ဣတ္ထာလင်္ကာရသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—မိန်းမတို့၏ အသုံးအဆောင်တန်ဆာကို ဆောင်မှု။

အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။ [၁]

မိန်းမ အသုံးအဆောင်[ပြင်ဆင်ရန်]

ဦးခေါင်း, လည်ပင်း, လက်, ခြေ, ခါးတို့၌ဝတ်ဆင်အပ်သော ပုတီး, နားချောင်း, လက်ကောက်, လက်ကြပ်, လက်စွပ်, လက်ပတ်နာရီ, ခြေကျင်းစသော မိန်းမတို့၏ အဆင်တန်ဆာဟူသမျှကို ဆဗ္ဗဂ္ဂီဘိက္ခုနီတို့ ဝတ်ဆင်ကြလေရာ လူတို့က “ကာမစည်းစိမ်ခံစားသော လူဝတ်ကြောင် မိန်းမများလိုဘဲ”ဟု စွပ်စွဲ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ ဣတ္ထာလင်္ကာရံ ဓာရေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

မိန်းမတို့၏ အဆင်တန်ဆာကို ဆောင်သော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။ [ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ်သင့်၏။]

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး