ဥတ္တရိမနုဿဓမ္မပါရာဇိက

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဘာသာတရား
ဗုဒ္ဓဘာသာ

Lotus-buddha.svg
သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ
ဓမ္မစကြာ

ဥတ္တရိမနုဿဓမ္မပါရာဇိက သည် ရဟန်းတော်များ လိုက်နာကျင့်သုံးရသည့် နောက်ဆုံးသိက္ခာပုဒ် ဖြစ်၏။ ပါရာဇိက သိက္ခာပုဒ်တစ်ခု ဖြစ်၏။ ကျူးလွန်သောရဟန်းသည် ရဟန်းအဖြစ်မှ လျှောကျရ၏။

မြတ်စွာဘုရားသည် ဝေသာလီမြို့၊ မဟာဝုန်တောပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီးတွင် သီတင်းသုံးနေချိန် ဖြစ်၏။ များစွာသောရဟန်းတို့သည်လည်း ဝဂ္ဂုမုဒါမြစ်ကမ်းပါးတွင် ဝါကပ်နေကြ၏။ ထိုအချိန်တွင် ဝဇ္ဇီတိုင်းသည် ခေါင်းပါးသဖြင့် အသက်မွေးရန် ခဲယဉ်း၏။ ထိုအခါ ရဟန်းတို့သည် မည်သို့ပြုပါက ဆွမ်းအတွက် မပင်မပန်းဘဲ ရှိမည်နည်းဟု ကြံတွေးကြ၏။

ထို့နောက် ရဟန်းတို့သည် “ငါတို့သည် လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော ဈာန် မဂ်ဖိုလ်တရား၏ ဂုဏ်ကျေးဇူးကို ပြောဆိုကြမည်။ ဤမည်သော ရဟန်းသည် ပထမဈာန်ကို ရသည်။ ဤမည်သော ရဟန်းသည် သောတာပန် ဖြစ်သည်။ ဤမည်သော ရဟန်းသည် သကဒါဂါမ် ဖြစ်သည်။ ဤမည်သော ရဟန်းသည် အနာဂါမ် ဖြစ်သည်။ ဤမည်သော ရဟန်းသည် ရဟန္တာ ဖြစ်သည်။ ဤမည်သော ရဟန်းတို့သည် ဝိဇ္ဇာသုံးပါးကို ရသည်။ ဤမည်သော ရဟန်းသည် အဘိညာဏ် ခြောက်ပါးကို ရသည်” ဟု ပြောဆိုပါက လူတို့သည် ငါတို့အား ပေးလှူကြလိမ့်မည်ဟု တိုင်ပင်ကာ ချမ်းသာစွာ ဝါကပ်တော် မူကြ၏။

ထို့နောက် ရဟန်းတို့သည် ဝါလွန်၍ မြတ်စွာဘုရားထံသို့ ဖူးမြော်ရန် လာကြကုန်၏။ မြတ်စွာဘုရားထံသို့ လာရောက်ဖူးမြော်ကြသော ရဟန်းတို့သည် ပိန်၊ ကံ ကြ၏။ သို့သော် ဝဂ္ဂုမုဒါမြစ်ကမ်း၌ နေသော ရဟန်းတို့သည် လှပသော ကိုယ်အရေအဆင်း ရှိကြ၏။

ထို့နောက် မြတ်စွာဘုရားသည် ထိုရဟန်းတို့အား “ချမ်းသာစွာ ဝါကပ်ခဲ့ရပါသလား”ဟု မေးမြန်း၏။ ထိုရဟန်းတို့သည် ချမ်းသာခဲ့ကြောင်း ဖြေကြား၏။ ထို့နောက် မြတ်စွာဘုရားသည် ဝဂ္ဂုမုဒါမြစ်ကမ်းနေ ရဟန်းတို့အား မည်ကဲ့သို့ ချမ်သာစွာနေခဲ့ကြောင်း မေးမြန်၏။ ဤသို့ဖြင့် ရဟန်းတို့သည် မိမိတွင် အမှန်တကယ်မရှိသော ဈာန် မဂ်ဖို်လ်တို့ဖြင့် ပြောဆိုကာ ချမ်းသာစွာ နေခဲ့ကြောင်း မြတ်စွာဘုရားရှင်သည် သိတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းတို့အား “အကျင့်သီလမရှိဘဲ တိုင်းသူပြည်သားတို့ လှူဒါန်းသော ဆွမ်းကို စားခြင်းထက် ရဲရဲညီး ဖုတ်ထားသော သံခဲတွေ စားရခြင်းက မြတ်သေး၏” ဟု မိန့်တော်မူ၏။ ထိုသို့ ဝဂ္ဂုမုဒါမြစ်ကမ်းနေရဟန်းတို့ကို များစွာသောအကြောင်းတို့ဖြင့် ကဲ့ရဲ့တော်မူပြီးလျှင် အောက်ပါအတိုင်း ပါရာဇိကသိက္ခာပုဒ်ကို ရဟန်းတော်များ လိုက်နာကျင့်သုံးရန် ပညတ်တော်မူ၏။

“အကြင်ရဟန်းသည် မသိဘဲ ကိလေသာကို ဖျက်ဆီးခြင်းငှါ စွမ်းနိုင်သော မြတ်သောဉာဏ်အမြင်ဟု ဆိုအပ်သော လူတို့ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖို်လ်တရားကို မိမိသို့ ဆောင်ကပ်၍ “ဤသို့ ငါသိ၏၊ ဤသို့ ငါမြင်၏” ဟု ပြောကြားငြားအံ့။ ထိုသို့ ပြောကြားပြီးမှ နောက်အခါ၌ (သူတစ်ပါးတို့) မေးစစ်အပ်၍သော်လည်းကောင်း၊ မမေးစစ်အပ်ဘဲသော်လည်းကောင်း အာပတ်သင့်ရောက်ပြီး၍ စင်ကြယ်ခြင်းကို အလိုရှိရကား “ငါ့သျှင်တို့ ဤသို့ ငါမသိဘဲ သိ၏ဟု ဆိုမိပြီ၊ မမြင်ဘဲ မြင်၏ဟု ဆိုမိပြီ၊ အချည်းအနှီး မှားယွင်းသော စကားကို ပြောမိပြီ” ဟု ပြောဆိုငြားအံ၊ အထင်ကြီးမှုကို ကြဉ်၍ ဤရဟန်းသည်လည်း သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏။ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိ” ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်