နီလင်းအောင်
ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် | |
|---|---|
| အမှတ်(၁)စစ်ဆင်ရေးအထူးအဖွဲ့မှူး | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် စက်တင်ဘာ ၂၀၂၅ | |
| ယခင်လူ | ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး |
| အမှတ်(၆)စစ်ဆင်ရေးအထူးအဖွဲ့မှူး | |
| တာဝန်သက်တမ်း မတ် ၂၀၂၅ – စက်တင်ဘာ ၂၀၂၅ | |
| ယခင်လူ | ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ |
| ဆက်ခံသူ | အထူးအဖွဲ့ဖျက်သိမ်း[၁] |
| တပ်မတော်စစ်ဆေးရေး အရာရှိချုပ် | |
| တာဝန်သက်တမ်း ဇန်နဝါရီ ၂၀၂၅ – မတ် ၂၀၂၅ | |
| ယခင်လူ | ဗိုလ်ချုပ် သိန်းထိုက် |
| ဆက်ခံသူ | ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ |
| အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး | |
| တာဝန်သက်တမ်း ၄ ဩဂုတ် ၂၀၂၄ – ဇန်နဝါရီ ၂၀၂၅ | |
| ယခင်လူ | ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး |
| ဆက်ခံသူ | ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး |
| ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး | |
| တာဝန်သက်တမ်း ၂၁ ဇူလိုင် ၂၀၂၃ – ၃ ဩဂုတ် ၂၀၂၄ | |
| နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
| ယခင်လူ | ဗိုလ်ချုပ်ဇင်မင်းထက် |
| ရဲချုပ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ | |
| တာဝန်သက်တမ်း ၂၁ ဇူလိုင် ၂၀၂၃ – ၃ ဩဂုတ် ၂၀၂၄ | |
| ယခင်လူ | ဗိုလ်ချုပ်ဇင်မင်းထက် |
| ဆက်ခံသူ | ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး[၂] |
| တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး | |
| တာဝန်သက်တမ်း ၂၀၂၂ – ၂၀၂၃ | |
| ယခင်လူ | ဗိုလ်ချုပ် မျိုးမင်းထွန်း |
| ဆက်ခံသူ | ဗိုလ်ချုပ်အောင်ခိုင်ဝင်း [၃] |
| ကိုယ်ရေး အချက်အလက်များ | |
| လူမျိုး | မြန်မာ |
| ကြင်ဖော် | ဒေါ်လဲ့လဲ့မာ |
| သားသမီး | ၂ |
| မိခင်ကျောင်း | စစ်တက္ကသိုလ် အမှတ်စဉ်(၃၇) |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် (ကြည်း) |
| ရာထူး | ဒုတိယဗိုလ်ချုပ်ကြီး |
ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် သည် မြန်မာလူမျိုး တပ်မတော်အရာရှိကြီးဖြစ်ပြီး လက်ရှိတွင် အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး အဖြစ် တာဝန်ထမ်းဆောင်နေသည်။ယင်းမတိုင်မီက သူသည် အမှတ် (၆)စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ တပ်မတော်စစ်ဆေးရေး အရာရှိချုပ် [၄]၊၊ ခေတ္တ အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး နှင့် [၅] ပြည်ထဲရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီးအပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ ရဲချုပ် အဖြစ် ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။[၆][၇][၈]
စစ်မှုထမ်းခြင်း
[ပြင်ဆင်ရန်]ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်သည် စစ်တက္ကသိုလ်အပါတ်စဉ် ၃၇ ဆင်းဖြစ်သည်။သူသည် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မဖြစ်ခင် တပ်မတော်တွင် တိုင်းမှူးတာဝန်များ ထမ်းဆောင်ခဲ့သည်။နောက်ဆုံး တာဝန်မှာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်သည်။ယင်းမတိုင်ခင်က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဖြစ်ခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ရာထူးကို ၂၀၂၃ ဇူလိုင်လ တွင်မှ ရရှိလာခြင်းဖြစ်သည်။[၉] [၁၀][၁၁][၁၂] သူသည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ တွင် ပြည်ထဲရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး တာဝန် နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် တာဝန် အပ်နှင်းခံရသည်။
၂၀၂၄ ခုနှစ် ဩဂုတ် လ ၃ရက်နေ့တွင် ၎င်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထိုတာဝန်များမှနေ၍ စစ်ဘက်မူလတာဝန်ပြန်လည်ထမ်းဆောင်စေခဲ့သည်။ထို့နောက် သူသည် လားရှိုးမြို့အား ကိုးကန့်တပ် ကသိမ်းပိုက်ပြီးနောက် ရာထူးချခံလိုက်ရသည့် အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး နေရာသို့ ခေတ္တအစားထိုး တာဝန်ယူခဲ့ရသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် သူသည် တပ်မတော်စစ်ဆေးရေး အရာရှိချုပ် တာဝန်ပေးခံရပြန်သည်။
၂၀၂၅ ခုနှစ် မတ်လ အရောက်တွင်မူ နေပြည်တော်ကို ကြီးကြပ်ကွပ်ကဲရသည့် အမှတ်(၆)စစ်ဆင်ရေး၏အထူးအဖွဲ့မှူး အဖြစ် တာဝန်ပေးခံရပြီး[၁၃]၊၂၀၂၅ခုနှစ် စက်တင်ဘာ တွင် အမှတ် (၁)စစ်ဆင်ရေးအထူးအဖွဲ့မှူး အဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခံခဲ့ရသည်။[၁၄]
အရေးယူပိတ်ဆို့ခံရမှု
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးဖြစ်ပွားခဲ့သော အရပ်သား ၃၅ယောက်သတ်ဖြတ်ခဲ့ရမှုတွင် အဓိက တာဝန်ရှိသူအဖြစ် စွပ်စွဲခံထားရပြီး ယင်းကိစ္စနှင့် ပတ်သတ်ပြီး အမေရိကန်ပြည်ထောင်စုက ၎င်းကို အရေးယူပိတ်ဆို့ထားသည်။[၁၅][၁၆][၁၇][၁၈][၁၉]
မိသားစုဘဝ
[ပြင်ဆင်ရန်]ဇနီးဖြစ်သူမှာ ဒေါ်လဲ့လဲ့မာ ဖြစ်ပြီး သားသမီး ၂ဦးရှိသည်။[၂၀]
ကိုးကား
[ပြင်ဆင်ရန်]- ↑ နေပြည်တော်ကိုတာဝန်ယူရတဲ့ ကစထ ၆ ကို တပ်အင်္ဂါစဥ်ကနေဖယ်ရှား။ ဘီဘီစီမြန်မာ။ 27 September 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၁၇/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်။ MOI Myanmar (၉ ဩဂုတ် ၂၀၂၄)။ ၁၀ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ မြောက်ပိုင်းတိုင်း တိုင်းမှူးအပါအဝင် တိုင်းမှူးတချို့ အပြောင်းအလဲဖြစ်။ BBC Burmese (၂၂ ဇူလိုင် ၂၀၂၃)။ ၂၂ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ နေပြည်တော်နဲ့ ရန်ကုန် စစ်ဆင်ရေးအထူးအဖွဲ့မှူးတွေ အပြောင်းအလဲဖြစ်။ BBC Burmese (၁၀ ဇန်နဝါရီ ၂၀၂၅)။ ၁၃ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ အာဏာသိမ်းပြီးနောက် စစ်တပ်ထိပ်တန်းအရာရှိကြီး ၅၀ ကျော် ဖယ်ရှားခံရ။ BBC Burmese (၈ ဩဂုတ် ၂၀၂၄)။ ၈ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၄၇ / ၂ဝ၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၄ ရက် ( ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်) ဒုတိယဝန်ကြီးခန့်အပ်တာဝန်ပေးခြင်းနှင့် ရဲချုပ်တာဝန် ပူးတွဲတာဝန်ပေးခြင်း။ MOI Myanmar (၂၁ ဇူလိုင် ၂၀၂၃)။ ၂၂ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဖရူဆိုလူသတ်ပွဲ တာဝန်ရှိသူဟု စွပ်စွဲခံရသည့် စစ်ဗိုလ်ချုပ်တဦး ရဲချုပ်ဖြစ်လာ။ Myanmar Now (၂၁ ဇူလိုင် ၂၀၂၃)။ ၂၂ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ စစ်ဘက်မူလတာဝန်ပြန်လည်ထမ်းဆောင်စေခြင်း။ MOI Myanmar (၃ ဩဂုတ် ၂၀၂၄)။ ၄ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ Myanmar Junta Reshuffles Regional Commanders။ The Irrawaddy (21 July 2023)။ 22 July 2023 တွင် ပြန်စစ်ပြီး။
- ↑ ကယားဌာနေ ပြည်သူ့စစ်များကို စည်းရုံးပြီး စစ်ကောင်စီက ထိုးစစ်ဆင်နေ။ ဧရာဝတီသတင်း (၂၂ မတ် ၂၀၂၂)။ ၂၂ ဇူလိုင်၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လွိုင်ကော် တပ်နယ်နှင့် ဖယ်ခုံတပ်နယ်တို့မှ အရာရှိ စစ်သည် မိသားစုများအား တွေ့ဆုံ အမှာစကားပြောကြား။ MWD Weportal (၃ ဖေဖော်ဝါရီ ၂၀၂၂)။ ၂၂ ဇူလိုင်၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံလေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်နိုင်မည့် အခြေအနေများနှင့် ကျိုင်းတုံဟော်နန်း ပုံစံတူ တည်ဆောက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး။ CINCDS Myanmar (၁၁ မေ ၂၀၂၃)။ ၂၂ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ နေပြည်တော် ကစထမှူး အပြောင်းအလဲဖြစ်။ BBC (၂၇ မတ် ၂၀၂၅)။ ၂၇ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ထိပ်တန်းစစ်ဘက်ရာထူးတွေ အပြောင်းအလဲဖြစ်။ BBC (၂၃ စက်တင်ဘာ ၂၀၂၅)။ ၂၅ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ Myanmar: Japan-Trained General Linked to Abusive Forces။ HRW (10 August 2022)။ 22 July 2023 တွင် ပြန်စစ်ပြီး။
- ↑ Treasury Sanctions Military Leaders, Military-Affiliated Cronies and Businesses, and a Military Unit Prior to Armed Forces Day in Burma။ U.S. DEPARTMENT OF THE TREASURY (25 March 2022)။ 22 July 2023 တွင် ပြန်စစ်ပြီး။
- ↑ Ni Lin Aung။ OpenSanctions။ 22 July 2023 တွင် ပြန်စစ်ပြီး။
- ↑ မိုဆိုရွာ အစုအပြုံလိုက် အသတ်ခံရမှု ၂၇ ယောက် အတည်ပြု၊ ၁၄ ဦး ပျောက်ဆုံးနေဆဲ။ RFA Burmese (၂၇ ဒီဇင်ဘာ ၂၀၂၁)။ ၂၂ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဖရူဆိုမြို့နယ်ထဲက အစုလိုက် အသတ်ခံရတဲ့ အလောင်းတွေ သယ်လို့မရသေး။ BBC Burmese (၂၆ ဒီဇင်ဘာ ၂၀၂၁)။ ၂၂ ဇူလိုင်၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ မင်းအောင်လှိုင် လက်ကိုင်တုတ် စစ်ရာဇဝတ်မှုများ၏ တရားခံ လူမိုက် ဗိုလ်ချုပ်နီလင်းအောင်။ ရန်ကုန်ခေတ်သစ်မီဒီယာ (၁၁ မေ ၂၀၂၃)။ ၂၂ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။