မာတိကာသို့ ခုန်သွားရန်

ညီနောင်မဟာမိတ်သုံးဖွဲ့

ဝီကီပီးဒီးယား မှ
ညီနောင်မဟာမိတ်သုံးဖွဲ့
တည်ထောင်ခြင်းဇွန် ၂၀၁၉
စတင်လှုပ်ရှားခြင်းဇွန် ၂၀၁၉–လက်ရှိ
အုပ်စု(များ)
လှုပ်ရှားနယ်မြေချင်းပြည်နယ်
ရှမ်းပြည်နယ်
ရခိုင်ပြည်နယ်
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်
တရုတ်-မြန်မာ နယ်စပ်
မဟာမိတ်နိုင်ငံ မဟာမိတ်များ

နိုင်ငံမဟုတ်သော မဟာမိတ်များ

ပြိုင်ဘက်များဆန့်ကျင်သူများ

 မြန်မာ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ)

Non-state opponents
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ

အာရကန်ရိုဟင်ဂျာ ကယ်ဆယ်ရေးတပ်မတော်
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ[]
စစ်ပွဲနှင့် တိုက်ပွဲများမြန်မာ့ပြည်တွင်းပဋိပက္ခများ

ညီနောင်မဟာမိတ်သုံးဖွဲ့ သည် ရက္ခိုင့်တပ်တော်မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ ၂၀၁၉ ဇွန်လမှ စ၍ ဖွဲ့စည်းခဲ့သော မဟာမိတ်အဖွဲ့ ဖြစ်သည်။

၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ ဆန့်ကျင်နှိမ်နင်းရေးဖြင့် ၂၀၂၃ ခုနှစ်တွင် ပိုမိုထင်ရှားလာသည်။ စစ်အာဏာသိမ်း အစောပိုင်းကာလများက မဟာမိတ်အဖွဲ့သည် ငြိမ်သက်နေခဲ့သော်လည်း ၂၀၂၁ ခုနှစ် မတ်လ တွင် ကြေညာချက်တစ်စောင်ထုတ်ကာ မဟာမိတ်အဖွဲ့ဆက်လက်ရှိနေဆဲကို သိသာစေခဲ့သည်။ မြန်မာ့ပြည်တွင်းစစ်တွင် မဟာမိတ်အဖွဲ့သည် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းများတွင် တိုက်ပွဲများ အဓိက ပြုလုပ်ခဲ့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် မဟာမိတ်အဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီအား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။[]

ဖြစ်ရပ်များ

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ်၊ ဇွန် ၂ ရက်တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရန်အတွက် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် အာရက္ခတပ်တော် (AA)၊ TNLA နှင့် MNDAA တို့က အပစ်အခတ်ရပ်စဲရေးကာလကို ဇွန် ၂ ရက်မှ ၃၀ ရက်အထိ (၃) ကြိမ်မြောက်အဖြစ် ထပ်မံသက်တမ်းတိုးလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။[]

အခြားဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Three Brotherhood Alliance Congratulates BPLA 2nd Anniversary (Archive)
  2. Treading a Rocky Path: The Ta’ang Army Expands in Myanmar’s Shan State (September 4, 2023)။ October 31, 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. Ethnic rebel alliance attacks military positions across northern Myanmar (in en)။ 2023-11-04 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2023-10-30 တွင် ပြန်စစ်ပြီး။
  4. သဉ္ဇာနွယ်။ "ငလျင် ကြောင့် အပစ်ရပ်ကာလနောက်ထပ် (၁)လတိုးကြောင်း (၃) ကြိမ်မြောက်အဖြစ် ညီနောင်မဟာမိတ်သုံးဖွဲ့ထုတ်ပြန်"၊ Narinjara News၊ 2025-6-2 2025-6-3 တွင် ပြန်စစ်ပြီး Archived from the original on 2025-6-3။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]