ကရင်ပြည်နယ် တရားလွှတ်တော်
ကရင်ပြည်နယ်တရားလွှတ်တော် High Court of the Kayin State | |
---|---|
နိုင်ငံ | မြန်မာနိုင်ငံ |
တည်နေရာ | ဘားအံမြို့ |
လုပ်ပိုင်ခွင့်ပြုခြင်း | ဖွဲ့စည်းပုံအခြေခံဥပဒေ |
ရာထူးနေရာ | ၂ |
ဝက်ဘ်ဆိုဒ် | kayin.hc.gov.mm |
တရားသူကြီးချုပ် | |
လက်ရှိ | ညွန့်လင်း |
စတင်တာဝန်ထမ်းဆောင် | ၂၃ မတ် ၂၀၂၂ |
ကရင်ပြည်နယ်တရားလွှတ်တော် သည် ကရင်ပြည်နယ်တွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးအဆင့်ရှိ တရားရုံးဖြစ်ကာ ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၇)ရုံးရှိသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့မှစ၍ ၂၀၀၈ အခြေခံဥပဒေအရ ယခင် ကရင်ပြည်နယ်တရားရုံးကို ကရင်ပြည်နယ်တရားလွှတ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုစဉ်က တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး(၁)ဦး စုစုပေါင်း (၂)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
တည်နေရာ
[ပြင်ဆင်ရန်]ကရင်ပြည်နယ်တရားလွှတ်တော်သည် ဘားအံမြို့တွင် တည်ရှိသည်။
တရားလွှတ်တော်တရားသူကြီးချုပ်များ(၂၀၁၁-လက်ရှိ)
[ပြင်ဆင်ရန်]- ဦးစောစံလင်း(၃၀-၃-၂၀၁၁ မှ ၂၈-၂-၂၀၂၁)
- ဦးသိန်းကိုကို(၁-၃-၂၀၂၁ မှ ၁၄-၃-၂၀၂၂)
- ဒေါ် ခင်ဆွေထွန်း (၂၃-၃-၂၀၂၂ မှ ၂၈-၁၂-၂၀၂၄)
- ဦးညွန့်လင်း (၂၉-၁၂-၂၀၂၄ မှ လက်ရှိ)
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]ကရင်ပြည်နယ်တရားလွှတ်တော်ကို ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၇)ရုံးဖြင့် ဖွဲ့စည်းထားသည်။[၁]
ခရိုင်တရားရုံးများ
[ပြင်ဆင်ရန်]- ဘားအံခရိုင်တရားရုံး
- ကော့ကရိတ်ခရိုင်တရားရုံး
- မြဝတီခရိုင်တရားရုံး
- ဖာပွန်ခရိုင်တရားရုံး
မြို့နယ်တရားရုံးများ
[ပြင်ဆင်ရန်]- ဘားအံမြို့နယ်တရားရုံး
- လှိုင်းဘွဲ့မြို့နယ်တရားရုံး
- သံတောင်ကြီးမြို့နယ်တရားရုံး
- ကော့ကရိတ်မြို့နယ်တရားရုံး
- ကြာအင်းဆိပ်ကြီးမြို့နယ်တရားရုံး
- မြဝတီမြို့နယ်တရားရုံး
- ဖာပွန်မြို့နယ်တရားရုံး
တရားသူကြီးများ
[ပြင်ဆင်ရန်]၂၀၂၀ပြည့်နှစ်တွင် ပြည်နယ်တရားလွှတ်တော်၌ တရားသူကြီးချုပ်အပါအဝင် (၂)ဦးရှိသည်။၂၀၂၃ တွင် တရားသူကြီးချုပ်(၁)ဦးနှင့်တရားသူကြီး(၂)ဦးရှိသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် တရားသူကြီးချုပ်ရုံးနှင့် ပြည်နယ်တရားရေးဦးစီးမှူးရုံးတို့ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ကရင်ပြည်နယ်တရားလွှတ်တော်။ ၂၀၂၀ပြည့်နှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာ။