ပလ္လတ္ထိကသိက္ခာပုဒ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ပလ္လတ္ထိကသိက္ခာပုဒ် (ခမ္ဘကတဝဂ်)
ဒူးကို ပတ်ဖွဲ့ခြင်း
[ပြင်ဆင်ရန်]ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ ဒူ ၂-ဘက်ကို ထောင်၍ ထိုထောင်ထားသော ဒူးကို လက် ၂-ဘက်ဖြင့် ပတ်ဖွဲ့ခြင်း, ပတ်ဖွဲ့၍၎င်း, အဝတ်ကြိုးလုံးဖြင့် ပတ်ဖွဲ့၍၎င်း ထိုင်ကြကုန်၏၊ ထိုသို့ထိုင်ရခြင်းကား လူမမာတို့အတွက် သက်သာသော ထိုင်ရခြင်း ဖြစ်၍ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုသို့ ပတ်ဖွဲ့၍ ထိုင်ကြလေသည်၊ ထိုထိုင်ခြင်း မျိုးသည် ဣန္ဒြေသိက္ခာရှိသော လူကြီးလူကောင်းတို့၏ အပြုအမူမဟုတ်သောကြောင့် လူတို့ ကဲ့ခဲ့ရကား-[၁]
“န ပလ္လတ္ထိကာယ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
မြန်မာပြန်
[ပြင်ဆင်ရန်]“လက်အဝတ်တို့ဖြင့် ဒူးကို ပတ်ဖွဲ့လျက် မထိုင်အံ့” အလေ့အကျင့်ကို ပြုရမည်၊ [မရိုသေ မလေးစားသော စိတ်ဖြင့် ထိုင်မှသာ အပြစ်ရှိသည်။ မကျန်းမာသောကြောင့် ထိုကဲ့သို့ ထိုင်ခြင်းကြောင့်ကား အပြစ်မရှိပါ၊ ဤသို့ ဒူးကို လက်-ကြိုးတို့ဖြင့်ပတ်ဖွဲ့၍ ထိုင်ခြင်းကို “အာယောဂပတ်”ဟု ကျမ်းစာတို့၌ဆိုသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။