ပဟာရသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု —ရိုက်နှက် ပုတ်ခတ်မှု။

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ၊


ဆဗ္ဗဂ္ဂီနှင့် သတ္တရသဝဂ္ဂီ[ပြင်ဆင်ရန်]

ဆဗ္ဗဂ္ဂီရဟန်းတို့သည် သတ္တရသဝဂ္ဂီ ရဟန်းကလေးတို့ကို ရိုက်နှက်ပုတ်ခတ်ကြကုန်၏။ ရဟန်းကလေးတို့သည် ငိုကြ ရှာကုန်၏၊ ထို့အကြောင်းကို ဘုရားရှင်ကြားသိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ [၁]

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယော ပန ဘိက္ခု ဘိက္ခုဿ ကုပိတော အနတ္တမနော ပဟာရံ ဒဒေယျ, ပါစိတ္တိယံ။[၁]

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင်ရဟန်းသည် စိတ်ဆိုးသည် မိမိစိတ်မရှိသည်ဖြစ်၍ ရဟန်းအား ပုတ်ခတ်ခြင်းကို ပေးအံ့၊ ထိုရဟန်း ပါစိတ်အာပတ် သင့်၏။ [၁]

မှတ်ချက်[ပြင်ဆင်ရန်]

ရဟန်းကို ရိုက်နှက်ပုတ်ခတ်လျှင် ပါစိတ်၊ လူ-သာမဏေ တိရစ္ဆာန်တို့ကို ရိုက်နှက်ပုတ်ခတ်လျှင် ဒုက္ကဋ်အာပတ်၊ သေစေလိုသော စေတနာ မရှိဘဲ နာကျင်အောင် ရိုက်နှက်ရာက မတော်တဆ လက်လွန်၍ သေသွားစေကာမူ ပါရာဇိကမကျ၊ သူတပါးက နှိပ်စက်လာသဖြင့် သူတို့ဘေးမှ လွတ်မြောက်အောင် ကာကွယ်ရာ၌ကား လက်လွန်၍ သေစေကာမူ အာပတ်မသင့်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး