ဌိတောဥစ္စာရသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

ဌိတောဥစ္စာရသိက္ခာပုဒ် (ပါဒုကဝဂ်)

ရပ်၍ကျင်ကြီး ကျင်ငယ်စွန့်မှု[ပြင်ဆင်ရန်]

ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် ရပ်လျက် ကျင်ကြီး ကျင်ငယ်စွန့် ကြကုန်၏၊ ထိုသို့စွန့်မှုသည် လူကြီးသူမတို့၏ အပြုအမူ မဟုတ်ရကား လူတို့ ကဲ့ရဲ့ကြသောကြောင့် “ရပ်လျက် ကျင်ကြီး ကျင်ငယ် မစွန့်ရ”ဟု-တားမြစ်တော်မူပြီးနောက် မထိုင်နိုင်သော ဂိလာနတို့အတွက် ခြွင်းချက်ပြုကာ–[၁]

“န ဌိတော အဂိလာနေ ဥစ္စာရံဝါ ပဿာဝံဝါ ကရိဿာမီတိ သိက္ခာ ကရဏီယာ ။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်[ပြင်ဆင်ရန်]

“ငါသည် ဂိလာနမဟုတ်ဘဲ ရပ်လျက် ကျင်ကြီး, ကျင်ငယ် မစွန့်အံ့”ဟု အလေ့အကျင့်ကို ပြုရမည်။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး