ဓဘာသာဂိုဏ်းခွဲများတွင် ဗုဒ္ဓအား ကောင်းကင်ဘုံမှ ဘုရားအဖြစ်မှတ်ယူလေ့ရှိကြသည်။ ဗုဒ္ဓ ဆိုသောဝေါဟာရမှာ ဉာဏ်အလင်းရသူ (Enlightened)၊ သို့မဟုတ် စိတ်အာရုံ နိုးကြားနေသူ (Mentally awakened) ဟု အဓိပ္ပါယ်ရသည်။

အမှန်တရားလေးပါး (သစ္စာလေးပါး) ကို ကိုယ်တော်တိုင် ကိုယ်ပိုင်ဉာဏ်ဖြင့် ထိုးထွင်း၍သိမြင်သော အမြတ်ဆုံး ပုဂ္ဂိုလ် ဟု ချမ်းမြေ့ဆရာတော်က အဓိပ္ပါယ်ဖွင့်သည်။

ဗုဒ္ဓဝင်တွင် မင်းပျိုမင်းလွင်ဘဝ၊ တောထွက်တော်မူခြင်း၊ သစ္စာတရားကို ရှာခြင်း၊ သာသနာပြုခရီးရှည်၊ ပရိနိဗ္ဗာန် စံတော်မူခြင်း ဟူ၍ ငါးပိုင်းရှိသည်။

မင်းပျိုမင်းလွင်ဘဝ[ပြင်ဆင်ရန်]

ဗုဒ္ဓဆိုသည်မှာ အမှန်တကယ်အားဖြင့် ဘုရားဖြစ်ပြီးမှရရှိလာသော ဘွဲ့အမည်ပင်ဖြစ်သည်။ ဗုဒ္ဓ၏ လူဘဝမှမျိုးရိုး အမည်မှာ ဂေါတမဖြစ်၍ ကိုယ်ပိုင်အမည်မှာ သိဒ္ဓတ္ထ ကုမာရဖြစ်ပါသည်။ (အလုံးစုံသော လူနတ်တို့၏ အလိုခပ်သိမ်းကို ပြီးငြိမ်းစေတတ်သော) အဓိပ္ပါယ်ရသည်။ သိဒ္ဓတ္ထမင်းသားသည် မျိုးရိုးအားဖြင့် သက္က(Shakya) သာကီဝင်မင်းမျိုးဖြစ်သည်။ ထိုအချိန်သည် ဘီစီ ၆၂၃ (ခရစ်တော်မပေါ်မှီ နှစ်ပေါင်း၆၀ဝ ကျော်)ခန့်က ဖြစ်ပါသည်။ ဖခင်သုဒ္ဓေါဒနမင်းကြီးမှာနီပေါနိုင်ငံ သက္ကတိုင်း ကပိလဝတ်ပြည်(Kapilavastu)ကို စိုးအုပ်ပိုင်သော ကပိလဝတ် ဘုရင်ဖြစ်သည်။ ထိုနေရာဒေသအား ကျမ်းစာများတွင် ကပိလဝတ် ဟုခေါ်သည်။သုဒ္ဓေါဒနမင်းကြီး၏ အမျိုးအနွယ်အစဉ်အဆက်မှာ ဩက္ကာကရာဇ်မင်းမှစ၍ ဇယသေနမင်းအထိ ရှစ်သောင်းနှစ်ထောင်သောမင်းတို့သည် ကပိလဝတ်ပြည်ကြီး၌ မင်းပြုကြကုန်၏။ ထိုမင်းတို့တွင်အစဖြစ်သော ဩက္ကာ ကရာဇ်မင်းကြီး၏ သကြာဝတဘောကုမာရာ=အချင်းတို့ သားတော်တို့သည်စွမ်းနိုင်ကုန်စွ တကားဟူသော ဥဒါန်းကျူးရင့်မိန့်ခွန်းဆင့်သည်ကိုအစွဲပြု၍ သာကီဝင်မျိုးဟု ခေါ်ကြောင်းကို သုတ်သီ လက္ခန်ပါဠိတော်၌ ဟောပြထားလေသည်။ ထိုနေရာသည် နီပေါနိုင်ငံတွင်တည်ရှိသည်။ ကပိလဝတ် နှင့် အနီးအပါး၌ပင် အခြားသောမျိုးနွယ်စုအမြောက်အမြားနေထိုင်ကြသည်။ သိဒ္ဓတ္ထမင်းသား၏ မယ်တော် မဟာမာယာ သည်လည်း ကောလိယမျိုးနွယ်စု အကြီးအကဲတစ်ဦး၏ သမီးဖြစ်ပါသည်။ မယ်တော်မဟာမာယာသည် သိဒ္ဓတ္ထမင်းသားအား ဘီစီ ၆၂၃ လုမ္ဗိနီဥယျာဉ်တော်အတွင်းရှိ အင်ကြင်းပင်တစ်ပင်အောက်တွင် မွေးဖွားတော်မူခဲ့သည်။ ဖွားတော်မူပြီးနောက် အရှေ့အရပ်မှ မြောက်သို့ လှည့်တော်မူလျက် ခုနစ်ဖဝါးသွား၍ မတ်မတ်ရပ်တော်မူပြီးသော်-

“အဂ္ဂေါဟမသ္မိလောကဿ
ဇေဋ္ဌောဟမသ္မိလောကဿ
သေဋ္ဌောဟမသ္မိလောကဿ” ဟူသော သုံးခွန်းစကား ဆိုတော်မူသည်။

ထိုခေတ်က အမျိုးသမီးများသည် မိမိတို့၏သားဦးအား မိဘရပ်ရွာထံတွင်ပြန်၍ မွေးဖွားရသော ဓလေ့ရှိခဲ့နိုင်သည်။ သိဒ္ဓတ္ထမင်းသားအားဖွားမြင်ပြီး ခုနစ်ရက်အကြာတွင် မယ်တော်မာယာ နတ်ရွာစံခဲ့သောကြောင့် သိဒ္ဓတ္ထမင်းသားသည် မိထွေးတော်ဂေါတမီ ၏ ထိန်းကျောင်းမှုဖြင့် ကြီးပြင်းလာခဲ့သည်။ သိဒ္ဓတ္ထမင်းသား၏ ဖခင်သုဒ္ဓေါဓန မင်းသည် ထိုခေတ်ကအမြင့်ဆုံးနိုင်ငံရေးအာဏာဖြစ်နိုင်သော စကြာမင်းအရာကို ရစေလိုသည်။ သို့သော်ကြိုတင်နိမိတ်များအရ သိဒ္ဓတ္ထမင်းသားသည် လောကီဘုံကိုစွန့်ခွာ၍ ဘုရားဖြစ်မည်ဟု ပြောကြားသဖြင့် လောကီကာမဂုဏ် အာရုံများဖြင့် မင်းသားကိုဖြားယောင်းထားစေခဲ့သည်။ အသက်တစ်ဆယ့်ခြောက်နှစ်အရွယ်တွင် ညီမဝမ်းကွဲတော်သူ ယသော်ဓရာနှင့် လက်ဆက်ခဲ့သည်။ ယောက္ခမလောင်း ဖြစ်သူ သုပ္ပဗုဒ္ဓက သဘောမတူသောကြောင့် လေးအတတ်အစွမ်းပြ၍ ကြင်ရာတော်ကို ကိုယ်တိုင်ရွေးယူနိုင်ခဲ့သည်။

တောထွက်တော်မူခြင်း[ပြင်ဆင်ရန်]

သိဒ္ဓတ္ထမင်းသားနှင့် ယသော်ဓရာဒေဝီတို့မှ သားတစ်ယောက်ဖွားမြင်၍ အမည်မှာရာဟုလာ ဟုခေါ်သည်။ လကိုရာဟု ဖမ်းသလို ငါလျှောက်မယ့်လမ်းကို သံယောဇဉ်တို့ဖြင့် ချည်နှောင်မည့်သူဟု ဆိုကာ “ရာဟုလာ” ဟုသိဒ္ဓတ္ထမင်းသား ကိုယ်တိုင်နာမည်ပေးခဲ့ခြင်းဖြစ်သည်။ လောကီအာရုံများဖြင့် ဖျားယောင်းထားခြင်း၊ အနိဌာရုံများကို မမြင်အောင်ဖန်တီးထားခြင်း၊ သားမယား သံယောဇဉ် များကို တိုးလာစေခြင်းအားဖြင့် ခမည်းတော်မှစီမံထားသော်လည်း သိဒ္ဓတ္ထမင်းသားသည်လက်ရှိဘဝ ထက်ပိုမိုမြင့်မြတ် သော ဘဝအမှန်မွန်ကို ရှာဖွေလိုစိတ်ပြင်းထန်လာသည်။ ထို့ကြောင့်တစ်နေ့တွင် ခါးသီးသောအမှန်တရားကို သိဒ္ဓတ္ထမင်းသား မြင်တွေ့ခဲ့လေသည်။ ထိုသို့တွေ့ရှိခဲ့ရာ လူ့ဘဝ၏ အစစ်အမှန်တရားကို သင်္ကေတလေးပါးဖြင့် ဖေါ်ပြကြသည်။ ဗုဒ္ဓကျမ်းစာများတွင် နိမိတ်ကြီးလေးပါးဟု ညွှန်းဆိုကြပါသည်။ ဤသည်တို့မှာ

  • သူအို၊
  • သူနာ
  • သူသေနှင့်
  • ရဟန်းတို့ဖြစ်ကြသည်။

ပထမသင်္ကေတသုံးပါးမှာ ဘဝကိုကိုယ်စားပြုသည်။ အိုခြင်း၊နာခြင်း၊သေခြင်းတို့၏ တည်ရာမှီရာဖြစ်သည်။ နောက်ဆုံး သင်္ကေတရဟန်းမှာ ဘဝကိုကျော်လွန်သွားပြီး အိုခြင်း၊နာခြင်း၊သေခြင်းကင်းရာလွတ်မြောက်ရေးလမ်းကို ကိုယ်စားပြုသည်။ ထိုသဘောတရားများကို သိရှိလာသော သိဒ္ဓတ္ထမင်းသားသည် မင်းသားဘဝနှင့်တာရှည်နေရန်မဖြစ်နိုင်သောကြောင့် တစ်ခုသောညတွင် သားငယ်နှင့် ဇနီးသည်ကို နောက်ဆုံးကြည့်ကာ အမှန်တရားကိုရှာဖွေရန်တောထွက်တော်မူခဲ့လေသည်။ သိဒ္ဓတ္ထမင်းသားသည် ထိုစဉ်က အသက် ၂၉ နှစ်ရှိပြီဖြစ်သောကြောင့် စဉ်းစားဝေဖန်ပိုင်းခြားတတ်သောအရွယ်ရောက် နေလေပြီဖြစ်သည်။ ထို့ပြင်ကောင်းမွန်သေချာသော အနာဂတ်တစ်ခုရှိသော်လည်း စွန့်လွှတ်ပြီး တောထွက်ခဲ့သည်မှာ တော်ရုံတန်ရုံ စိတ်ပိုင်းဖြတ်မှုမျိုးမဟုတ်ဟု သေချာပြောဆိုနိုင်သည်။

သစ္စာတရားကို ရှာခြင်း[ပြင်ဆင်ရန်]

ဗုဒ္ဓကျမ်းစာများတွင် ထိုကာလအပိုင်းအခြားကို ဒုက္ကယစရိယာ ကျင့်ခြင်းဟူ၍ဖေါ်ပြကြသည်။ တောထွက်တော်မူပြီးနောက် ဘုရားမဖြစ်ခင်အထိ ခြောက်နှစ်တာမျှသော အချိန်ကိုဆိုလိုသည်။ ပထမဆုံးစမ်းသပ်ခဲ့သောအချက်မှာ ယောဂ(သမထ)ကျင့်စဉ်ဖြစ်သည်။ တင်္ဒဂအားဖြင့်စိတ်တည်ငြိမ်မူ့ရရှိသော်လည်း ထာဝရစိတ်၏ ငြိမ်းချမ်းသောလွတ်မြောက်ရာလမ်းကိုသာရှာဖွေလိုသည်။ ထို့ကြောင့် ထို သမထ သက်သက်ကျင့်စဉ်ကို လည်းစွန့်လွှတ်ခဲ့သည်။ သို့သော်ယောဂအကျင့်မှာ နောင်ဗုဒ္ဓသာသာနာတွင်အရေးကြီးလာမည့် ကမ္မဌာန်းလုပ်ငန်းအတွက် အခြေခံကောင်းများကို ပေးနိုင်ခဲ့သည်ဟုဆိုရမည် ဖြစ်သည်။ ယောဂအကျင့်မှ ကမ္မဌာန်းမှာ (Meditation for sake of meditation) သာဖြစ်၍ သိဒ္ဓတ္ထမင်းသားအလိုရှိသော ကမ္မဌာန်းမှာ ဘဝဖြစ်တည်မူ့ကို အနက်ရှိူင်းဆုံးနေရာထိ မျက်မှောက်ပြုနိုင်သော (Insight Meditation)မျိုးဖြစ်လေသည်။ ဝိပဿနာ ကမ္မဌာန်းမျိုးကိုဆိုလိုသည်။ ဒုတိယစမ်းသပ်ချက်မှာ တပအကျင့်(asceticism)ဖြစ်သည်။ ကောဏ္ဍည အမှူးပြုသော တပသီငါးဦးနေထိုင်ရာ ဥရုဝေလတောအုပ်ထဲရှိ တောကျောင်းကလေးတွင်သွားရောက်နေထိုင်ခဲ့သည်။ ထိုနေရာတွင်အလွန်အကျွံခြိုးခြံ ချွေတာခြင်း၊ မိမိကိုယ်ကိုပင်ပန်းဆင်းရဲစေခြင်းစသည့် ပြင်းထန်သည့်အကျင့်များကို ကျင့်ခဲ့သော်လည်း ခန္ဓာကိုယ်သာ အိုမင်းရင့်ရော် ခန်းခြောက်လာခဲ့ကာ သစ္စာတရားကိုရှာဖွေနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ တပသီငါးဦးသည်လည်း သိဒ္ဓတ္ထမင်းသားကို စိတ်ပျက်ကာစွန့်ခွာသွားကြလေသည်။ထိုကဲ့သို့ ယောဂ၊တပနှင့် အခြားအတတ်များတွင် ကျင့်ကြံရင်း သစ္စာတရားကိုရှာဖွေရာ ခြောက်နှစ်တာမျှအချိန်ကုန် လာခဲ့သည်။ ထိုအခါဗုဒ္ဓသည် သစ္စာတရားကိုရှာဖွေသောလမ်းမှာ အချိုဆုံးလမ်းလည်းမဟုတ်သလို အခါးဆုံးလမ်းလည်း မဖြစ်နိုင်ဟုဆင်ခြင်မိကာ ထိုအစွန်းနှစ်ပါးကြားမှတတိယ လမ်းသာဖြစ်ရမည်ဟုတွေးမိလေသည်။ ဤအခိုက်အတန့်မှာပင် ငယ်စဉ်ဘဝကအဖြစ်အပျက်တစ်ခုကို အလောင်းတော်သည်ဆင်ခြင်မိလေသည်။ ခမည်းတော် လယ်ထွန်မင်္ဂလာ ပွဲ ကျင်းပနေချိန် တွင် မင်းသားငယ်အား သပြေပင်ရိပ်တွင် သိပ်ထားခဲ့လေသည်။ ကလေးငယ်အရွယ် မျှသာဖြစ်သော သိဒ္ဓတ္ထမင်းသားသည် ဘေးပတ်ဝန်းကျင်မှအသံများကိုလည်းကောင်း သပြေပင်ရိပ်မှ အေးမြမှုကိုလည်းကောင်း သတိမပြုမိဘဲ၊ မိမိခန္ဓာကိုယ်အတွင်းတွင်သာ သိစိတ်ကိုစုစည်းထားမိသည်။ ထိုအချိန်ကရရှိခဲ့သော ချမ်းသာပီတီမျိုးကို သိဒ္ဓတ္ထမင်းသားသည် ဘဝတွင်နောက်ထပ်ကြုံတွေ့ခဲ့ရခြင်းမရှိတော့ပေ။ ထိုချမ်းသာပီတိအား ဗုဒ္ဓကျမ်းစာများတွင် ပထမဈာန်ဟု သတ်မှတ်ပါသည်။ ဤအတွေ့အကြုံကိုဆင်ခြင်မိသော သိဒ္ဓတ္ထမင်းသားသည်၊ သစ္စာတရားကိုရှာဖွေသောလမ်းစမှာ မိမိကိုယ်အတွင်းတွင်သာရှိမည်ဟု သဘောရလာလေသည်။ ထို့နောက်ယောဂဆရာကြီးများထံမှရလာသော ကမ္မဌာန်းအကျင့်နှင့်အာရုံတို့ကိုစုစည်းကြည့်လေရာ ရုပ်ခန္ဓာသာမက သိစိတ်အလျင်၏ မမြဲသောသဘောတရားတို့ကိုပါဆင်ခြင်မိလေသည်။ ထိုမှတဆင့်မမြဲခြင်း၏ မနှစ်မြို့ဖွယ်ရာအဖြစ်များကိုလည်းကောင်း၊ မိမိအလိုသို့မလိုက်သည့်သဘော၊မိမိဆန္ဒနှင့် မည်သို့မျှမသက်ဆိုင်သည့်သဘော၊ အစိုးမရသည့်သဘောများကို ပီပီပြင်ပြင်မြင်တွေ့လာလေသည်။ ကျမ်းစာများအရ အနိစ္စ၊ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးပါးကိုဆိုလိုပါသည်။ ခန္ဓာကိုယ်မှရသော ထိုလမ်းစကိုဆွဲဆန့်ကြည့်လိုက်ရာ လူဖြစ်တည်မှုတစ်ခုလုံး၏ အခြင်းအရာများမှာတဖြည်းဖြည်း ပီပြင်လာသည်။ ဘဝ၏တွန်းအားများ၊ ထိုလမ်းမှလွတ်မြောက်ရာလမ်း၊ ထာဝရငြိမ်းအေးမှု ထိုသည်တို့ပင်ဗုဒ္ဓ ရှာဖွေနေသော သစ္စာတရားပင်ဖြစ်လေသည်။ ဒုက္ခသစ္စာ၊သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊နိရောဓသစ္စာဟူသော သစ္စာလေးပါး တရားပင်ဖြစ်ပါတော့သည်။ ဗုဒ္ဓဉာဏ်အလင်းရခဲ့ရာ နေရဉ္ဇာရာအနီးမှ ညောင်ပင်ကြီးအား ဗုဒ္ဓဘာသာဝင်များက ဗောဓိပင်ဟုခေါ်ကြသည်။ သဘောမှာ ဉာဏ်အလင်းသစ်ပင် (Tree of enlightenment) သို့မဟုတ် ဉာဏ်ပညာသစ်ပင် (Tree of wisdom) ဟုအဓိပ္ပာယ်ရပါသည်။ ဤသည်ပင်လျင် နယူတန်၏ ကမ္ဘာ့ဆွဲအား၊ ပတ်စချာ၏ ပိုးမွှားဗေဒ၊ အိုင်းစတိုင်း၏ နှိုင်းရသဘောတရားစသော ခေတ်သစ်တွေ့ရှိချက်များအားလုံးထက် နှစ်ပေါင်းများစွာစောပြီး၊ အဆပေါင်းများစွာ ကျယ်ပြန့်နက်ရှိုင်းလှသော မဟာရှာဖွေတွေ့ရှိမူ့ကြီး ဖြစ်ပါသည်။

