မာတိကာသို့ ခုန်သွားရန်

မြန်မာနောင်း

ဝီကီပီးဒီးယား မှ
(Myanmar Now မှ ပြန်ညွှန်းထားသည်)
မြန်မာနောင်း
လုပ်ငန်းသတင်းအေဂျင်စီ
တည်ထောင်သည့်နှစ်၂၀၁၅; ၁၁ နှစ် အကြာက (၂၀၁၅)
ဌာနချုပ်ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့
ဝန်ဆောင်မှု ဧရိယာမြန်မာနိုင်ငံ
အရေးပါ ပုဂ္ဂိုလ်များဆွေဝင်း, အယ်ဒီတာချုပ်
အလုပ်သမားဦးရေ၃၀ (၂၀၁၉)
ဝက်ဘ်ဆိုက်myanmar-now.org/mm/

မြန်မာနောင်း (အင်္ဂလိပ်: Myanmar Now) သည် မြန်မာနိုင်ငံ အခြေစိုက်သတင်းအေဂျင်စီတစ်ခုဖြစ်သည်။ မြန်မာနောင်းစာနယ်ဇင်းသမားများသည် ဗမာ၊ အင်္ဂလိပ်နှစ်ဘာသာသုံးဘာသာဖြင့် သတင်းဆောင်းပါးများကိုအွန်လိုင်းဝက်ဘ်ဆိုက်များပေါ်တွင် ထုတ်ဝေရေးသားဖြန့်ဖြူးသည်။ အေဂျင်စီအနေဖြင့်နိုင်ငံတစ်ဝန်းရှိသတင်းနှင့်သတင်းမီဒီယာ ၅၀ ကျော်၏သတင်းများကိုပုံမှန်ထုတ်ဝေသည့်ဖြန့်ဖြူးသောကွန်ရက်တစ်ခုနှင့်အတူအခမဲ့ဖြန့်ဝေသည်။[၁]

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာနောင်းကို ဖတ်ရှုသူ ၃၅၀,၀၀၀ ကျော်နှင့် မြန်မာနောင်းသတင်းထောက် ၃၀ ရှိသည်။[၂] ၎င်းသည် အကျင့်ပျက်ခြစားမှု ၊ ကလေးအလုပ်သမား ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု အပါအဝင် အခြားသော အရေးပါသည့် ကိစ္စရပ်များကို ဖော်ထုတ်ရေးသားခဲ့သည်။[၃][၄]

သမိုင်း

[ပြင်ဆင်ရန်]

မြန်မာနောင်းကို လွတ်လပ်သော ဘက်မလိုက်သည့် သတင်းမီဒီယာလောကထွန်းကားတိုးတက်ရန်အတွက် ၂၀၁၅ ခုနှစ်တွင် Thomson Reuters ဖောင်ဒေးရှင်းမှ တည်ထောင်ခဲ့သည်။[၁] သတင်းဝန်ဆောင်မှုကို ဩဂုတ်လတွင် တရားဝင်စတင်ခဲ့သည်။[၅] အေဂျင်စီကို သတင်းထောက်ချုပ်နှင့် အယ်ဒီတာချုပ် ကိုဆွေဝင်းနှင့် ရိုက်တာသတင်းထောက်သင်းလဲ့ဝင်မှ ဦး ဆောင်သည်။[၆] သတင်းဝန်ဆောင်မှုစတင်သည့် အချိန်မှစ၍ ကိုဆွေဝင်းအပါအဝင် မြန်မာနောင်း၏ဂျာနယ်လစ်အတော်များများသည် ၎င်းတို့၏ စုံစမ်းဖော်ထုတ်ချက်များအတွက် စစ်တပ်နှင့်ဥပဒေအာဏာပိုင်များမှ မကြာခဏခြိမ်းခြောက်ခြင်းခံခဲ့ရသည်။[၇][၈][၉]

၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင်၏ အာဏာသိမ်းစစ်အစိုးရသည် မြန်မာနောင်းရုံးခန်းအား ဝင်ရောက်စီးနင်းဖျက်စီးခဲ့သည်။ မတ်လ ၉ ရက်နေ့တွင် စစ်အစိုးရသည် လတ်တလောဖြစ်ပွားနေသည့် ဆန္ဒပြမှုများကို ထိန်းသိမ်းရန်အတွက် မြန်မာနောင်းအပါအဝင် သတင်းမီဒီယာ ၅ ခုအား ထုတ်ဝေခွင့် ပိတ်သိမ်းလိုက်သော်လည်း မြန်မာနောင်းမှ တရားမဝင်အမိန့်ဟုဆိုကာ ဆက်လက်ထုတ်လွှင့်ခဲ့သည်။[၁၀]

ပိတ်သိမ်းခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၁ မတ်လ ၈ ရက်နေ့တွင် မီဒီယာကွန်ရက်လေးခုဖြစ်သည့် ဒီဗွီဘီ (DVB) ၊ Myanmar Now၊ မဇ္ဈိမ (Mizzima News)၊ ရန်ကုန်ခေတ်သစ် (Khit Thit Media) နှင့် ၇ ရက် သတင်းစာ (7Day News) တို့နှင့်အတူ စစ်ကောင်စီ၏ ပိတ်ပင်ခြင်းကို ခံခဲ့ရသည်။[၁၁]

ဆုတံဆိပ်များ

[ပြင်ဆင်ရန်]

၂၀၁၆ ခုနှစ်တွင် မြန်မာနောင်းသတင်းထောက် ထက်ကောင်းလင်းသည် သူ၏ နိုင်ငံအတွင်းရှိ လိင်အလုပ်သမားများအတွက် ရေးသားခဲ့သည့် ဆောင်းပါးတစ်ခုကြောင့် ဥရောပကော်မရှင်မှ ချီးမြှင့်သော Lorenzo Natali Media Prize ကို ရရှိခဲ့သည်။[၁][၁၂]

ထိုနှစ်တွင်ပင် သူသည် ၉၆၉ လှုပ်ရှားမှုအတွင်း စုံစမ်းဖော်ထုတ်မှုများအတွက် အာရှ သတင်းစာထုတ်ဝေသူများအဖွဲ့ဆုပေးပွဲတွင် ဆုရရှိခဲ့သည်။[၁၃][၁]

၂၀၁၉ ခုနှစ်တွင် ကိုဆွေဝင်းသည် မြန်မာနောင်းအယ်ဒီတာချုပ်အနေဖြင့် မြန်မာနိုင်ငံတွင်းသတင်းစာအား ဘက်မလိုက်ရန်နှင့် အရေအသွေးပြည့်မီရန် ဦးဆောင်ထိန်းသိမ်းနိုင်ခဲ့သဖြင့် Ramon Magsaysay Award for Emergent Leadership ကို ဆွတ်ခူးရရှိခဲ့သည်။[၃][၁၄]

မြန်မာနောင်းသည် ၎င်း၏သတင်းပေးပို့ ပူးပေါင်းဆောင်ရွက်များကြောင့် Online Journalism Award for "2020 Excellence in Collaboration and Partnerships" ကို ရရှိခဲ့သည်။[၁၅]

သတင်းတိုက်မှ ရရှိသည့် ဆုများ
ရရှိခဲ့သော ဆုများ ချီးမြှင့်သူ နှစ်
၁။ Special Award One World Media Awards 2021 2021 [၁၆]
၂။ Excellence in Human Rights Reporting (Regional)

"Human responses to the junta’s cruelty"

Society of Publishers in Asia 2022 [၁၇]
၃။ Excellence in Human Rights Reporting (Regional)

"Myanmar's many forms of resistance"

Society of Publishers in Asia 2023 [၁၈]
၄။ Excellence in Human Rights Reporting (Regional)

"Horror of War"

Society of Publishers in Asia 2024 [၁၉]


အပြည်ပြည်ဆိုင်ရာ အမျိုးသမီးမီဒီယာဖောင်ဒေးရှင်း (IWMF) က ရွေးချယ်ချီးမြှင့်တဲ့ ၂၀၂၆ ခုနှစ်အတွက် "သတင်းစာပညာဆိုင်ရာသတ္တိရှင်ဆု" (Courage in Journalism Awards) ရရှိသူတွေမှာ မြန်မာနောင်း သတင်းထောက် မနေမင်းနီ (နာမည်လွှဲ) ပါဝင်သည်။ [၂၀]

သတင်းထောက် ဖမ်းဆီးမှု

[ပြင်ဆင်ရန်]

မြန်မာနောင်းဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို ၂၀၂၃ ခုနှစ်က မိုခါမုန်တိုင်း ဖြစ်ရာဒေသမှာ သွားရောက်သတင်းဓာတ်ပုံရိုက်ကူးချိန် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေ၊ ဆက်သွယ်ရေးဥပဒေ ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဥပဒေများနှင့်စွပ်စွဲကာ စစ်ခုံရုံးကနေ ထောင် အနှစ် ၂၀ အထိ ချမှတ်ထားသည်။​ [၂၁]

အခြားဖတ်ရန်

[ပြင်ဆင်ရန်]

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  1. 1 2 3 4 Foundation၊ Thomson Reuters။ Myanmar Now။ 14 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 March 2021 တွင် ပြန်စစ်ပြီး။
  2. ↑ 'Truth, justice, love': Ko Swe Win on journalism in times of repression။ 13 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 March 2021 တွင် ပြန်စစ်ပြီး။
  3. 1 2 Myanmar Now Editor-in-Chief Awarded Asia’s Highest Honor (2019-08-02)။
  4. ↑ "Myanmar journalist Swe Win one of the winners of the Ramon Magsaysay Award"၊ 30 August 2019။ 10 March 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 20 March 2021။
  5. ↑ Clark၊ Helen။ An Independent News Site for Myanmar။
  6. ↑ Thin Lei Win, Myanmar Now: 'We’re not going to shy away from controversial topics’ (2015-09-02)။
  7. ↑ Myanmar Now Reporters Threatened With Arrest by Military (2018-06-25)။
  8. ↑ Myanmar Now Journalist Assaulted (2017-03-15)။
  9. ↑ Investigation into shooting attack on Myanmar journalist goes nowhere | Reporters without borders (2020-12-02)။
  10. ↑ Myanmar: military revokes licences of five media outlets in blow to press freedom။ 9 March 2021 တွင် ပြန်စစ်ပြီး။
  11. ↑ Myanmar: military revokes licences of five media outlets in blow to press freedom။ 8 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 March 2021 တွင် ပြန်စစ်ပြီး။
  12. ↑ Myanmar journalist wins international award (2016-02-03)။ 6 March 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 March 2021 တွင် ပြန်စစ်ပြီး။
  13. ↑ The SOPA 2016 Awards for Editorial Excellence Awards Winners List။
  14. ↑ Ko Swe Win (2019)။ 10 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  15. ↑ The Pangolin Reports။ 4 February 2021 တွင် ပြန်စစ်ပြီး။
  16. ↑ Announcing the winners of the One World Media Awards 2021!။ One World Media။ 17 August 2025 တွင် ပြန်စစ်ပြီး။
  17. ↑ Awards Finalists။ SOPA။ 17 August 2025 တွင် ပြန်စစ်ပြီး။
  18. ↑ Awards Finalists။ SOPA။ 22 August 2025 တွင် ပြန်စစ်ပြီး။
  19. ↑ Awards Finalists။ SOPA။ 22 August 2025 တွင် ပြန်စစ်ပြီး။
  20. ↑ ၂၀၂၆ ခုနှစ် သတင်းစာပညာဆိုင်ရာ သတ္တိရှင်ဆု မြန်မာအမျိုးသမီးသတင်းထောက် ၁ ဦး ရရှိ (in en)။ 2026-05-16 တွင် ပြန်စစ်ပြီး။
  21. ↑ မြန်မာနောင်း သတင်းထောက် အပါအဝင် နိုင်ကျဉ်း ၃ ဦး ထောင်တွင်း ညှဉ်းပန်းနှိပ်စက်ခံနေရ။ DVB။ 17 August 2025 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ

[ပြင်ဆင်ရန်]