တောင်မြင့်ရွာ၊ ပေါက်မြို့နယ်

ဝီကီပီးဒီးယား မှ
တောင်မြင့်
ရွာ
တောင်မြင့်ရွာ
တောင်မြင့် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
တောင်မြင့်
တောင်မြင့်
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 21°23′56″N 94°28′44″E / 21.3990001678467°N 94.4789962768555°E / 21.3990001678467; 94.4789962768555ကိုဩဒိနိတ်: 21°23′56″N 94°28′44″E / 21.3990001678467°N 94.4789962768555°E / 21.3990001678467; 94.4789962768555
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မကွေး
ခရိုင်ပခုက္ကူခရိုင်
မြို့နယ်ပေါက်မြို့နယ်
ကျေးရွာအုပ်စုတောင်မြင့်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

တောင်မြင့်ရွာ (အင်္ဂလိပ်: Taungmyint)သည် မကွေးတိုင်းဒေသကြီးပခုက္ကူခရိုင်ပေါက်မြို့နယ်တောင်မြင့်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၈၈၁၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တောင်မြင့်ကျေးရွာအုပ်စုတွင် ကျား ၂၁၅၅ ဦး၊ မ ၂၆၅၀ ဦး၊ လူဦးရေ စုစုပေါင်း ၄၈၀၅ ဦးနေထိုင်သည်။[၁] ကျေးရွာသည် တောင်မြင့်ကျေးရွာအုပ်စု၏ ပင်မရွာ ဖြစ်သည်။[၂]

သမိုင်း[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော ပြည်သူ့ခုခံတော်လှန်စစ်ကာလတွင် စာသင်ကျောင်းများ ပိတ်ထားခဲ့သည်။ ကျေးရွာသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် တပ်မတော် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ရာ နေရာ ဖြစ်လာခဲ့သည်။ စစ်ကောင်စီတပ်သားများက အနီးနားရှိ သစ်ညီနောင်ရွာမှ ကျောင်းဆရာတစ်ဦးအား ခေါင်းဖြတ်သတ်ဖြတ်ခဲ့ပြီး ဦးခေါင်းအား စာသင်ကျောင်းဝင်ပေါက်တွင် ချိတ်ဆွဲထားခဲ့သလို စာသင်ကျောင်းအား မီးရှို့ခဲ့သည်။[၃][၄] ပြည်တွင်းစစ်မတိုင်မီ ၂၀၁၉ ခုနှစ်က ကျေးရွာတွင် အလယ်တန်းကျောင်းတစ်ကျောင်ရှိကာ ဆရာဆရာမ ၉ ဦးနှင့် ကျောင်းသားကျောင်းသူ ၁၂၃ ဦး တက်ရောက်ခဲ့သည်။[၂]


ကိုးကား[ပြင်ဆင်ရန်]

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။
  2. ၂.၀ ၂.၁ Myanmar Information Management Unit (September 2019)။ Pauk Myone Daethasaingyarachatlatmya ပေါက်မြို့နယ် ဒေသဆိုင်ရာအချက်လက်များ [Pauk Township Regional Information] (PDF) (အစီရင်ခံစာ)။ MIMU7 January 2024 တွင် ပြန်စစ်ပြီး
  3. Peck၊ Grant။ "Myanmar villagers say army beheaded high school teacher" (in en)၊ AP News၊ 21 October 2022။ 
  4. "Myanmar villagers say army beheaded high school teacher" (in en)၊ 2022-10-21။