သံခဲ

ဝီကီပီးဒီးယား မှ
ရဲဘော်

သံခဲ
ABSDF ညီလာခံတွင် တွေ့ရသော ရဲဘော်သံခဲ (မတ် ၂၀၁၄)
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဧပြီ ၂၀၀၁
ယခင်လူဒေါက်တာနိုင်အောင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွားကျောက်ဆည်မြို့ မန္တလေးတိုင်း
လူမျိုးမြန်မာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
အမှုထမ်းကာလ၁၉၈၈-

ရဲဘော် သံခဲ သည် ကရင်ပြည်နယ်တွင် အခြေစိုက်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ လက်ရှိခေါင်းဆောင်နှင့် ဥက္ကဋ္ဌဖြစ်သည်။[၁] ၂၀၀၁ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ပြုလုပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၏ ဆဋ္ဌမအကြိမ်မြောက် အထွေထွေညီလာခံတွင် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသည်။[၂][၃]

သံခဲသည် ၂၀၁၃ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင် ကရင်ပြည်နယ် အစိုးရနှင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။[၄][၅] ၂၀၁၃ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တွေ့ဆုံပြီး ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ တွင် လက်မှတ်ရေးထိုးခဲ့သည်။[၆]

သံခဲသည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ABSDF ၏ ကိုယ်စားလှယ်အဖြစ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သည်။[၇]

ကိုးကား[ပြင်ဆင်ရန်]

  1. "ABSDF urges inclusiveness in reform process"၊ 17 August 2015။ 
  2. The Sixth General Conference of ABSDF (11 April 2001)။
  3. "ABSDF upbeat after union-level talks"၊ 18 August 2013။ 8 March 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 8 March 2022။ 
  4. "ABSDF Signs State-Level Ceasefire Agreement"၊ The Irrawaddy၊ 5 August 2013။ 
  5. "ABSDF delegation urges political dialogue for peace"၊ မြန်မာတိုင်း(မ်)၊ ၇ ဇန်နဝါရီ ၂၀၁၃။ 8 March 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 8 March 2022။ 
  6. "ABSDF sign Union-level ceasefire"၊ Mon News Agency၊ 13 August 2013။ 
  7. "ABSDF » Myanmar Peace Monitor"၊ Myanmar Peace Monitor၊ 6 June 2013။