တောင်သမန် စစ်ဆင်ရေး

ဝီကီပီးဒီးယား မှ
တောင်သမန် စစ်ဆင်ရေး
မြန်မာပြည်တွင်းစစ်၏ တစ်စိတ်တစ်ပိုင်း

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့အထိ အခြေအနေပြ မြေပုံ ( အောက်တိုဘာ ၂၇ မတိုင်မီ စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့များ သိမ်းပိုက်ထားသည်များ မပါဝင်ပါ)

     စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့များ သိမ်းပိုက်ထားသည့် နေရာများ

ပိုမိုအသေးစိတ်တိကျသော မြေပုံအတွက် ဤနေရာတွင် ကြည့်ပါ။
ရက်စွဲ၂၈ အောက်တိုဘာ ၂၀၂၃ – လက်ရှိ
5 months, 3 weeks and 2 days
နေရာမတ္တရာမြို့နယ်မန္တလေးတိုင်းဒေသကြီး
အခြေအနေ ဖြစ်ပွားနေဆဲ
စစ်ရင်ဆိုင်သည့် နိုင်ငံများ
 တပ်မတော်
တပ်မှူးများနှင့် ခေါင်းဆောင်များ
စစ်အင်အား
မသိရှိရ မသိရှိရ
အသေအပျောက်
၁၀၀ ကျော်သေဆုံး၊ သံချပ်ကာကား နှစ်စင်း ဖျက်ဆီးခံရ[၁] ၁၀ ဦးသေ၊ ၃၀ ကျော် ဒဏ်ရာရ[၁]
အနည်းဆုံး အရပ်သား ၁၁ ဦးသေ[၂]

တောင်သမန် စစ်ဆင်ရေးသည် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ မတ္တရာမြို့နယ်တွင် ပြုလုပ်လျက်ရှိသော စစ်ဆင်ရေးတစ်ခု ဖြစ်သည်။[၁][၂][၃]

နောက်ခံ[ပြင်ဆင်ရန်]

ပြည်သူ့ခုခံတော်လှန်စစ်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့က ပြုလုပ်လျက်ရှိသော ၁၀၂၇ စစ်ဆင်ရေးအား ထောက်ခံသည့်အနေဖြင့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်က တောင်သမန်စစ်ဆင်ရေးကို ဆင်နွဲမည်ဟု အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။[၄]

အချိန်မှတ်တမ်း[ပြင်ဆင်ရန်]

၁၀၂၇ စစ်ဆင်ရေးအား ထောက်ခံကာ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်များတွင် တိုက်ပွဲများဖြင့် တောင်သမန်စစ်ဆင်ရေးကို အောက်တိုဘာလနှောင်းပိုင်းတွင် စတင်ခဲ့သည်။[၁][၅]

နိုဝင်ဘာလ ၁၃ ရက်နေ့က မတ္တရာမြို့နယ် အရှေ့ပိုင်းတွင် TNKL ၏ ထိုးစစ်တစ်ခု စတင်ခဲ့သည်။ ထိုနေ့မှာပင် စစ်ကောင်စီက ကင်းရွာကို လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ နိုဝင်ဘာ ၁၆-၁၇ တွင် ရွာအား စစ်ကောင်စီတပ်များက မီးရှို့ခဲ့ရာ အိမ်ခြေ ၇၀၀ ကျော် လောင်ကျွမ်းခဲ့သည်။ မတ္တရာမြို့နယ်အတွင်း စစ်ဘေးရှောင်လူဦးရေမှာ ၈,၀၀၀ ခန့် ရှိခဲ့သည်။[၂][၃]

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မတ္တရာနှင့် စဉ့်ကူးမြို့နယ်အကြားရှိ စစ်ကောင်စီ၏ စစ်ဆေးရေးစခန်းတစ်ခုကို TNLA က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ဖမ်းဆီးခံထားရသော စစ်ကောင်စီတပ်သားများအား ကယ်တင်ရန်ကြိုးပမ်းသည့် လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် အနီးနားရှိ လက်ဘက်ရည်ဆိုင်ထိုင်နေသော အရပ်သား ၁၁ ဦး သေဆုံးခဲ့သည်။[၃]

နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မတ္တရာမြို့နယ်တွင်းရှိ စစ်ကောင်စီစခန်းတစ်ခုကို PDF နှင့် TNLA တို့ ဝင်ရောက် သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။[၁]

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]