ကုဋိကာရသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဘာသာတရား
ဗုဒ္ဓဘာသာ

Lotus-buddha.svg
သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ
ဓမ္မစကြာ

ကုဋိကာရသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည် သိက္ခာပုဒ်တစ်ခု ဖြစ်၏။[၁]

သမိုင်း[ပြင်ဆင်ရန်]

မြတ်စွာဘုရားသည် ရာဇဂြိဟ်မြို့၊ ဝေဠုဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူနေချိန် ဖြစ်၏။ အာဠဝီတိုင်းသား ရဟန်းတို့သည် ကိုယ်တိုင်တောင်းအပ်သော အရာဝတ္ထုရှိကုန်သော (ဆောက်လုပ်သူ ဒါယကာ) အရှင်မရှိကုန်သော ကျောင်းကို အတိုင်းအထွာပမာဏ မရှိကုန်သော ကျောင်းတို့ကို ဆောက်လုပ်၏။ ထိုကျောင်းတို့သည် ဆောက်လုပ်ပြီးစီးခြင်းသို့ မရောက်ရှိဘဲ လိုအပ်သည့် လုပ်သား၊ ဆောက်၊ ပဲခွပ်၊ ပုဆိန်၊ ဓားမ အစရှိသည်ဖြင့် လိုအပ်သည့်အရာများကို တောင်းနေကြရ၏။

လူတို့သည် ရဟန်းတို့၏ အရိပ်နိမိတ်ပြကာ တောင်းခြင်းဖြင့် နှိပ်စက်သဖြင့် ရဟန်းတို့ကို မြင်လျှင် ထိတ်လန့်ကုန်၏။ အသျှင်မဟာကဿပသည် မိုးလပတ်လုံး လွန်သောအခါ အာဠဝီမြို့သွား ကြွလေ၏။ ထိုမြို့သို့ရောက်သော် အသျှင်မဟာကဿပသည် သပိတ်ကို ယူကာ ဆွမ်းလှည့်လည် ခံ၏။ လူတို့သည် အသျှင်မဟာကဿပကို မြင်လေသော် ရှောင်ဖယ်ပြေးကုန်၏၊ မျက်နှာလွှဲကုန်၏။ ဆွမ်းခံလှည့်လည်ပြီး၍ ဆွမ်းစားဇရပ်တွင် ဆွမ်းစား၏။ ထို့နောက် ရဟန်းတို့အား “ရဟန်းတို့ ယခင်က အာဠဝီမြို့သည် ဝပြော၏၊ ဆွမ်းအတွက် ရလွယ်၏။ သို့သော် ယခုအခါ အာဠဝီမြို့သည် ခေါင်းပါး၏။ ရခဲသော ဆွမ်းရှိ၏။ အဘယ်အတွက်ကြောင့် ဤသို့ဖြစ်ရပါသနည်း” ဟု မေး၏။ ထိုအခါ ရဟန်းတို့သည် အသျှင်မဟာကဿပအား ဤအကြောင်းကို ဖြေကြားလျှောက်ထား၏။

မြတ်စွာဘုရားသည် ရာဇဂြိုဟ်တွင် သီတင်းသုံးနေတော်မူပြီးနောက် အာဠဝီမြို့သို့ ကြွလာ၏။ ထို့နောက် အသျှင်မဟာကဿပသည် မြတ်စွာဘုရားအား ဤအကြောင်းအရာကို လျှောက်ထား၏။ မြတ်စွာဘုရားသည် ရဟန်းတို့အား စုဝေးစေ၏။ မြတ်စွာဘုရားသည် အာဠဝီမြိုသား ရဟန်းတို့ကို မေးမြန်းတော်မူ၏။ ရဟန်းတို့လည်း ဟုတ်မှတ်ကြောင်း ဝန်ခံဖြေကြား၏။

ထို့နောက် မြတ်စွာဘုရားသည် အာဠဝီရဟန်ုတို့အား ကဲ့ရဲ့တော်မူပြီးလျှင် အောက်ပါအတိုင်း သိက္ခာပုဒ်ကို ပညတ်တော်မူ၏။[၁]

သိက္ခာပုဒ်[ပြင်ဆင်ရန်]

“ကိုယ်တိုင်တောင်းအပ်သော အရာဝတ္ထုဖြင့် (ဆောက်လုပ်သူ ဒါယကာ) အရှင်မရှိသော မိမိဟူသော ရည်ညွှန်းအပ်သော ပုဂ္ဂိုလ်ရှိသော ကျောင်းကို ဆောက်လုပ်စေလိုသော ရဟန်းသည်ကား အတိုင်းအရှည် ပမာဏရှိသော ကျောင်းကို ဆောက်လုပ်စေအပ်၏။ ဤ (ဆိုလတ္တံ့) သည် ထိုကျောင်း၏ အတိုင်းအရှည် ပမာဏ ဖြစ်၏။ မြတ်စွာဘုရား၏ အထွာတော်ဖြင့် အလျား ဆယ့်နှစ်ထွာ၊ အနံ ခုနစ်ထွာတို့ ဖြစ်သည်။ ရဟန်းတို့ကို ကျောင်းရာကြားစေရန် ပင့်ဆောင်အပ်ကုန်၏။ ထိုရဟန်းတို့သည် (ပိုးရွခြပုန်းစသော) ဘေးရန်မရှိသော၊ လှည်းလှည့်လောက်သော ဥပစာ ရှိသော ကျောင်းရာကို ကြားအပ်ကုန်၏။ ရဟန်းသည် (ပိုးရွခြပုန်းစသော) ဘေးရန်ရှိသော၊ လှည်း လှည့်လည်လောက်သော ဥပစာမရှိသော ကျောင်းရာ၌ ကိုယ်တိုင်တောင်းအပ်သော အရာဝတ္ထုဖြင့် ကျောင်းကို ဆောက်လုပ်စေငြားအံ့၊ ရဟန်းတို့ကိုလည်း ကျောင်းရာကြားခြင်းငှါ မပင့်ဆောင်ငြားအံ့၊ အတိုင်းအထွာ ပမာဏကိုလည်း လွန်စေငြားအံ့ သံဃာဒိသိသက်အာပတ် သင့်၏” ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။[၁]

ဖြတ်ထုံးများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်