ခိုင်သုခ

ဝီကီပီးဒီးယား မှ
ခိုင်သုခ
ဖိုင်:Khine Thu Kha.jpg
မွေးဖွား (1970-05-13) မေ ၁၃၊ ၁၉၇၀ (အသက် ၅၃)
အမ်းမြို့နယ်ရခိုင်ပြည်နယ်
သစ္စာခံနိုင်ငံရက္ခိုင့်တပ်တော်
လက်နက်ကိုင်တပ်ရက္ခိုင့်တပ်တော်
အမှုထမ်း ကာလ၂၀၁၄–လက်ရှိ
ရာထူးအဆင့်ပြန်ကြားရေးတာဝန်ခံ
ကွပ်ကဲသည့် ဌာနပြန်ကြားရေးတာဝန်ခံ

ခိုင်သုခ သည် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ရက္ခိုင့်တပ်တော်၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဖြစ်သည်။[၁] သူသည် အာဏာရှင် ဆန့်ကျင်ရေးနဲ့ ရခိုင်ပြည် လွတ်မြောက်ရေး တို့အတွက် ရက္ခိုင့်တပ်တော်တွင် ထမ်းဆောင်နေသူ တစ်ဦးဖြစ်သည်။

အစောပိုင်းကာလ[ပြင်ဆင်ရန်]

သူ့အသက် ၂၀ ကျော်မှာ ကရင်ပြည် ကေအင်ယူနယ်မြေထဲ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ရခိုင့်တပ်မတော်(ယာယီ)မှာ သူ့ နိုင်ငံရေး လက်ဦးဆရာ ခိုင်ရာဇာ၊ ခိုင်စောထွန်း ၊ ခိုင်ဖြူအောင်တို့နဲ့ လက်တွဲပြီး ဝင်ပါပါတယ်။ ၁၉၉၁ ခုနှစ်မှာ ထိုင်းနယ်စပ်ကနေ မြန်မာပြည်တောင်ပိုင်း၊ ပြီးတော့ ပင်လယ်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ကတဆင့် ရခိုင်ပြည်နယ် ဝင်ဖို့ ကြိုးစားခဲ့ပါတယ်။ ကံမကောင်းတော့ ၁၉၉၁ မှာ တကြိမ်၊ ၁၉၉၂ မှာ တကြိမ် ဘင်္ဂလားဒေ့ရှ်မှာ အဖမ်းခံရပြီး ထောင်ကျပါတယ်။ ပထမအကြိမ်မှာ ၂ လနဲ့ ၁၀ ရက်ပဲ ကျပေမယ့် ဒုတိယအကြိမ် စစ်ကြောင်းနဲ့အတူ နယ်ခြားကို ဖြတ်တာမို့ လက်နက်မှုနဲ့ ထောင် ၅ နှစ်ကျခံရပါတယ်။[၂]

ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်နှင့် ပူးပေါင်းခြင်း[ပြင်ဆင်ရန်]

ထောင်ကလွတ်လာတော့ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) နဲ့ လက်တွဲပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလမှာ အစိုးရနဲ့ ALP တို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပဏမ အပစ်အခတ် ရပ်စဲရေးအတွက် ပါတီကိုယ်စား ဦးဆောင်လက်မှတ်ရေးထိုးခဲ့တဲ့အထိ ALP ခေါင်းဆောင်မှုပိုင်းက ပါဝင်လာခဲ့တယ်။[၃]

ရက္ခိုင့်တပ်တော်သို့ ရောက်ရှိခြင်း[ပြင်ဆင်ရန်]

၂၀၁၄ မှာ ပါတီထိပ်ပိုင်းခေါင်းဆောင် အချင်းချင်း သဘောကွဲကြရာက ALP နဲ့ လမ်းခွဲခဲ့ပြီး ရခိုင်လူငယ် တဦးဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ ပူးပေါင်းကာ ရက္ခိုင့်တပ်တော် ရဲ့ နိုင်ငံရေး တောင်ပံ ဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ကို ပူးပေါင်းထူထောင်ခဲ့ပါတယ်။

ကိုးကား[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]