ဘောဇနဒါနသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—ဇာတ်ဆရာ, ဇာတ်သူ ဇာတ်သား စသည်တို့အား မိမိကိုယ်တိုင် ခဲဖွယ် ဘောဇဉ် ပေးမှု။

အမှုသည်—ထုလ္လနန္ဒာ။ [၁]

ထုလ္လနန္ဒာ၏ အကြံ[ပြင်ဆင်ရန်]

ထုလ္လနန္ဒာသည် မိမိကျော်ကြားတို့ရန် ကြိုးစားလေ့ရှိ၏၊ ထို့ကြောင့် ဇာတ်ဆရာ, ဇာတ်သမား, ဘား (ဂျွမ်း) သမား, မျက်လှည့်ပြသူ, အိုးစည်(ဒိုးပတ်) တီးသူတို့အား “ငါ၏ ဂုဏ်သတင်းကို ပရိသတ်မှာ ပြောကြပါ”ဟု တိုက်တွန်း၍ ခဲဖွယ်ဘောဇဉ်များကို ကိုယ်တိုင်ပေးလေ့ရှိ၏၊ ထိုအကြောင်းကို ကြားသိသော ဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူ ရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ အဂါရိကဿ ဝါ ပရိဗ္ဗာဇကဿ ဝါ ပရိဗ္ဗာဇိကာယ ဝါ သဟတ္ထာ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ဒဒေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင်ဘိက္ခုနီသည် လူဝတ်ကြောင်အားသော်လည်းကောင်း, ပရိဗိုဇ်ယောက်ျားအားသော်လည်းကောင်း, ပရိဗိုဇ်မအားသော်လည်းကောင်း, ခဲဖွယ် ဘောဇဉ်ကို မိမိလက်ဖြင့်(ကိုယ်တိုင်) ပေးအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်[ပြင်ဆင်ရန်]

ဤသိက္ခာပုဒ်သည် ခဲဖွယ်ဘောဇဉ် ပေးမှုအတွက်သာ ပညတ်အပ်သော သိက္ခာပုဒ်တည်း၊ ဂုဏ်သတင်းအပြောခိုင်းမှုကား မအပ်သော ပစ္စည်းရှာမှုမျိုးဖြစ်၍ ဒုက္ကဋ်အာပတ်သာ ဖြစ်သင့်၏။ ထိုသို့ ခိုင်းသဖြင့် ဂုဏ်သတင်းကို ကြားသိရသောလူတို့က လှူကြသော ပစ္စည်းတို့မှာမူ ထိုသူနှင့်တကွ ရဟန်းဟူသမျှ မသုံးစွဲကောင်း၊ သုံးစွဲတိုင်း ဒုက္ကဋ် အာပတ်သင့်၏။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး