ချင်းအမျိုးသားတပ်မတော်
ပုံပန်းသွင်ပြင်
| ချင်းအမျိုးသားတပ်မတော် Chin National Army | |
|---|---|
| Chin National Front | |
| ခေါင်းဆောင်များ | Pu Zing Cung |
| စတင်လှုပ်ရှားခြင်း | ၂၀ မတ် ၁၉၈၈–လက်ရှိ |
| ဌာနချုပ် | အိန္ဒိမြန်မာနယ်စပ် |
| လှုပ်ရှားနယ်မြေ | ချင်းပြည်နယ် |
| နိုင်ငံရေးအယူဝါဒ | ချင်းအမျိုးသားရေး ဖက်ဒရယ်ပြည်ထောင်စုစနစ် |
| Part of | ချင်းအမျိုးသားတပ်ဦး |
| မဟာမိတ် | ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ
အခြား: |
| ပြိုင်ဘက်များ | |
| စစ်ပွဲနှင့် တိုက်ပွဲများ | ပြည်တွင်းသောင်းကျန်းမှုသမိုင်း |
| အလံ | |
| ဝဘ်ဆိုဒ် | တရားဝင် ဝက်ဘ်ဆိုက်တ် |
ချင်းအမျိုးသားတပ်မတော် (အင်္ဂလိပ်: Chin National Army; CNA) သည် မြန်မာနိုင်ငံရှိ ချင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ ချင်းအမျိုးသားတပ်ဦး၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကာ ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ နှစ်စဉ်နှစ်တိုင်း မတ်လ (၂၀) ရက်နေ့ကို "ချင်းတော်လှန်ရေးနေ့" အဖြစ် နှစ်စဉ် ကျင်းပလျက် ရှိသည်။ ချင်းအမျိုးသား တပ်မတော်သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် လက်မှတ်ရေးထိုးခဲ့သည်။[၁]
ချင်းအမျိုးသားတပ်မတော်သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ တွင် အဖွဲ့ဝင် ဖြစ်ခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စံနမူနာ ဖြစ်လာနိုင်သော ပထမဆုံး ချင်းဖွဲ့စည်းပုံအခြေခံဥပဒေ။ The Irrawaddy (၃ ဇန်နဝါရီ ၂၀၂၄)။ ၁၁ ဧပြီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
| ဤ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |