အနာဟဋသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အနာဟဋသိက္ခာပုဒ် (ကဗဠဝဂ်)

ခံတွင်းအဝကို ဖွင့်မှု[ပြင်ဆင်ရန်]

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဆွမ်းစားသောအခါ ခံတွင်းအဝ (ပါးစပ်ပေါက်) အနီး အပါးသို့ ဆွမ်းလုပ် မရောက်သေးမီ ခံတွင်းအဝကို ဟ၍ ထားနှင့်ကြကုန်၏၊ ထိုအပြုအမူသည် ယဉ်ကျေးသူတို့၏ အပြုအမူ မဟုတ်ရကား လူအများ ကဲ့ရဲ့ကြသောကြောင့်...[၁]

“န အနာဟဋေ ကဗဠေ မုခဒွါရံ ဝိဝရိဿာမီတိ သိက္ခာ ကရဏီယာ”ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်[ပြင်ဆင်ရန်]

ခံတွင်းပေါက်သို့ ဆွမ်းလုပ် မရောက်သေးမီ ခံတွင်းပေါက်ကို ဖွင့်၍(ဟ၍)မထားအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး