မာတိကာသို့ ခုန်သွားရန်

ရိုက်တာ

ဝီကီပီးဒီးယား မှ
(Reuters မှ ပြန်ညွှန်းထားသည်)
Reuters
အမျိုးအစားတစ်သီးပုဂ္ဂလစီးပွားရေး
လုပ်ငန်းသတင်းဌာန
တည်ထောင်သည့်နှစ်အောက်တိုဘာ ၁၈၅၁; ၁၇၄ နှစ် အကြာက (၁၈၅၁-၁၀)
တည်ထောင်သူများပေါလ် ဂျူးလိယပ်စ် ရွိုက်တာ
ဌာနချုပ်ယူနိုက်တက်ကင်းဒမ်းလန်ဒန်မြို့၊ ကနေရီဝါ့ဖ်
ဝန်ဆောင်မှု ဧရိယာကမ္ဘာအနှံ့
အရေးပါ ပုဂ္ဂိုလ်များMichael Friedenberg(ဥက္ကဋ္ဌ)
Stephen J. Adler
(အယ်ဒီတာချုပ်)
မိခင်ကုမ္ပဏီတောမ်ဆန် ရွိုက်တာဇ်
ဝက်ဘ်ဆိုက်reuters.com
ရိုက်တာသတင်းဌာနကို စတင်တည်ထောင်သူ ပေါလ် ရွိုက်တာ (၁၈၆၅ ခန့်က ရိုက်ကူးထားသောပုံ)

ရိုက်တာ (အင်္ဂလိပ်: Reuters; (/ˈrɔɪtərz/ ( ); /ရွိုက်တာဇ်/) သည် ကနေဒါအခြေစိုက် တောမ်ဆန် ရွိုက်တာဇ် ကော်ပိုရေးရှင်းက (Thomson Reuters) ပိုင်ဆိုင်သော သတင်းဌာနတစ်ခုဖြစ်သည်။[] သတင်းဌာနတွင် သတင်းထောက် ၂,၅၀၀ ခန့်နှင့် ဓာတ်ပုံသတင်းထောက် ၆၀၀ ခန့်ရှိ၍ ကမ္ဘာအနှံ့ နေရာဒေသပေါင်း ၂၀၀ ကျော်၌ သတင်းရယူနေသော အဖွဲ့အစည်းတစ်ခုဖြစ်၏ ။[][] ရိုက်တာသတင်းဌာနသည် ကမ္ဘာပေါ်၌ အကြီးဆုံးသောသတင်းဌာနများအနက်တစ်ခုလည်းဖြစ်ပေသည်။[]

၁၈၅၁ ခုနှစ် လန်ဒန်မြို့တွင် ဂျာမန်ဖွား ပေါလ် ရွိုက်တာက သတင်တည်ထောင်ခဲ့ကာ ထို့နောက် တောမ်ဆန် ကော်ပိုရေးရှင်းက ၂၀၀၈ တွင် ရယူခဲ့ပြီး ယခု၌မူ တောမ်ဆန် ရွိုက်တာ၏ မီဒီယာအခွဲတစ်ခုလည်းဖြစ်သည်။

မြန်မာသတင်းထောက်များ

[ပြင်ဆင်ရန်]

၂၀၁၈ ခုနှစ်တွင် ရိုဟင်ဂျာရွာတစ်ရွာ၌ ဖြစ်ပွားခဲ့သော လူသတ်ပွဲအား စုံစမ်းစစ်ဆေးနေစဉ် နိုင်ငံတော်လျှို့ဝှက်ချက်များကို ရယူခဲ့သည်ဟုဆိုကာ ရိုက်တာသတင်းထောက်နှစ်ဦး ကိုဝလုံးနှင့် ကိုကျော်စိုးဦးကို ထောင်ဒဏ် (၇) နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့သည်။[] ၎င်းတို့၏ ဖမ်းဆီးခံရမှုနှင့် ပြစ်ဒဏ်ချမှတ်ခံရမှုတို့ကို သတင်းလွတ်လပ်ခွင့်အပေါ် တိုက်ခိုက်မှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့ကြသည်။ သတင်းထောက်များဖြစ်သည့် ဝလုံးနှင့် ကျော်စိုးဦးတို့သည် Foreign Press Association Media Award နှင့် Pulitzer Prize for International Reporting အပါအဝင် ဆုများစွာကို ရရှိခဲ့ကြပြီး ၂၀၁၈ ခုနှစ်အတွက် Time Person of the Year အဖြစ် အခြားသော ဖိနှိပ်ခံသတင်းထောက်များနှင့်အတူ ရွေးချယ်ခံခဲ့ရသည်။ .[][][] ထောင်ထဲတွင် ၅၁၁ ရက်ကြာနေထိုင်ပြီးနောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၀၁၉ ခုနှစ် မေလ ၇ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. About us 14 January 2019 တွင် ပြန်စစ်ပြီး။
  2. Home - Reuters News - The Real World in Real Time (in en-US)။ 13 December 2020 တွင် ပြန်စစ်ပြီး။
  3. Careers 2 December 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 January 2019 တွင် ပြန်စစ်ပြီး။
  4. "News agency"Encyclopædia Britannica။ 23 August 200218 February 2017 တွင် ပြန်စစ်ပြီး
  5. "ရိုက်တာသတင်းထောက်နှစ်ဦးအား ထောင်ဒဏ် ၇နှစ် စီချမှတ်"၊ Myanmar Now 2025-6-25 တွင် ပြန်စစ်ပြီး Archived from the original on 17 March 2025။
  6. "Wa Lone and Kyaw Soe Oo to appeal seven-year sentence"၊ Al-Jazeera၊ 23 December 2018။
  7. "Reuters journalists Wa Lone and Kyaw Soe Oo win Journalist of the Year at Foreign Press Association Media Awards" (သတင်းထုတ်ပြန်ချက်)။ Reuters Press Blog။ 27 November 2018။ 7 May 2019 တွင် မူရင်းမှ မော်ကွန်းတင်ပြီး
  8. "Pulitzer Prize: 2019 Winners List"၊ The New York Times၊ 15 April 2019။
  9. "ရိုက်တာသတင်းထောက်နှစ်ဦးနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်အချို့ အပါအဝင် အကျဉ်းသား ၆၅၀၀ ကျော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာ"၊ Eleven Media 2025-6-25 တွင် ပြန်စစ်ပြီး