သာသနာပြုခရီးရှည်[ပြင်ဆင်ရန်]

ဗုဒ္ဓဘုရားရှင်သည် ရရှိခဲ့သော ဉာဏ်အလင်းအား တပဿီအကျင့်အားအတူကျင့်ကြံခဲ့သော ရှင်ကောဏ္ဍညအမှုးပြုသော တပသီဟောင်းငါးဦးအားအရင်ဖြန့်ဝေခဲ့သည်။ ထို့ကြောင့်ရှင်ကောဏ္ဍည ဦးဆောင်သော သံဃာတော်ငါးပါးသည် ဗုဒ္ဓ၏ သံဃာအဖွဲ့အစည်းတွင် ပထမဆုံးသောသံဃာများဖြစ်လာခဲ့သည်။ ထိုပဉ္စဝဂ္ဂီငါးပါးအား ဟောကြားတော်မူခဲ့သော ဓမ္မစက္ကပဝတ္တနသုတ်တော်သည် ဗုဒ္ဓဟောကြားတော်မူခဲ့သော ပထမဆုံး တရားဦးဖြစ်ပေသည်။

ထိုအချိန်မှစကာ ဗုဒ္ဓဘုရားရှင်သည် ၄၅ နှစ်တာကာလပတ်လုံး သာသနာပြုခရီးရှည်ကြီးထွက်ကာ သတ္တဝါအပေါင်းအား သံသရာဝဋ်ဆင်းရဲမှ ကယ်တင်တော်မူခဲ့ပါသည်။သမိုင်းဆိုင်ရာအထောက်အထားများနှင့် ဗုဒ္ဓကျမ်းစာများပါအချက်အလက် များအရ ဗုဒ္ဓ၏သာသနာပြုခရီးရှည်ကြီးကို အောက်ပါအတိုင်းမှတ်တမ်းတင်နိုင်သည်။

  1. ဘီစီ ၅၂၈ - ဣသိပတန (ယခု-ဆာရနာတ်)
  2. ဘီစီ ၅၂၇ - ရာဇဂြိုဟ်
  3. ဘီစီ ၅၂၆ - ရာဇဂြိုဟ်
  4. ဘီစီ ၅၂၅ - ရာဇဂြိုဟ်
  5. ဘီစီ ၅၂၄ - ဝေသာလီ
  6. ဘီစီ ၅၂၃ - မကုဋတောင်(ယခု-ဗိဟာရ်)
  7. ဘီစီ ၅၂၂ - တာဝတိံသာနတ်ပြည်(ကျမ်းစာအရ)
  8. ဘီစီ ၅၂၁ - သုသုမာရတောင်(ယခု-ကျုနာရ်)
  9. ဘီစီ ၅၂၀ - ကောသမ္ဗီ(ယခု-က္ကုလဟာဗာ)
  10. ဘီစီ ၅၁၉ - ပါလိလေယျက(ယခု-မိရ်-ဂျာပူ)
  11. ဘီစီ ၅၁၈ - နာဠာ(ယခု-ဗိဟာရ်)
  12. ဘီစီ ၅၁၇ - ဝေရဉ္ဇာ(ယခု-မထုရာ)
  13. ဘီစီ ၅၁၆ - စာလိယတောင်(ယခု-ဗိဟာရ်)
  14. ဘီစီ ၅၁၅ - သာဝတ္ထိ(ယခု-ဂေါဏ္ဍာ)
  15. ဘီစီ ၅၁၄ - ကပိလဝတ္ထု
  16. ဘီစီ ၅၁၃ - အာလဝီ(ယခု-အာရ်ဝလိ)
  17. ဘီစီ ၅၁၂ - ရာဇဂြိုဟ်
  18. ဘီစီ ၅၁၁ - စာလိယတောင်
  19. ဘီစီ ၅၁၀ - စာလိယတောင်
  20. ဘီစီ ၅၀၉ - ရာဇဂြိုဟ်
  21. ဘီစီ ၅၀၈ မှ ၄၈၄ - သာဝတ္ထိ
  22. ဘီစီ ၄၈၃ - ဝေသာလီ

ထိုသာသနာပြုခရီးသည် အိန္ဒိယမြောက်ပိုင်းနှင့် အလယ်ပိုင်းတခွင်သို့ ဗုဒ္ဓ၏သာသနာပြုခရီးရှည်ကြီးပင်ဖြစ်သည်။

ပရိနိဗ္ဗာန်စံတော်မူခြင်း[ပြင်ဆင်ရန်]

လူသတ္ထဝါတို့အား ကယ်တင်ရန်အလို့ငှာဘုရားဖြစ်သောမူသော ဂေါတမဗုဒ္ဓသည် ဘီစီ ၅၄၃ ခုနှစ်တွင် ဝေသာလီ ပြည် မလ္လာမင်းများ၏ အင်ကြင်းဥယျာဉ်တစ်ခုတွင် ပရိနိဗ္ဗာန်စံတော်မူခဲ့ပါသည်။ ဗုဒ္ဓ၏ နောက်ဆုံးအချိန်တွင် နောက်ဆုံးမှာကြားခဲ့သော စကားမှာ ဗုဒ္ဓဘာသာများအတွက်သာမက၊ လူသားအားလုံးအတွက်ပါ အထူးအဓိပ္ပါယ် ရှိလှသည်ဟု နှောင်းခေတ်ပညာရှင်များက ဆိုကြသည်။ ထိုအမှာစကားမှာ

"ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ"

ဟူသော ပါဠိဂါထာတိုလေးဖြစ်သည်။ မြန်မာဘာသာ ဖြင့်ဤကဲ့သို့ အဓိပ္ပါယ်ယူနိုင်ပါသည်။

"ဘဝသည် မမြဲ၊ မမေ့မလျော့သော ကိုယ်စိတ်နှလုံးရှိကြစေ။"

အကိုးအကား[ပြင်ဆင်ရန်]

  1. http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=21915&penname=Doctrine+of+Lord+Buddha
  2. http://www.thisismyanmar.com/nibbana/lhistory.htm

Buddhism Made plain၊ ဘာသာပြန်သူ ဆရာကျော်ဝင်း၊ သစ္စာရှာဖို့ မြင်းစီးသူ


ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]