၁၁၀၇ စစ်ဆင်ရေး
| ||||||||||||||||||||||||||||||||||||
၁၁၀၇ စစ်ဆင်ရေး သည် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ ကရင်နီ တပ်မတော်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့က တပ်မတော်အား တိုက်ခိုက်လျက်ရှိသည့် ပူးပေါင်းစစ်ဆင်ရေးတစ်ရပ် ဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေးအား ထောက်ခံသည့်အနေဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် စတင်ခဲ့သော စစ်ဆင်ရေး ဖြစ်သည်။[၄][၅]
အချိန်မှတ်တမ်း
[ပြင်ဆင်ရန်]နိုဝင်ဘာ ၇
[ပြင်ဆင်ရန်]၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် စတင်ခဲ့ပြီး ပန်တိန်းရွာအနီးရှိ နယ်ခြားစောင့်တပ်ခစန်းအပါအဝင် မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီ စခန်းသုံးခုကို ကရင်နီပူးပေါင်းအဖွဲ့များက သိမ်းပိုက်ခဲ့သည်။[၁][၆] စစ်ကောင်စီဖက်မှ ၇၀ ကျော်သေဆုံးခဲ့ပြီး ပူးပေါင်းအဖွဲ့မှ လေးဦး သေဆုံးခဲ့သည်။[၁]
နိုဝင်ဘာ ၁၀
[ပြင်ဆင်ရန်]နိုဝင်ဘာလ ၁၀ ရက်နေ့တွင် လွိုင်ကော်မြို့အနီးတွင် စစ်ကောင်စီ၏ K-8W လေ့ကျင့်ရေးလေယာဉ်တစ်စင်းအား ပစ်ချနိုင်ခဲ့ကြောင်း KNDF က ဆိုသည်။ သို့သော် စက်ချို့ယွင်းမှုကြောင့် ပျက်ကျခြင်းဖြစ်ကြောင်း တပ်မတော်က ဆိုသည်။[၇][၈]
နိုဝင်ဘာ ၁၁
[ပြင်ဆင်ရန်]နံနက် ၄ နာရီခန့်မှ စတင်ကာ ကရင်နီ တပ်မတော်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့က လွိုင်ကော်မြို့အနီးရှိ စစ်ကောင်စီစခန်းများကို "၁၁.၁၁ စစ်ဆင်ရေး" အဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ပူးပေါင်းအဖွဲ့က စစ်ကောင်စီစခန်း ခုနစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။[၉][၁၀][၁၁]
နိုဝင်ဘာ ၁၅
[ပြင်ဆင်ရန်]နိုဝင်ဘာလ ၁၅ ရက်နေ့တွင် KNDF တပ်ဖွဲ့များက လွိုင်ကော်တက္ကသိုလ်ကို သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ကောင်စီတပ်သား အနည်းဆုံး ၁၁၀ ခန့် သေဆုံးကာ ၃၈ ဦးမှာ လက်နက်ချခဲ့သည်။[၁၂]
တိုက်ပွဲများကြောင့် လွိုင်ကော်မြို့တွင် အရပ်သား ၃၄ ဦး သေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။[၁၂]
အခြားကြည့်ရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ CJ014၊ MPA (2023-11-08)။ Operation 1107 launched in Karenni State: Three military camps captured – killing at least 70 soldiers (in en-GB)။ 2023-11-08 တွင် ပြန်စစ်ပြီး။
- ↑ Karenni resistance forces launch attacks on junta troops in Kayah State capital (11 November 2023)။ 16 November 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 November 2023 တွင် ပြန်စစ်ပြီး။
- ↑ "After attacking military target in Karenni State, KNDF and KNPLF announce launch of ‘Operation 1107’"၊ Myanmar Now၊ 10 November 2023။
- ↑ "ကရင်နီဒေသ ၁၁၀၇ စစ်ဆင်ရေး တိုက်ပွဲ ဆင်နွှဲ" (in my)၊ BBC News မြန်မာ၊ 9 November 2023။
- ↑ "ကရင်နီဒေသ ၁၁၀၇ စစ်ဆင်ရေး စတင်" (in my)၊ ဗွီအိုအေ၊ 8 November 2023။
- ↑ Irrawaddy၊ The (2023-11-08)။ More Myanmar Junta Bases Fall in Coordinated Attacks (in en-US)။ 2023-11-08 တွင် ပြန်စစ်ပြီး။
- ↑ A military jet crashes in eastern Myanmar. Ethnic resistance groups claim they shot it down (11 November 2023)။ 2023-11-11 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2023-11-11 တွင် ပြန်စစ်ပြီး။
- ↑ Incident Hongdu K-8W Karakorum 3942။ 2023-11-13 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2023-11-13 တွင် ပြန်စစ်ပြီး။
- ↑ "စစ်ကောင်စီတိုက်လေယာဉ် ၁စင်း ပစ်ခတ်ခံရပြီး ပျက်ကျ" (in Burmese)၊ DVB၊ 2023-11-12။ 2023-11-12 တွင် ပြန်စစ်ပြီး။ Archived from the original on November 18, 2023။
- ↑ Irrawaddy၊ The (2023-11-14)။ Tens of Thousands Trapped as Myanmar Resistance Strikes Kayah State Capital (in en-US)။ 2023-11-14 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2023-11-14 တွင် ပြန်စစ်ပြီး။
- ↑ Peck၊ Grant။ "A military jet crashes in eastern Myanmar. Ethnic resistance groups claim they shot it down" (in en)၊ 11 November 2023။
- ↑ ၁၂.၀ ၁၂.၁ Irrawaddy၊ The (2023-11-15)။ Kayah Resistance Seizes Myanmar Junta Bases in State Capital (in en-US)။ 2023-11-16 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2023-11-15 တွင် ပြန်စစ်ပြီး။