မာတိကာသို့ ခုန်သွားရန်

မြဝတီရုပ်မြင်သံကြား

ဝီကီပီးဒီးယား မှ
Myawaddy TV
စတင်ခြင်း၂၇ မတ် ၁၉၉၅ (၁၉၉၅-၀၃-၂၇)
ပိုင်ဆိုင်သူတပ်မတော်
ရုပ်ပုံအမျိုးအစား16:9 1080i
နိုင်ငံ မြန်မာ
ဘာသာစကားမြန်မာ
ထုတ်လွှင့်သည့် ဧရိယာမြန်မာနိုင်ငံတစ်ဝန်း
ဌာနချုပ်များရန်ကုန်မြို့
ဝက်ဘ်ဆိုဒ်myawady.com.mm
ဖမ်းယူရရှိနိုင်မှု
မြေပြင်
MWD Digital TV
Myanmar
Channel 4 (HD)
ဂြိုဟ်တု
SKYNET DTH
Myanmar
Channel 3
Asiasat 9 122°E3916/H/22500 (HD)

မြဝတီရုပ်မြင်သံကြား သည် မြန်မာနိုင်ငံရှိ တပ်မတော်ပိုင် ရုပ်သံလွှင့် လုပ်ငန်းတစ်ခုဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

မြဝတီရုပ်သံကြား အစီအစဉ်များကို ၁၉၉၅ ခုနှစ် မတ်လ ၂၇ ရက် (တပ်မတော်နေ့) တွင် စတင်ထုတ်လွှင့်ခဲ့သည်။ ၂၀၁၂ ခုနှစ် နေပြည်တော် ရှိ မြဝတီ ရုပ်သံလွှင့်ဌာန တည်ဆောက်ပြီးစီးနောက်ပိုင်းတွင် ရုပ်သံလိုင်း အသစ် ခြောက်လိုင်း ကို digital ရုပ်သံလိုင်းများ အဖြစ် တိုးချဲ့ထုတ်လွှင့်ခဲ့သည်။[]၂၀၂၀ခုနှစ် မတ်လတွင် မြဝတီရုပ်မြင်သံကြား လိုင်းများအား ကြည်လင်ပြတ်သားသော ရုပ်သံအရည်အသွေး(HD Format) ဖြင့် DVB-T စနစ် မှ DVB-T2 စနစ်သို့ ပြောင်းလဲထုတ်လွှင့်နေသည်။

ရုပ်သံလိုင်းများ

[ပြင်ဆင်ရန်]

မြဝတီရုပ်မြင်သံကြားလိုင်းများ အား နေ့စဉ် မနက် ၆နာရီ မှ ည ၁၂နာရီ အထိ နေ့စဉ် ထုတ်လွှင့်လျက်ရှိသည်။

ရုပ်သံလိုင်း နံပါတ် ရုပ်သံလိုင်း အမည် Picture format မှတ်ချက်
MWD Digital MUX
1MWD Variety1080i 16:9
2MWD Movies
3MWD Education, Knowledge and Sports
4MWD[]ပင်ရင်း မြဝတီရုပ်သံလိုင်း
5MWD Family
6MWD Documentry
7MWD Shopping
8Thazin FM RadioAudio Only
Relay Station Frequency Channel Transmitter Power
နေပြည်တော်E42 642 MHz3KW
ရန်ကုန်E42 642 MHz3KW
စစ်ကိုင်း/မန္တလေးE42 642 MHz3KW

သုံးသပ်ချက်

[ပြင်ဆင်ရန်]

မြဝတီရုပ်မြင်သံကြားသည် တပ်မတော်ပိုင်သတင်းမီဒီယာဖြစ်သောကြောင့် စစ်သတင်းများကိုသာ အများအပြား တင်ဆက်သည်ကိုတွေ့ရသည်။ စစ်တပ်၏သတင်းများကိုသာ အဓိကအာရုံစိုက်ပြီး အစိုးရသတင်း တင်ဆက်မှုနှင့်ပတ်သက်၍ သိသိသာသာ တိုးလာခဲ့သည်ဟုဆိုသည်။

၂၀၁၇ ဒီဇင်ဘာမှ ၂၀၁၈  ခုနှစ် မေလအထိ သုတေသန စစ်တမ်းတစ်ခုအရ သတင်းများ၏ ၆၅ ရာခိုင်နှုန်းမှာ တပ်မတော်သတင်းများဖြစ်၍ အစိုးရသတင်းများသည် ၂၁ ရာခိုင်နှုန်းရှိသည်။ ၂၀၁၈ မေလ ရလဒ်အရ မြဝတီတွင် ဖော်ပြခံရသည့် နိုင်ငံရေး ပါတီမှာ နှစ်ခုသာရှိခဲ့ပြီး NLD ပါတီသည် ၂ ဒသမ ၇ ရာခိုင်နှုန်းနှင့် USDP သည် ၀ ဒသမ ၂ ရာခိုင်နှုန်း ဖြစ်ပြီး ဖော်ပြချက်အားလုံးသည် အကောင်းမြင်သည့် တင်ဆက်မှုများ ဖြစ်သည်ဟု အဆိုပါစစ်တမ်းက ဖော်ပြထားသည်။ မြဝတီရုပ်သံသည် တိုင်းရင်းသား လက်နက်ကိုင်များ၏ တိုက်ခိုက်ခိုက်မှုများကိုလည်း တင်ဆက်မှုရှိ၍ လားဟူနှင့် မွန်ပြည်သစ်ပါတီတို့ NCA လက်မှတ်ရေးထိုးပွဲများကိုလည်း အလေးပေးဖော်ပြသည်။ သို့ရာတွင် စက်ရုံအလုပ် သမားများ၊ ကျောင်းသားနှင့် စာနယ်ဇင်းသမားများ၏ ဆန္ဒပြပွဲများကို လုံးဝလျစ်လျူရှုကြောင်း ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။[]

ဆက်စပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. MWD plans to expand TV programming 23 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 May 2020 တွင် ပြန်စစ်ပြီး။
  2. About MWD Channel
  3. Eleven News report about MRTV and MWD ၂၅ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။