မာတိကာသို့ ခုန်သွားရန်

အမျိုးသားညီညွတ်ရေး အစိုးရ

ဝီကီပီးဒီးယား မှ
အမျိုးသားညီညွတ်ရေး အစိုးရ
National Unity Government

အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ
လက်ရှိ
အစိုးရခေါင်း​ဆောင်များ
ဖွဲ့စည်းရက်စွဲ၁၆ ဧပြီ ၂၀၂၁ (၂၀၂၁-၀၄-၁၆)
လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ
နိုင်ငံတော်ခေါင်းဆောင်ဦးဝင်းမြင့်၊ဦးဒူဝါလရှီးလ,
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်ဒုသမ္မတ
ကိုယ်စားပြုပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ
အစိုးရခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်,
ဦးမန်းဝင်းခိုင်သန်း, ပြည်ထောင်စုဝန်ကြီးချုပ်
ဝန်ကြီး ဦးရေ၂၈ ဦး
အဖွဲ့ဝင် ပါတီ
အတိုက်အခံ အစိုးရအိမ်စောင့်အစိုးရ
အတိုက်အခံ ခေါင်းဆောင်မင်းအောင်လှိုင်
သမိုင်း
ပြီးခဲ့သော ရွေးကောက်ပွဲ၂၀၂၀ ရွေးကောက်ပွဲ
ယခင်
ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်
 မြန်မာနိုင်ငံ မုခ်ဝ

အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၁ခုနှစ် မတ်လ ၃၁ရက်က ကြေညာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဧပြီလ ၁၆ ရက်နေ့တွင် ကြေညာချက်အမှတ် ၂၃/၂၀၂၁ ကို ထုတ်ပြန်၍ အတည်ပြု ဖွဲ့စည်းလိုက်သော ကြားကာလ ညီညွတ်ရေးအစိုးရ ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ် ၆ ဦးကို နိုင်ငံပေါင်း ၅ နိုင်ငံတွင် ခန့်အပ်ထားသည်။ [][][][]

အစိုးရအဖွဲ့တွင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စားလှယ်များ၊ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများမှ ထင်ရှားသူများ ပါဝင်သည်။ စစ်အစိုးရကမူ အမျိုးသားညီညွတ်ရေး အစိုးရကို တရားမဝင်ဟု ပြောဆိုခဲ့သည်။[]

နိုင်ငံတကာအနေဖြင့် ၎င်းတို့အား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြရန် NUG က တောင်းဆိုထားပြီး၊[] ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသူ ဦးလွင်ကိုလတ်ကလည်း မကြာမီကာလအတွင်း ကမ္ဘာ့နိုင်ငံကြီးအချို့၏ အသိအမှတ်ပြုမှုကို မျှော်လင့်ထားကြောင်း ပြောကြားသည်။[] နိုင်ငံတကာကုန်သွယ်ရေးသမဂ္ဂ အကျိုးတူပူးပေါင်းအဖွဲ့က နိုင်ငံတကာအစိုးရများနှင့် ကုလသမဂ္ဂအနေဖြင့် NUG ကို အသိအမှတ်ပြုကြရန် နှိုးဆော်ထားသကဲ့သို့၊[] အာဆီယံဒေသတွင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ လွှတ်တော်ကိုယ်စားလှယ်များကလည်း ဧပြီလ ၂၄ရက်တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ စစ်အစိုးရကိုယ်စားလှယ်ထက် NUG ကိုသာ ဖိတ်ခေါ်သင့်ကြောင်း တိုက်တွန်းသည်။[]

အောက်တိုဘာလ ၅ ရက်တွင် ပြင်သစ်နိုင်ငံ အထက်လွှတ်တော်က အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။အောက်တိုဘာ ၇ ရက်တွင်လည်း ဥရောပ ပါလီမန်က အမျိုးသားညီညွတ်ရေးအစိုးရ နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ်များကို ချက်သမ္မတနိုင်ငံ အပါအဝင် တောင်ကိုရီးယားနိုင်ငံ စသည့်နိုင်ငံများတွင် ထားရှိပြီးဖြစ်သည်။

အမျိုးသားညီညွတ်ရေး အစိုးရသစ်နှင့်အတူ ပြည်သူ့အသံ ရုပ်သံလိုင်း (Public Voice TV) ကိုလည်း ထုတ်လွှင့်ခဲ့သည်။[၁၀] ၂၀၂၁ မေလ ၅ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။[၁၁] မေလ ၈ ရက်နေ့တွင် စစ်ကောင်စီမှ ထိုတပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့ဟု ထုတ်ပြန်ကြေညာခဲ့သည်။[၁၂][၁၃]

အရေးပေါ်အခြေအနေ ကြေညာခြင်း

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှ စတင်ပြီး နိုင်ငံတော်အား အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ကြေညာခဲ့သည်။ တရားမဝင် စစ်အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးကို အပြီးတိုင် ဖျက်သိမ်းရန် လိုအပ်လာသော အခြေအနေ အရပ်ရပ်ကြောင့် ပြည်ထောင်စုနိုင်ငံတော် တစ်ဝန်းလုံးအား အရေးပေါ်အခြေအနေအဖြစ် စက်တင်ဘာလ ၇ ရက်နေ့မှ ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည်ထူထောင်နိုင်သည့် အချိန်အထိ သတ်မှတ်ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် စက်တင်ဘာလ ၇ ရက်နေ့မှစတင်ကာ ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း နှင့် အလုပ်ဆင်းရန် မလိုအပ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ထုတ်ပြန်ကြေညာခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရကပြည်သူ့ခုခံတွန်းလှန်စစ်စတင်ကြောင်းကြေညာပြီးသည်နှင့်တစ်ပြိုင်နက်မြန်မာနိုင်ငံတစ်ဝန်းစစ်ရေးလှုပ်ရှားမှုများအရှိန်အဟုန်မြင့်မားလာသည်။ [၁၄][၁၅]


အစိုးရအဖွဲ့

ခေါင်းဆောင်များ

ရာထူး အမည် ဂုဏ်ဒြပ် တာဝန်သက်တမ်း နိုင်ငံရေးပါတီ ရင်းမြစ်
စတင် ပြီးဆုံး ရက်ပေါင်း
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်
(အကျဉ်းကျခံနေရ)
နိုင်ငံတော် အကြီးအကဲ ၁၆ ဧပြီ ၂၀၂၁ တာဝန်ထမ်းဆောင်ဆဲ ၁၄၉၀


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် [၁၆]
နိုင်ငံတော်ဒုတိယသမ္မတ (ယာယီသမ္မတ) ဒူဝါလရှီးလ နိုင်ငံတော် ဒုတိယ အကြီးအကဲ ၁၆ ဧပြီ ၂၀၂၁ တာဝန်ထမ်းဆောင်ဆဲ ၁၄၉၀


ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ / Kachin Political Interim Coordination Team
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
(အကျဉ်းကျခံနေရ)
အစိုးရအဖွဲ့ အကြီးအကဲ ၁၆ ဧပြီ ၂၀၂၁ တာဝန်ထမ်းဆောင်ဆဲ ၁၄၉၀


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အစိုးရအဖွဲ့ ဒုတိယအကြီးအကဲ ၁၆ ဧပြီ ၂၀၂၁ တာဝန်ထမ်းဆောင်ဆဲ ၁၄၉၀


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ပြည်ထောင်စုဝန်ကြီးများ

စဉ် ဝန်ကြီးဌာန အမည် သက်တမ်း
စတင် ကုန်ဆုံး သက်တမ်း
နိုင်ငံခြားရေးဝန်ကြီးဌာန ဒေါ်ဇင်မာအောင် ၁၆ ဧပြီ ၂၀၂၁ လက်ရှိ ၁၄၉၀


ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဦးလွင်ကိုလတ်
ကာကွယ်ရေးဝန်ကြီးဌာန ဦးရည်မွန်
ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန ဒေါက်တာလျန်မှုန်းဆာခေါင်း
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ဦးတင်ထွန်းနိုင်
လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ဒေါက်တာဝင်းမြတ်အေး
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒေါက်တာဆာဆာ
ပညာရေးဝန်ကြီးဌာန ဒေါက်တာဇော်ဝေစိုး
ကျန်းမာရေးဝန်ကြီးဌာန
၁၀ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒေါက်တာတူးခေါင်
၁၁ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန နော်ဆူဇန်နာလှလှစိုး
၁၂ အလုပ်သမား ဝန်ကြီးဌာန နိုင်ထွန်းဖေ (ခ) နိုင်သုဝဏ္ဏ
၁၃ တရားရေး ဝန်ကြီးဌာန ဦးသိန်းဦး
၁၄ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဦးထင်လင်းအောင်
၁၅ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဦးစိုးသူရထွန်း
၁၆ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒေါ်ခင်မမမျိုး ၂၅ ဩဂုတ် ၂၀၂၁ လက်ရှိ

ဒုတိယဝန်ကြီးများ

ဝန်ကြီးဌာန အမည် တာဝန်သက်တမ်း နိုင်ငံရေးပါတီ ရင်းမြစ်
စတင် ပြီးဆုံး ရက်ပေါင်း
ကာကွယ်ရေးဝန်ကြီးဌာန နိုင်ကောင်းရွက် ၁၆ ဧပြီ ၂၀၂၁ လက်ရှိ ၁၄၉၀


မွန်ပြည်သစ်ပါတီ [၁၆]
ပညာရေးဝန်ကြီးဌာန ဂျာထွယ်ပန် ၁၆ ဧပြီ ၂၀၂၁ လက်ရှိ ၁၄၉၀


Kachin Political Interim Coordination Team
ဒေါက်တာစိုင်းခိုင်မျိုးထွန်း ၃ မေ ၂၀၂၁ လက်ရှိ ၁၄၇၃


တစ်သီးပုဂ္ဂလ
ကျန်းမာရေးဝန်ကြီးဌာန ဒေါက်တာရွှေပုံ ၁၆ ဧပြီ ၂၀၂၁ လက်ရှိ ၁၄၉၀


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လဖိုင်မော်ထွန်းအောင် ၂၆ ဇူလိုင် ၂၀၂၁ လက်ရှိ ၁၃၈၉


ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်
ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ဦးချစ်ထွန်း ၁၆ ဧပြီ ၂၀၂၁ လက်ရှိ ၁၄၉၀


ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး
မိုင်းဝင်းထူး ၁၆ ဧပြီ ၂၀၂၁ လက်ရှိ ၁၄၉၀


တအောင်း(ပလောင်)အမျိုးသားပါတီ
နိုင်ငံခြားရေး ဝန်ကြီးဌာန ဦးမိုးဇော်ဦး ၁၆ ဧပြီ ၂၀၂၁ လက်ရှိ ၁၄၉၀


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ခူးထဲဘူး ၁၆ ဧပြီ ၂၀၂၁ လက်ရှိ ၁၄၉၀


ကရင်နီအမျိုးသားတိုးတက်ရေးပါတီ
လူသားချင်းစာနာထောက်ထားရေးနှင့်
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန
နော်ထူးဖော ၁၆ ဧပြီ ၂၀၂၁ လက်ရှိ ၁၄၉၀


တစ်သီးပုဂ္ဂလ
လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဗဟန်းထန် ၃ မေ ၂၀၂၁ လက်ရှိ ၁၄၇၃


ကယန်းပြည်သစ်ပါတီ
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ခေါင်နော ၃ မေ ၂၀၂၁ လက်ရှိ ၁၄၇၃


တစ်သီးပုဂ္ဂလ
အလုပ်သမား ဝန်ကြီးဌာန ဦးကျော်နီ(ခ) ဦးကျော်ကျော် ၃ မေ ၂၀၂၁ လက်ရှိ ၁၄၇၃


ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ခွန်းဘီထူး ၁၆ ဧပြီ ၂၀၂၁ လက်ရှိ ၁၄၉၀


ကယန်း အမျိုးသားပါတီ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန ဦးမင်းဇေယျာဦး ၁၆ ဧပြီ ၂၀၂၁ လက်ရှိ ၁၄၉၀


မွန်ညီညွတ်ရေးပါတီဝင်ဟောင်း
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒေါ်အိသဉ္ဇာမောင် ၁၆ ဧပြီ ၂၀၂၁ လက်ရှိ ၁၄၉၀


လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်ဟောင်း

အခြားဖတ်ရန်

ကိုးကား

  1. "အမျိုးသားညီညွတ်ရေးအစိုးရသစ်ဖွဲ့စည်းကြောင်း CRPH ကြေညာ"၊ 16 ဧပြီ 2021။ 
  2. "အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွဲ့စည်းကြောင်း CRPH ကြေညာ"၊ Radio Free Asia 
  3. "အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း" (in my)၊ Committee Representing Pyidaungsu Hluttaw၊ 16 April 2021။ 
  4. Opponents of Myanmar's junta set up national unity government (2021-04-16)။ 2021-04-16 တွင် ပြန်စစ်ပြီး။
  5. Myanmar activists hold 'blue shirt' protests; report says junta chief to attend summit (2021-04-21)။ 2021-04-22 တွင် ပြန်စစ်ပြီး။
  6. Myanmar unity government says it must be part of any ASEAN bid to end crisis (2021-04-18)။ 2021-04-22 တွင် ပြန်စစ်ပြီး။
  7. Some countries will officially recognise Myanmar's shadow government in the coming days, says new minister (in en)။ 2021-04-22 တွင် ပြန်စစ်ပြီး။
  8. Myanmar: National unity government must be recognised (in en)။ 7 May 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-04-22 တွင် ပြန်စစ်ပြီး။
  9. Myanmar's National Unity Government must be invited to this week's ASEAN Special Summit, MPs say (in en-US) (2021-04-20)။ 2021-04-22 တွင် ပြန်စစ်ပြီး။
  10. ပြည်သူ့အသံ ရုပ်သံ (Public Voice Television) ကို စတင်ထုတ်လွှင့်PVTV
  11. Sebastian Strangio။ "Can Myanmar’s New ‘People’s Defense Force’ Succeed?"၊ The Diplomat၊ 6 May 2021။ 
  12. "Myanmar junta designates shadow government as 'terrorist' group"၊ Deutsche Welle၊ 8 May 2021။ 
  13. CRPH ၊ NUG ၊ PDF နှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများအား အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန် (in my)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  14. စက်တင်ဘာ ၇ ရက်မှစ၍ အရေးပေါ်အခြေအနေသတ်မှတ်ကြောင်း NUG အစိုးရကြေညာ (in en) (7 စက်တင်ဘာ 2021)။ ၇ စက်တင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  15. တစ်နိုင်ငံလုံးရှိ ဝန်ထမ်းများ အလုပ်မဆင်းရန် NUG အရေးပေါ်အခြေအနေ ကြေညာ (in en)။ ၇ စက်တင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  16. ၁၆.၀ ၁၆.၁ "Who's Who in Myanmar's National Unity Government"၊ The Irrawaddy၊ 16 April 2021။ 

ပြင်ပလင့်ခ်များ