အနောက်မြောက်တိုင်းစစ်ဌာနချုပ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
အနောက်မြောက်တိုင်းစစ်ဌာနချုပ်
နမခ
Mm-north-western-rmc.svg
အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ တံဆိပ်
နိုင်ငံမြန်မာနိုင်ငံ
တပ်မတော်
အမျိုးအစား
တပ်မတော် (ကြည်း)
တပ်
အမျိုးအစား
တိုင်းစစ်ဌာနချုပ်
အခန်းကဏ္ဍနယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း
အမည်ပြောင်လေး နဲ့ မြှား
အုပ်ချုပ်သူများ
တိုင်းမှူးဗိုလ်မှူးချုပ် ဖြိုးသန့်

အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (အတိုကောက် နမခ) သည် မုံရွာမြို့အခြေစိုက် တိုင်းစစ်ဌာနချုပ်တစ်ခု ဖြစ်သည်။ အဓိက တာဝန်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ် မြောက်ဘက်ရှိ ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံ တပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် ဖြိုးသန့် ဖြစ်သည်။

သမိုင်း​[ပြင်ဆင်ရန်]

၁၉၆၁ခုနှစ် အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စတင်ဖွဲ့စည်းချိန်က မန္တလေးမြို့တွင် အခြေစိုက်သည်။ ထိုစဉ်က ပထမဆုံးတိုင်းမှူးမှာ ဗိုလ်မှူးချုပ်စန်းယုဖြစ်သည်။၁၉၈၈ခုနှစ်နောက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ခွဲခြားကာ တောင်ငူအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အား မန္တလေးမြို့သို့ပြောင်းရွှေ့ခဲ့သည်။ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ မုံရွာမြို့သို့ ပြောင်းရွှေ့အခြေစိုက်သည်။ တောင်ငူတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟူ၍ အသစ်ထပ်မံဖွဲ့စည်းခဲ့သည်။[၁][၂][၃]

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

နမခ နယ်မြေအတွင်းတွင် တည်ရှိသော စစ်ဌာနချုပ်များ နှင့် ၎င်း၏ကွပ်ကဲမှုအောက် စစ်ဗျူဟာများနှင့် လက်အောက်ခံ တပ်ရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ကလေး)

စစ်ဗျူဟာများ[ပြင်ဆင်ရန်]

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ခြေမြန်တပ်မ နှင့် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်များ[ပြင်ဆင်ရန်]

အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အမှတ်(၃၃)ခြေမြန်တပ်မ ဌာနချုပ်

အမှတ်(၁၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အမှတ်(၁၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. "ဗိုလ်ချုပ်မှူးကြီးစောမောင်ကို နဝတဥက္ကဋ္ဌရာထူးကနေ ဖယ်ရှားခဲ့စဉ်က"။ 
  2. ကိုဝင်း(အမရပူရ)။ အကွဲအပြဲနှင့် မသဲမကွဲမြန်မာပြည်
  3. မြဝင်း။ တပ်မတော်ခေါင်းဆောင်များသမိုင်းအကျဉ်း (၁၉၄၁-၁၉၉၈)

နောက်ထပ်ကြည့်ရန်[ပြင်ဆင်ရန်]