မယ်စဲ့တိုက်ပွဲ

ဝီကီပီးဒီးယား မှ
မယ်စဲ့တိုက်ပွဲ
ပြည်သူ့ခုခံတော်လှန်စစ်၏ တစ်စိတ်တစ်ပိုင်း
ရက်စွဲဖေဖော်ဝါရီ – ၁၄ ဇွန် ၂၀၂၃
နေရာမယ်စဲ့မြို့နယ်၊ ကယားပြည်နယ်
18°38′29″N 97°39′16″E / 18.641423°N 97.654519°E / 18.641423; 97.654519
ရလဒ် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အနိုင်ရ
နယ်နမိတ်
ပြောင်းလဲမှုများ
  • မယ်စဲ့ရှိ တပ်မတော် စစ်စခန်းများကို တိုင်းရင်းသားလက်နက်ကိုင်များ သိမ်းပိုက်
  • မြို့ပေါ် ခြောက်ကပ်သွား
စစ်ရင်ဆိုင်သည့် နိုင်ငံများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့[၁]
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ[၁]
ပြည်သူ့ကာကွယ်ရေးတပ်မတော်[၂]
Progressive Karenni People's Force[၃]
ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်[၄]
တပ်မှူးများနှင့် ခေါင်းဆောင်များ
Colonel Phone Naing[၅]
ပါဝင်သည့် တပ်ဖွဲ့များ

တပ်မတော်

KNPP

စစ်အင်အား
စစ်သား ၁၀ ဦး[၂]
ရဲအရာရှိ ၁၀ ဦး[၁]
မသိရှိရ
အသေအပျောက်
၄,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေး[၃]

မယ်စဲ့တိုက်ပွဲ သည် ကယားပြည်နယ်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်စဲ့မြို့နယ်အား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းသည့် ဖြစ်စဉ်ဖြစ်ပြီး ၂၀၂၃ ပထမနှစ်ဝက်တွင် ဖြစ်ပွားခဲ့သည်။ တိုက်ပွဲသည် ၂၀၂၁ မြန်မာ ပြည်တွင်းစစ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

တိုက်ပွဲ[ပြင်ဆင်ရန်]

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကရင်နီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက တပ်သား ၃၀ ပါ စစ်ကြောင်းတစ်ခုဖြင့် မယ်စဲ့မြို့နယ်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုကြောင့် တပ်မတော် စစ်သား ခြောက်ဦး သေဆုံးပြီး၊ ငါးဦးကို ဖမ်းဆီးရမိကာ ၁၀ ဦးမှ ထွက်ပြေးသွားခဲ့သည်။ လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်။[၆] ၂၀၂၃ ခုနှစ် မေလနှောင်းပိုင်းတွင် စစ်ကောင်စီတပ်သားများက မယ်စဲ့ရှိ အခြေစိုက်စခန်းများသို့ ရိက္ခာပစ္စည်းများ ပို့ဆောင်ရန် ကြိုးစားခဲ့ကြသည်။[၇]

၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့၊ မနက် ၅ နာရီခန့်တွင် မယ်စဲ့ရဲစခန်းနှင့် အနီးနားရှိ စစ်စခန်းများကို စစ်ကောင်စီဆန့်ကျင်တပ်များက တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီအခြေစိုက်စခန်းများအား သိမ်းပိုက်ရရှိပြီးနောက် မြို့တွင်းသို့ ဆက်လက်ဝင်ရောက်ခဲ့ပြီး ရဲတပ်သား ၁၀ ဦးခန့်ရှိသည့် မြို့နယ်ရဲစခန်းကို ဆက်လက်တိုက်ခိုက်ခဲ့သည်။[၁] တောင်လှရွာအနီးရှိ စခန်းတွင် ၁၂၀ မမ လက်နက်ကြီးနှစ်လက်ကို သိမ်းပိုက်ရရှိခဲ့သည်။ အခြားစခန်းနှစ်ခုမှာ မိုင်လနွယ်ရွာအနီးနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ မိုင်တိုင် ၁၄ အနီးတွင် ဖြစ်သည်။ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ၏ ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ ရိုင်ဖယ်လက်နက် ၄၀ ခန့် သိမ်းဆည်းရရှိခဲ့သည်။ မြို့နယ်ရဲစခန်းမှူးမှာ တိုက်ပွဲတွင် သေဆုံးခဲ့သည်။[၂] စစ်ကောင်စီမှ ဇွန်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်နှင့် ဇွန်လ ၁၄ ရက်နေ့ မနက် ၁ နာရီခန့်တွင် လေကြောင်းပစ်ခတ်မှု ခြောက်ကြိမ်ပြုလုပ်ခဲ့သည်။ မယ်စဲ့နှင့် အနီးနားရှိ ဒုက္ခသည်စခန်းများမှ အရပ်သား ၃,၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည်။ စစ်ကောင်စီဆန့်ကျင်တပ်များမှ မြို့တွင်းမှ ပြန်လည်ဆုတ်ခွာခဲ့သော်လည်း တောင်ကုန်းများပေါ်တွင် ဆက်လက်တပ်စွဲထားဆဲ ဖြစ်သည်။[၂][၁]

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၏ တပ်ဖွဲ့နှစ်ဖွဲ့သည် ယခင်က စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်အဖြစ် ရှိနေခဲ့သော်လည်း မယ်စဲ့တိုက်ပွဲတွင် စစ်ကောင်စီအား ပြန်လည် တိုက်ခိုက်ခဲ့သည်။[၈]

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ်သား ခုနစ်ဦးမှာ ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးသွားခဲ့သည်။ ဇွန်လ ၁၅ ရက်နေ့အထိ လေကြောင်းမှ ဗုံးကြဲမှုများ ရှိနေဆဲဖြစ်သည်။[၅] ဇွန်လ ၁၈ ရက်နေ့တွင် မယ်စဲ့မြို့အား ပြန်လည်သိမ်းပိုက်ရန်အတွက် ဒီးမော့ဆိုရှိ စစ်ကောင်စီတပ်သား ရာပေါင်းများစွာကို စေလွှတ်ခဲ့သည်။[၉] ဇွန်လ ၂၃ ရက်နေ့တွင် ကရင်နီတပ်များအား မယ်စဲ့မြို့နယ်အတွင်းရှိ အခြားစစ်အခြေစိုက်စခန်းတစ်ခုကို ထပ်မံသိမ်းပိုက်ခဲ့သည်။[၁၀]

ကိုးကား[ပြင်ဆင်ရန်]