တလသတ္တိကသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—ရိုက်နှက်တော့မလိုချိန်ရွယ်မှု။

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ၊

ဆဗ္ဗဂ္ဂီနှင့် သတ္တရသဝဂ္ဂီ[ပြင်ဆင်ရန်]

ဆဗ္ဗဂ္ဂီရဟန်းတို့သည် သတ္တရသဝဂ္ဂီ ရဟန်းကလေးတို့အား ရိုက်တော့မည့် ဟန်ဖြင့် ချိန်ရွယ်ကြကုန်၏၊ သတ္တရသဝဂ္ဂီ ရဟန်းကလေးတို့သည် ရှေးကအရိုက်ခံရဘူးလှသဖြင့် ယခုလည်း ရိုက်တော့မည်ထင်ရကား ရွယ်ရုံဖြင့် ငိုကြလေတော့၏၊ ထိုအကြောင်းကို ဘုရားရှင်ကြားသိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။ [၁]

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယော ပန ဘိက္ခု ဘိက္ခုဿ ကုပိတော အနတ္တမနော တလသတ္တိကံ ဥဂ္ဂိရေယျ, ပါစိတ္တိယံ။[၁]

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင်ရဟန်းသည် ရဟန်း၏အပေါ်၌ စိတ်ဆိုးသည် မိမိစိတ်မရှိသည်ဖြစ်၍ လှံ၏အလား လက်ဝါးပြင်ကို မိုးအံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။[၁]

မှတ်ချက်[ပြင်ဆင်ရန်]

ရိုက်မည်ဟု မကြံရွယ်ဘဲ ခြိမ်းချောက်လိုသောကြောင့်ရဟန်းအပေါ်၌ လက်ဝါးကြီး တမိုးမိုး, လက်သီးတရွယ်ရွယ်, တုတ်ဓားတပြပြ လုပ်လျှင် ပါစိတ်၊ ထိုသို့ ခြိမ်းချောက်ရွယ်မိုးရင်း အားလွန်သွား၍ ရိုက်မိလျှင် ထိုရိုက် မိမှုကြောင့် (ရိုက်မည်ဟု ရည်ရွယ်ချက်မရှိရကား) ရှေးသိက္ခာပုဒ်အရ ပါစိတ်ထပ်၍ မသင့်ဘဲ ဒုက္ကဋ်သာ ထပ်၍ သင့်တော့၏၊ ရန်သူက ရန်မူလာ၍ လွတ်မြောက်အောင် ချိန်ရွယ်ရာ၌ကား အာပတ်မသင့်ပါ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး