ပဋိစ္ဆန္နောကာသသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

အမှု—အကွယ်အကာရှိသော အရပ်၌နေမှု။

အမှုသည်—ဘိက္ခုနီတစ်ယောက်။ [၁]

အကွယ်အကာရှိသော အရပ်၌နေမှု[ပြင်ဆင်ရန်]

ဘဒ္ဒါကာပိလာနီ၏ တပည့်မဖြစ်သော ထိုဘိက္ခုနီသည်ပင် ဆွေမျိုးဖြစ်သော ယောက်ျားနှင့်အတူ (ရှေ့သိက္ခာပုဒ်ကို ရှောင်ရှား၍ အရောင်အလင်း ရှိသော)နံရံဖြင့် ကွယ်ကာအပ်သောအရပ်၌ တစ်ယောက်ချင်း နေမှုကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ ပဋိစ္ဆန္နေ ဩကာသေ ပုရိသေန သဒ္ဓိံ ဧကေနေကာ သန္တိဋ္ဌေယျ ဝါ သလ္လပေယျ ဝါ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင်ဘိက္ခုနီသည် နံရံ စသည်ဖြင့် ဖုံးကွယ်အပ်သော အရပ်၌ ယောက်ျားနှင့်အတူ တစ်ယောက်ချင်း ရပ်တည်မူလည်း ရပ်တည်အံ့, စကားပြောမူလည်း စကားပြောအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး