သဘောဇနသိက္ခာပုဒ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အမှု—အိမ့်ရှင်မနှင့်အတူ အိပ်ခန်းတွင်း၌ ထိုင်နေမှု။
အမှုသည်—ရှင်ဥပနန္ဒ။
ရှင်ဥပနန္ဒ အနေအထိုင်မတတ်မှု
[ပြင်ဆင်ရန်]ရှင်ဥပနန္ဒသည် လူတုန်းက သူငယ်ချင်းဖြစ်သူ၏ အိမ်သို့ ဆွမ်းခံချိန်သွား၍ ထိုသူ၏ ဇနီးနှင့်အတူ အိပ်ခန်းတွင်း၌ ထိုင်နေလေသည်။ ထိုအခါအိမ်ရှင် ယောက်ျားလည်း အနားလာ၍ ထိုင်ပြီးလျှင် “ကိုယ်တော့အား ဆွမ်းလောင်းလိုက်”ဟု ခိုင်း၍ အိမ်ရှင်မက ဆွမ်းလောင်းပြီးသောအခါ “ကိုယ်တော် ဆွမ်းရပြီးလျှင် ပြန်ပါတော့”ဟု ပြော၏၊ အိမ်ရှင်မကား သူ့ယောက်ျား၏ ကာမစိတ်ဖြစ်ပုံကို ရိပ်မိ၍ “ထိုင်ပါဉုးဘုရား, မပြန်ပါသေးနှင့်”ဟု တား၏၊ ယောက်ျားက ၂-ကြိမ် ၃-ကြိမ်ပြော၍ မရသဖြင့် အိမ်ပြင်ထွက်၍ ရှင်ဥပနန္ဒ၏ အလိုက်မသိတတ်ပုံကို ရဟန်းတို့အား ပြောပြလေသည်။ ထိုအကြောင်းကို ဗုဒ္ဓရှင်တော် ကြားတော်မူရကား ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်
[ပြင်ဆင်ရန်]ယော ပန ဘိက္ခု သဘောဇနေ ကုလေ အနုပခဇ္ဇ နိသဇ္ဇံ ကပ္ပေယျ, ပါစိတ္တိယံ။
မြန်မာပြန်
[ပြင်ဆင်ရန်](သားသ္မီးစသည်မရှိဘဲ) သ္မီးခင်ပွန်း ၂-ယောက်ထည်းသာ ရှိသောအိမ်ဝယ်အိပ်ခန်းဖြစ်သော အရပ်၌ ဝင်ကပ်နေထိုင်အံ့၊ ပါစိတ် အာပတ်သင့်၏၊ ဤသိက္ခာပုဒ်ကား အလိုက်မသိမှု အပြစ်တည်း၊]