မောင်မောင်အေး
မောင်မောင်အေး | |
|---|---|
အစည်းအဝေးတစ်ခုတွင် တွေ့ရသည့် ဗိုလ်ချုပ်ကြီး မောင်မောင်အေး | |
| ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအတွင်းရေးမှူး | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၁၀ ဧပြီ ၂၀၂၆ | |
| ခန့်အပ်သူ | မင်းအောင်လှိုင် |
| သမ္မတ | မင်းအောင်လှိုင် |
| ခေါင်းဆောင် | စိုးဝင်း |
| ယခင်လူ | ရာထူးစတင် |
| နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင် | |
| တာဝန်သက်တမ်း ၃၁ ဇန်နဝါရီ ၂၀၂၅ – ၁၀ ဧပြီ၂၀၂၆ | |
| ခန့်အပ်သူ | အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ |
| ယခင်လူ | ကော်မရှင်စတင် |
| ဆက်ခံသူ | ကော်မရှင် ဖျက်သိမ်း |
| ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၃၁ ဇူလိုင် ၂၀၂၅ – ၁၀ ဧပြီ ၂၀၂၆ | |
| လက်ထောက် | ကိုလေး |
| ဝန်ကြီးချုပ် | ညိုစော |
| ယခင်လူ | ကိုယ်တိုင် |
| ဆက်ခံသူ | ဗိုလ်ချုပ်ကြီး ထွန်းအောင် |
| တာဝန်သက်တမ်း ၁၈ ဒီဇင်ဘာ ၂၀၂၄ – ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| လက်ထောက် | ကိုလေး |
| ဝန်ကြီးချုပ် | မင်းအောင်လှိုင် |
| ယခင်လူ | တင်အောင်စန်း |
| ဆက်ခံသူ | ကိုယ်တိုင် |
| ဒုတိယဝန်ကြီးချုပ် | |
| တာဝန်သက်တမ်း ၁၈ ဒီဇင်ဘာ ၂၀၂၄ – ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| ဝန်ကြီးချုပ် | မင်းအောင်လှိုင် |
| နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် | |
| တာဝန်သက်တမ်း ၂၅ စက်တင်ဘာ ၂၀၂၃ – ၃၁ ဇူလိုင် ၂၀၂၅ | |
| ဥက္ကဋ္ဌ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
| ဆက်ခံသူ | ကောင်စီဖျက်သိမ်း |
| ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) | |
| တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၂၁ – ၁၈ ဒီဇင်ဘာ ၂၀၂၄ | |
| ယခင်လူ | ဗိုလ်ချုပ်ကြီး မြထွန်းဦး |
| ဆက်ခံသူ | ဗိုလ်ချုပ်ကြီး ကျော်စွာလင်း |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၁၉၆၂ မြန်မာနိုင်ငံ |
| လူမျိုး | ဗမာ |
| ကြင်ဖော် | ဝါဝါသင်း [၁] |
| မိခင်ကျောင်း | စစ်တက္ကသိုလ် |
| အလုပ်အကိုင် | စစ်မှုထမ်း |
| ဆုတံဆိပ်များ | သရေစည်သူ (၂၀၂၆) |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | |
| အမှုထမ်းကာလ | ၁၉၈၀ - လက်ရှိ |
| ရာထူး | |
| တပ် | ကာကွယ်ရေး ဝန်ကြီးဌာန |
ဦးမောင်မောင်အေး (၁၉၆၂ ဖွား) သည် လက်ရှိတွင် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ၏ အတွင်းရေးမှူး ဖြစ်သည်။၎င်းသည် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဖြစ်ခဲ့သည့်အပြင်၊ ယင်းမတိုင်မီကလည်း တပ်မတော် တွင် နံပါတ်(၃) အဆင့်ရှိ ဗိုလ်ချုပ်ကြီး [၂]ရာထူးဖြင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) အဖြစ် ထမ်းဆောင်ခဲ့သည်။[၃][၄]
စစ်မှုထမ်းခြင်း
[ပြင်ဆင်ရန်]သူသည် စစ်တက္ကသိုလ် အမှတ်စဉ်(၂၅) ဗိုလ်လောင်းသင်တန်းဆင်း အရာရှိတစ်ဦး ဖြစ်သည်။ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် အမှတ်စဉ် တူသည်။ ပြန်တမ်းဝင် အမှတ် ကြည်း ၁၇၅၈၀ (မှားနေပါသည်) စစ်မှုထမ်းသည်။သူသည် ဗိုလ်မှူးကြီးတာဝန်ယူစဉ်က စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(၆) စကခ – ၆၊ နေပြည်တော်၊ ပျဉ်းမနား၏ ဌာနချုပ်မှူး ဖြစ်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ဩဂုတ် လတွင် ဗိုလ်ချုပ်အဆင့်တိုးပြီး နေပြည်တော်စစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာသည်။ ၂၀၁၅ ခုနှစ် ဩဂုတ် လတွင် ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာပြီး တပ်မတော်၏ လေ့ကျင့်ရေးအရာရှိချုပ် တာဝန်ယူသည်။
၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းစဉ် သူသည် ဗိုလ်ချုပ်ကြီး မြထွန်းဦး တာဝန်ယူသော ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ရာထူး အား ဆက်ခံသည်။[၅] ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၅ ရက် တွင် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် နှင့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း တို့အား ရာထူးမှ ဖယ်ရှားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အား ပြန်လည် ပြင်ဆင်ဖွဲ့စည်းစဉ် သူသည် ကောင်စီ အဖွဲ့ဝင် အသစ် ဖြစ်လာသည်။[၆] တပ်မတော်က အာဏာသိမ်းပြီး ၂နှစ်ခွဲကျော် အကြာမှ တပ်မတော်ထိပ်တန်းပုဂ္ဂိုလ် တစ်ဦး အနေဖြင့် ကောင်စီဝင် ရာထူး ရခဲ့ခြင်း ဖြစ်သည်။[၇] [၈] သူသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် ဖွဲ့စည်းလိုက်သည့် အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ အား ဦးဆောင်သူအဖြစ် ခန့်အပ်ခြင်းလည်း ခံရသည်။[၉]၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် သူ့ကို မြန်မာနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီး အဖြစ် ပြောင်းလဲခန့်အပ်သည်။[၁၀]
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းလိုက်သော ဦးညိုစောအစိုးရတွင် ကာကွယ်ရေးဝန်ကြီး ရာထူးကို ဆက်လက် ခန့်အပ်ခံရသော်လည်း၊[၁၁] ဒုတိယဝန်ကြီးချုပ် ရာထူးအစား အသစ်ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ၏ အဖွဲ့ဝင် တစ်ဦး အဖြစ် ခန့်အပ်ခံရသည်။[၁၂]၂၀၂၆ ခုနှစ် ဧပြီ ၁၀ရက်တွင် စစ်ဘက်ရာထူးအားလုံးမှ အငြိမ်းစားယူပြီး ဦးစိုးဝင်းခေါင်းဆောင်သော ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ တွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်သည်။
အရေးယူပိတ်ဆို့ခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခြင်း ထဲ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး အနေဖြင့် ပါဝင်ခဲ့သူ ၎င်းကို အမေရိကန် အပါအဝင် အနောက်နိုင်ငံ များနှင့် ဥရောပသမဂ္ဂ တို့က ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်သည်။[၁၃] [၁၄] [၁၅]
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၂၆ ဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော သရေစည်သူဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[၁၆]
ကိုးကား
[ပြင်ဆင်ရန်]- ↑ စစ်ဗိုလ်ချုပ်ကြီးများ၏ ဇနီးများကို စစ်ခေါင်းဆောင်က သာသနာတော်ဆိုင်ရာ ဘွဲ့ပေး။ Mizzima Burmese (၁၇ ဧပြီ ၂၀၂၅)။ ၁၆ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ စစ်ကောင်စီတွင် တာဝန်အရှိဆုံး စစ်ဗိုလ်ချုပ်ကြီးများ။ Myanmar Now (၆ မေ ၂၀၂၁)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Vladivostok မြို့၌ ကျင်းပပြုလုပ်သည့် အာဆီယံအပေါင်းအကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ မြေပြင်လက်တွေ့လေ့ကျင့်ခန်း (Field Training Exercise) သို့တက်ရောက်။ MOI Myanmar (၁ အောက်တိုဘာ ၂၀၂၃)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင် တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဖြစ်လာ။ The Irrawaddy (၁ စက်တင်ဘာ ၂၀၂၁)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေး ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဖြစ်လာ။ The Irrawaddy (၄ ဖေဖော်ဝါရီ ၂၀၂၁)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈၅ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက် (၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြင်ဆင်ဖွဲ့စည်းခြင်း။ CINCDS Myanmar (၂၅ စက်တင်ဘာ ၂၀၂၃)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီဝင် ၁၁ ဦးအထိ ဖယ်ရှားခံရ။ BBC Burmese (၂၇ စက်တင်ဘာ ၂၀၂၃)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ စစ်ကောင်စီအဖွဲ့ အပြောင်းအလဲ အဖွဲ့တွင်းမတည်ငြိမ်မှုနဲ့ အက်ကွဲမှုကိုပြသ။ RFA Burmese (၂၆ စက်တင်ဘာ ၂၀၂၃)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်၊ ၁ /၂၀၂၄ ၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်) အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း။ Tatmadaw Information Team (၁၆ ဖေဖော်ဝါရီ ၂၀၂၄)။ 17 February 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၅၃ / ၂၀၂၄ ၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက် (၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်) ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီးခန့်အပ်တာဝန်ပေးခြင်း။ Myanmar Digital News။ 2025-7-27 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း။ MOI။ 2 August 2025 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းခြင်း။ MOI Myanmar (၃၁ ဇူလိုင် ၂၀၂၅)။ ၃၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ Maung Maung Aye။ OpenSanctions။ 17 February 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 Feb 2024 တွင် ပြန်စစ်ပြီး။
- ↑ Restrictive measures in view of the situation in Myanmar/Burma။ sanctions map EU (11 Dec 2023)။ 17 Feb 2024 တွင် ပြန်စစ်ပြီး။
- ↑ Treasury Prohibits Financial Services with Myanma Oil and Gas Enterprise and Imposes Additional Sanctions on Burma Military Regime Officials and Supporters။ U.S. DEPARTMENT OF THE TREASURY (31 October 2023)။ 17 Feb 2024 တွင် ပြန်စစ်ပြီး။
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-03-02 တွင် ပြန်စစ်ပြီး။