ထန်တလန်မြို့
ထန်တလန်မြို့ | |
---|---|
မြို့ | |
ကိုဩဒိနိတ်: 22°41′57″N 93°25′41″E / 22.69917°N 93.42806°Eကိုဩဒိနိတ်: 22°41′57″N 93°25′41″E / 22.69917°N 93.42806°E | |
နိုင်ငံ | ![]() |
ပြည်နယ် | ချင်းပြည်နယ် |
ခရိုင် | ဟားခါးခရိုင် |
မြို့နယ် | ထန်တလန်မြို့နယ် |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၇,၅၈၇[၁] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ထန်တလန်မြို့ သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဟားခါးခရိုင်တွင် ပါဝင်ပြီး ထန်တလန်မြို့နယ်၏ မြို့နယ်ရုံးစိုက်ရာ မြို့ ဖြစ်သည်။
ပထဝီဝင်
[ပြင်ဆင်ရန်]ထန်တလန်မြို့သည် ချင်းပြည်နယ်မြို့တော် ဟားခါးမြို့မှ ၂၅ မိုင်အကွာတွင် တည်ရှိသည်။ ကုလားတန်မြစ်သည် ဟားခါးမြို့နှင့် ထန်တလန်မြို့များ အကြားမှ စီးဆင်းကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင်းသို့ စီးဝင်သွားပြီး ပလက်ဝမြို့နေရာတွင် မြန်မာနိုင်ငံဖက် ပြန်လည်စီးဆင်းလာကာ ဘင်္ဂလားပင်လယ်အော်တွင်းသို့ စီးဝင်သွားသည်။ ထန်တလန်မြို့သည် အိန္ဒိယနိုင်ငံ နှင့် နယ်နမိတ်ထိစပ်နေသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]အေဒီ ၁၄၅၀ ခုနှစ်တွင် လှောင်ဇန်ရွာဟု တည်ရှိခဲ့ရာမှ အေဒီ ၁၅၀၀ ခန့်တွင် လေးမိုင်ခန့်ကွာဝေးသော ထလန်တလန် (Thlan Tlang) သို့ ပြောင်းရွှေ့ခဲ့သည်။ ထလန် (Thlan) သည် သင်္ချိုင်း ဟု အဓိပ္ပါယ်ရပြီး Tlang သည် ကုန်း၊ တောင် ဟု အဓိပ္ပါယ်ရသည်။ မြို့၏ မူလအမည်သည် " "သင်္ချိုင်းကုန်း" ဖြစ်သည်။ ၁၉၆၁-၆၅ တွင် ယခုနေရာသို့ ထပ်မံပြောင်းရွှေ့ခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် "ထလန်တလန်" မှ "ထန်တလန်" (Than Tlang, ထန် = ကျော်ကြား, Tlang = ကုန်း၊ တောင်) ဟု အမည်ပြောင်းခဲ့သည်။[၂]
ထန်တလန်မြို့တိုက်ပွဲနှင့် မြို့မီးရှို့ခံခြင်း
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ်
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် ဩဂုတ်လမှ စတင်၍ ချင်းပြည်နယ်၊ ထန်တလန်မြို့နှင့် ပတ်ဝန်းကျင်ဒေသများတွင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့-ထန်ထလန် (CDF-Thantlang)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ အရှိန်မြင့်လာခဲ့သည်။ ဩဂုတ်လ ၂၀ ရက်နှင့် ၂၁ ရက်နေ့များတွင် ဟားခါးနှင့် ထန်တလန်မြို့အကြား၌ CDF-Thantlang နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ [၃]
ဩဂုတ်လ ၂၅ ရက်နေ့တွင် ပလကရပ်ကွက်ရှိ ရဲစခန်းအနီး၌ တိုက်ပွဲဖြစ်ပွားရာတွင် ကလေးငယ်တစ်ဦး သေဆုံးပြီး အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။[၄]
စက်တင်ဘာလ ၉ ရက်နေ့၌ ထန်တလန်မြို့တွင်းရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်တစ်ခုအား CDF-Thantlang က ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ နှစ်ဖက် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ အရပ်သားလေးဦး ဒဏ်ရာရရှိခဲ့သည်။ ဒေသကာကွယ်ရေးတပ်ဖွဲ့ ပြန်လည်ဆုတ်ခွာပြီးနောက် စစ်တပ်မှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သည်။[၅][၆]မြို့တွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခြင်းကြောင့် မြို့ခံအချို့သည် အိန္ဒိယနိုင်ငံ နယ်စပ်ရှိ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ အိန္ဒိယဗဟိုအစိုးရသည် မြန်မာစစ်ဘေးရှောင်များကို တရားဝင် လက်မခံသော်လည်း မီဇိုရမ်ပြည်နယ်အစိုးရက ပြန်လည်မပို့ဘဲ နေရာချထားပေးမှု မပြုလုပ်သော်လည်း ခိုလှုံခွင့်ပြုထားကြောင်း ကြေညာထားခဲ့သည်။[၇]
စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဂျွန်ဆင်အောက်မေ့ဖွယ်နှစ်ခြင်းအသင်းတော်ဘုရားကျောင်းသို့ လက်နက်ကြီးကျည်ကျရောက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။[၈]ထို့ပြင် စစ်တပ်မှ စစ်ရေးအရ အချက်အချာကျသော နေအိမ်များတွင် နေရာယူထားပြီး စစ်ဘေးရှောင်နေအိမ်များမှ ပုဂ္ဂလိကပစ္စည်းများကို အသုံးပြုခဲ့သည်။[၉]
စက်တင်ဘာလ ၁၈ ရက်နေ့တွင် ထန်တလန်မြို့ PDF နှင့် မြို့ပေါ်တွင် စောင့်ကြပ်နေသော စစ်တပ်အဖွဲ့များအကြား ခြောက်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ မြို့ပေါ်တိုက်ပွဲဖြစ်ပွားရာတွင် နှစ်ဖက်စလုံးက ထန်တလန်ပြည်သူတို့၏ နေအိမ်များကို အကာအကွယ်ယူကာ အပြန်အလှန်တိုက်ခိုက်ခဲ့ကြသည်။ စစ်တပ်သည် ၎င်းတို့၏တပ်များ သေနတ်ခြင်း ယှဉ်ပစ်ရာတွင် အရေးနိမ့်သောအခါ တပ်ခွဲအဆင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ လူနေအိမ်များပေါ် ကျရောက်၍ မီးလောင်ကျွမ်းခဲ့သည်။[၈][၁၀]မီးလောင်နေသော နေအိမ်များကို မီးငြှိမ်းသတ်ရန် ကြိုးပမ်းခဲ့သည့် ဒေသခံလူငယ်များကို စစ်တပ်ဘက်က ပစ်ခတ်ခဲ့ရာ ထန်တလန်ရာပြည့်နှစ်ခြင်းခရစ်ယာန်အသင်းတော် (TCBC) ၏ သင်းအုပ်ဆရာ ပါစတာ ကျူံးဗျက်ဟုမ်း ကျည်ထိမှန် သေဆုံးခဲ့သည်။ [၁၁][၁၂] အဆိုပါမီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၁၉ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။[၁၁][၁၂][၁၃]နောက်တစ်ရက်တွင် မြို့ပေါ်နေထိုင်သူအများစုသည် နေရပ်စွန့်ခွာကာ အိန္ဒိယနိုင်ငံနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး မိသားစုအနည်းငယ်သာ ကျန်ရှိခဲ့သည်။ [၁၄][၁၅] [၁၆]
CDF-Thantlang တပ်ဖွဲ့၏ အလစ်အငိုက်တိုက်ခိုက်မှုများကို မကြာခဏ ခံရပြီးနောက် စက်တင်ဘာလ ၂၀ ရက်နေ့တွင် စစ်တပ်မှ စခန်းချရာ ပတ်ဝန်းကျင်ရှိ ထန်တလန်မြို့နေလူထုကို မြို့မှရှောင်ရန် အမိန့်ထုတ်ပြန်ခဲ့ပြီး စက်တင်ဘာ ၂၁ ရက်နေ့အထိ နောက်ဆုံးရက်အဖြစ် သတ်မှတ်ပေးခဲ့သည်။[၁၇]
၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ထန်တလန်မြို့၌ ဈေးဆိုင်တစ်ခုကို ဖောက်ထွင်းနေသည့် စစ်ကောင်စီစစ်သားတစ်ဦးအား ထန်တလန် CDF အဖွဲ့က ပစ်သတ်လိုက်ပြီးနောက် စစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ နေအိမ်များကို ဝင်ရောက်မီးရှို့ခြင်းများ ပြုလုပ်ခဲ့သည်။[၁၈][၁၉]
ထို့ကြောင့် ထန်တလန်မြို့ပေါ်ရှိ Church on the Rock (COTR) ခရစ်ယာန်ဘုရားကျောင်းနှင့် Presbyterian ခရစ်ယာန်ဘုရားကျောင်း အပါအဝင် အိမ်ခြေ ၁၅၀ ကျော် မီးလောင်ကျွမ်းခဲ့သည်။[၂၀]
ထန်တလန်မြို့ပေါ်တွင် စုစုပေါင်း အိမ်ခြေ ၁,၈၀၀ ကျော်ရှိပြီး လူဦးရေ ၁၀,၀၀၀ ကျော် နေထိုင်ကြသော်လည်း စစ်တပ်၏ ခြိမ်းခြောက်မှုများကြောင့် မြို့လုံးကျွတ်ရှိ ပြည်သူများ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။[၂၁]
၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ထန်တလန်မြို့၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်လာရာ မြို့ခံလူထုမှာ မရှိတော့ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များသာ ကျန်ရှိခဲ့သည်။ ထိုအခြေအနေတွင် ချင်းပူးပေါင်းရေးတပ်ဖွဲ့များက မြို့သိမ်းပိုက်ရန် ကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
ထင်ရှားသော မြို့ခံပုဂ္ဂိုလ်များ
[ပြင်ဆင်ရန်]- ဒေါက်တာမှုထန် - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်
ကိုးကား
[ပြင်ဆင်ရန်]- ↑ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၁။
- ↑ ထလန်တလန် သို့မဟုတ် ထန်တလန် သွေး နဲ့ ချွေးနဲ့တည်ထောင်တဲ့မြို့ (in my)။ Tachileik News Agency။ 31 May 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 May 2025 တွင် ပြန်စစ်ပြီး။
- ↑ "အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် ထန်တလန်မြို့ခံ ၁၀နှစ်အရွယ် ကလေးငယ်သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိ ဟုဆို". Myanmar Peace Monitor. 2021-08-27.
- ↑ "ထန်တလန်မြို့ ပစ်ခတ်မှုတွင် ၁၀ နှစ်ကလေးတစ်ဦး ကျည်ထိလို့ သေဆုံး 3 November 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .". The Chin Journal. 2021-08-25.
- ↑ "ထန်တလန်မြို့တိုက်ခိုက်မှုတွင် စစ်သား ၂ ဦး သေ၊ အရပ်သား ၄ ဦး ဒဏ်ရာရ". Myanmar Now. 2021-09-10.
- ↑ "ထန်တလန်မြို့တွင်း တိုက်ခိုက်မှုတွင် အာဏာသိမ်းတပ်က လူနေရပ်ကွက်တွင်း လက်နက်ကြီးပစ်ခတ်၍ အရပ်သား (၄) ဦး ဒဏ်ရာရ". Tachileik News. 2021-09-09.
- ↑ "၄ ရက်အတွင်း မီဇိုရမ်းဘက်သို့ မြန်မာစစ်ဘေးရှောင် ၁၈၀၀ ကျော်ထွက်ပြေးတိမ်းရှောင် 3 November 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .". Zalen Media. 2021-09-15.
- ↑ ၈.၀ ၈.၁ "ထန်တလန်မှာ စစ်ကောင်စီနဲ့ CDF တို့ တိုက်ပွဲဖြစ်၊ အိမ် ၁၀ လုံးထက်မနည်း မီးလောင်ဆုံးရှုံး". RFA Burmese. 2021-09-18.
- ↑ "၂။ ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်သားများက ပစ္စည်းနှင့် အိမ်မွေးတိရစ္ဆာန်များအား ခိုးယူမှုရှိနေသည်ဟုအသံများထွက်နေသည်။". 2021-09-17.
- ↑ "ထန်တလန်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ၏ နေအိမ်များ မီးလောင်ပျက်စီး". 74 Media. 2021-09-18.
- ↑ ၁၁.၀ ၁၁.၁ သင်းအုပ်ဆရာ သတ်ဖြတ်ခံရသည့် ထန်တလန်မြို့တိုက်ပွဲ (in my)။ ၁ နိုဝင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ ၁၂.၀ ၁၂.၁ ထန်တလန်တိုက်ပွဲကြောင့် ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေ၊ သင်းအုပ်ဆရာတစ်ဦး ပစ်သတ်ခံရ (in en)။ ၁ နိုဝင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ "စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထန်တလန်မြို့ မီးလောင်မှုနဲ့ပတ်သက်ပြီး ဒေသခံလူငယ်ခေါင်းဆောင်တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်". ခေါနုသုန်. 2021-09-21.
- ↑ "ထန်တလန်ပြည်သူများ မြို့မှစွန့်ခွာပြီး အိန္ဒိယနယ်စပ်သို့ စစ်ရှောင်များလာ". Federal Journal. 2021-09-20.
- ↑ "ထန်တလန်တစ်မြို့လုံး နီးပါး စစ်ဘေးရှောင်". BBC Burmese. 2021-09-20.
- ↑ "ချင်း ထန်တလန်မြို့ တမြို့လုံးနီးပါးတိမ်းရှောင်နေရ" VOA News. 2021-09-20.
- ↑ "အကြမ်းဖက်စစ်တပ်၏ ခြိမ်းခြောက်မှုကြောင့် ထန်တလန်တမြို့လုံးနီးပါး နေရပ်စွန့်ခွာ". DVB Burmese. 2021-09-20.
- ↑ https://www.youtube.com/watch?v=we7BryLbdv0
- ↑ စစ်တပ်ရှို့မီးကြောင့် ထန်တလန်မှ အိမ် ၁၆၀ ကျော်မီးလောင်ဟု CDF ပြော (in my)။ ၁ နိုဝင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ ထန်တလန်တွင် စစ်ကောင်စီတပ်၏အကြမ်းဖက်မှု အရေးယူမည်ဟု CRPH ပြော (in en) (30 အောက်တိုဘာ 2021)။ ၁ နိုဝင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ "[၁]". 2021-09-30.
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- "Tlantlang Google Satellite Map" Maplandia.com
![]() ![]() | ဤ ချင်းပြည်နယ် ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |