မောင်မောင်အေး

ဝီကီပီးဒီးယား မှ
ဗိုလ်ချုပ်ကြီး

မောင်မောင်အေး
အစည်းအဝေးတစ်ခုတွင် တွေ့ရသည့် ဗိုလ်ချုပ်ကြီး မောင်မောင်အေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၅ စက်တင်ဘာ ၂၀၂၃
ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဖေဖော်ဝါရီ ၂၀၂၁
ယခင်လူဗိုလ်ချုပ်ကြီး မြထွန်းဦး
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၂
မြန်မာနိုင်ငံ
လူမျိုးဗမာ
မိခင်ကျောင်းစစ်တက္ကသိုလ်
အလုပ်အကိုင်စစ်မှုထမ်း
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၈၀ - လက်ရှိ
ရာထူးဗိုလ်ချုပ်ကြီး
တပ်ကာကွယ်ရေး ဝန်ကြီးဌာန

မောင်မောင်အေး (၁၉၆၂ ဖွား) သည် တပ်မတော် တွင် နံပါတ်(၃) အဆင့်ရှိ ဗိုလ်ချုပ် ကြီး ဖြစ်သည်။[၁] လက်ရှိတွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊‌ လေ) တာဝန် ထမ်းဆောင်နေသည်။[၂] သူသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် လည်းဖြစ်သည်။ ယင်းမတိုင်မီက တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဖြစ်ခဲ့သည်။[၃]

စစ်မှုထမ်းခြင်း[ပြင်ဆင်ရန်]

သူသည် စစ်တက္ကသိုလ် အမှတ်စဉ်(၂၅) ဗိုလ်လောင်းသင်တန်းဆင်း အရာရှိတစ်ဦး ဖြစ်သည်။ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် အမှတ်စဉ် တူသည်။ ပြန်တမ်းဝင် အမှတ် ကြည်း ၁၇၅၈၀ ဖြင့် စစ်မှုထမ်းသည်။သူသည် ဗိုလ်မှူးကြီးတာဝန်ယူစဉ်က စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(၆) စကခ – ၆၊ နေပြည်တော်၊ ပျဉ်းမနား၏ ဌာနချုပ်မှူး ဖြစ်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ဩဂုတ် လတွင် ဗိုလ်ချုပ်အဆင့်တိုးပြီး နေပြည်တော်စစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာသည်။ ၂၀၁၅ ခုနှစ် ဩဂုတ် လတွင် ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာပြီး တပ်မတော်၏ လေ့ကျင့်ရေးအရာရှိချုပ် တာဝန်ယူသည်။ ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းစဉ် သူသည် ဗိုလ်ချုပ်ကြီး မြထွန်းဦး တာဝန်ယူသော ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊‌ လေ) ရာထူး အား ဆက်ခံသည်။[၄] ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၅ ရက် တွင် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် နှင့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း တို့အား ရာထူးမှ ဖယ်ရှားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အား ပြန်လည် ပြင်ဆင်ဖွဲ့စည်းစဉ် သူသည် ကောင်စီ အဖွဲ့ဝင် အသစ် ဖြစ်လာသည်။[၅] တပ်မတော်က အာဏာသိမ်းပြီး ၂နှစ်ခွဲကျော် အကြာမှ တပ်မတော်ထိပ်တန်းပုဂ္ဂိုလ် တစ်ဦး အနေဖြင့် ကောင်စီဝင် ရာထူး ရခဲ့ခြင်း ဖြစ်သည်။[၆] [၇] သူသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် ဖွဲ့စည်းလိုက်သည့် အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ အား ဦးဆောင်သူအဖြစ် ခန့်အပ်ခြင်းလည်း ခံရသည်။[၈]

အရေးယူပိတ်ဆို့ခံရခြင်း[ပြင်ဆင်ရန်]

၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခြင်း ထဲ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး အနေဖြင့် ပါဝင်ခဲ့သူ ၎င်းကို အမေရိကန် အပါအဝင် အနောက်နိုင်ငံ များနှင့် ဥရောပသမဂ္ဂ တို့က ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်သည်။[၉] [၁၀] [၁၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စစ်ကောင်စီတွင် တာဝန်အရှိဆုံး စစ်ဗိုလ်ချုပ်ကြီးများMyanmar Now (၆ မေ ၂၀၂၁)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Vladivostok မြို့၌ ကျင်းပပြုလုပ်သည့် အာဆီယံအပေါင်းအကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ မြေပြင်လက်တွေ့လေ့ကျင့်ခန်း (Field Training Exercise) သို့တက်ရောက်MOI Myanmar (၁ အောက်တိုဘာ ၂၀၂၃)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင် တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဖြစ်လာThe Irrawaddy (၁ စက်တင်ဘာ ၂၀၂၁)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေး ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဖြစ်လာThe Irrawaddy (၄ ဖေဖော်ဝါရီ ၂၀၂၁)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၈၅ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက် (၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြင်ဆင်ဖွဲ့စည်းခြင်းCINCDS Myanmar (၂၅ စက်တင်ဘာ ၂၀၂၃)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီဝင် ၁၁ ဦးအထိ ဖယ်ရှားခံရBBC Burmese (၂၇ စက်တင်ဘာ ၂၀၂၃)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. စစ်ကောင်စီအဖွဲ့ အပြောင်းအလဲ အဖွဲ့တွင်းမတည်ငြိမ်မှုနဲ့ အက်ကွဲမှုကိုပြသRFA Burmese (၂၆ စက်တင်ဘာ ၂၀၂၃)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  8. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်၊ ၁ /၂၀၂၄ ၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်) အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းခြင်းTatmadaw Information Team (၁၆ ဖေဖော်ဝါရီ ၂၀၂၄)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  9. Maung Maung AyeOpenSanctions။ 17 Feb 2024 တွင် ပြန်စစ်ပြီး။
  10. Restrictive measures in view of the situation in Myanmar/Burmasanctions map EU (11 Dec 2023)။ 17 Feb 2024 တွင် ပြန်စစ်ပြီး။
  11. Treasury Prohibits Financial Services with Myanma Oil and Gas Enterprise and Imposes Additional Sanctions on Burma Military Regime Officials and SupportersU.S. DEPARTMENT OF THE TREASURY (31 October 2023)။ 17 Feb 2024 တွင် ပြန်စစ်ပြီး။