မြေပုံမြို့

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
မြေပုံမြို့
မြို့
မြေပုံမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မြေပုံမြို့
မြေပုံမြို့
မြေပုံမြို့ တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 20°02′48″N 93°22′26″E / 20.046762°N 93.373764°E / 20.046762; 93.373764
နိုင်ငံ မြန်မာ
ပြည်နယ်ရခိုင်
ခရိုင်မြောက်ဦး
မြို့နယ်မြေပုံ[၁]
လူဦးရေ (၂၀၁၄)၁၂,၁၀၀[၂]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

မြေပုံမြို့သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ဦးခရိုင်တွင် ပါဝင်သော မြေပုံမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ မြေပုံမြို့သည် ဟန်းတား ပင်လယ်အော်ကမ်းခြေရှိ ကျွန်းကလေး တစ်ခုပေါ်တွင် တည်ရှိသည်။ ကျောက်ဖြူမြို့မှ ရေကြောင်းဖြင့် ၆၅မိုင်ဝေး၍ စစ်တွေမြို့မှ မိုင် ၆ဝ အကွာတွင် တည်ရှိသည်။ မြို့နယ်၏ အကျယ်အဝန်းမှာ ၈၆၆ စတုရန်းမိုင်ရှိ၍ ကျေးရွာပေါင်း( ၅၇)ရွာ ပါဝင်သည်။ မြေပုံမြို့နယ်တွင်နေထိုင်သော လူဦးရေအများစုမှ ဗုဒ္ဓဘာသာဝင် များဖြစ်ကြပြီး နတ်ကိုးကွယ်သော ချင်းလူမျိုးလည်း ပြောက်တိ ပြောက်ကျားနေထိုင်သည်။ ၂၀၁၈ မြောက်ဦးခရိုင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရ မြေပုံမြို့၏ လူဦးရေမှာ ၁၂,၁၀၀ ယောက် ဖြစ်သည်။[၂] မြေပုံမြို့နယ်သည် မြေမျက်နှာပြင်အားဖြင့် တောင်ကုန်းထူထပ်သည်။ ထိုကြောင့်လူနေကျဲသည်။ မြေပြန့်ပိုင်းတွင်မြစ်ငယ်ချောင်းငယ်များ ပေါများ၍ ရေလမ်းခရီး အဆက်အသွယ် ကောင်းမွန်သည်။ မြေပုံမြို့နယ်တွင် လယ်ယာစိုက်ပျိုးသူများလည်းရှိသည်။ များသောအားဖြင့်မူကား ငါးဖမ်းခြင်းဖြင့် အသက်မွေးကြလေသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. GAD, Feb 2011.
  2. ၂.၀ ၂.၁ (မတ် ၂၀၁၈) မြေပုံမြို့နယ် ဒေသဆိုင်ရာအချက်အလက်. မြောက်ဦးခရိုင်: ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန, ၇။ 
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)