ထန်တလန်တိုက်ပွဲ
| ||||||||||||||||||||||||
ထန်တလန်တိုက်ပွဲ ဆိုသည်မှာ ချင်းပြည်နယ် ထန်တလန်မြို့ကို မြန်မာစစ်တပ် နှင့် ဒေသခံ ချင်းတော်လှန်ရေးသမားများကြား ၂၀၂၁ ခုနှစ်တွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်းကို ရည်ညွှန်းသည်။ တိုက်ပွဲကြောင့် မြို့တွင်း အကြီးအကျယ် ပျက်စီးခဲ့ရသည်။[၃] ထန်တလန်မြို့နယ်ကို ပြန်လည်ထိန်းချုပ်ရန် စစ်အစိုးရက ကြိုးပမ်းနေသဖြင့် ၂၀၂၃ ခုနှစ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်လျက်ရှိသည်။[၄]
နောက်ခံ
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ထန်တလန်မြို့နယ်တွင် အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲ အများအပြားကို မြင်တွေ့ခဲ့ရသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို စစ်အစိုးရက နှိမ်နင်းခဲ့ရာ ဒေသခံအများအပြားက လက်နက်များကိုင်ဆောင်ကာ ချင်းပြည်နယ်မှ လက်နက်ကိုင်အဖွဲ့များက စတင် ခုခံခဲ့ကြသည်။ စစ်တပ်က အရပ်သားများအား သေနတ်နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် အရပ်သားများ သေဆုံးခဲ့ပြီး မြို့အား အကြိမ်ပေါင်းများစွာ မီးရှို့ခဲ့ခြင်းကြောင့် အဆောက်အဦပေါင်း ထောင်ချီကာ မီးလောင်ကျွမ်းခဲ့သည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ချင်းတော်လှန်ရေးသမားများသည် မြို့နယ်တွင် နယ်မြေစိုးမိုးမှု စတင်ရရှိခဲ့သည်။[၅]
တိုက်ပွဲ
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ထန်တလန်မြို့တွင် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် CDF - ထန်တလန်မှ စစ်ကောင်စီစခန်းတစ်ခုအား တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ခန့် ကျဆုံးခဲ့ကြောင်း သိရသည်။ တုံ့ပြန်သည့်အနေဖြင့် စစ်အစိုးရတပ်များက ခရစ်ယာန်ခေါင်းဆောင်တစ်ဦးအား သတ်ဖြတ်ခဲ့သည်။ တစ်လအကြာတွင် ၎င်းတို့သည် ဘုရားကျောင်းနှစ်ကျောင်းနှင့် အိမ်ခြေ ၁၆၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။[၆][၇]
၂၀၂၁ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်းတွင် ချင်းတပ်များသည် ထန်တလန်မြို့နယ် အတွင်းရှိ ကျေးရွာ ၈၈ ရွာအနက်မှ ၅၁ ရွာကို သိမ်းပိုက်နိုင်ခဲ့သည်။[၅]
၂၀၂၂ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် တပ်မတော်က ထန်တလန် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့သည်။[၆] ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်သားနှစ်ဦးနှင့် ရဲအရာရှိ လေးဦးအား ချင်းတပ်ဖွဲ့က လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ထန်တလန်မြို့၏ သုံးပုံနှစ်ပုံခန့်ကို တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်။[၈]
တိုက်ပွဲဖြစ်ပွားမှုကြောင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလအစောပိုင်းတွင် ထောင်နှင့်ချီသော ဒေသခံများက နေရပ်ကို စွန့်ခွာသွားစေခဲ့သည်။[၉] ထန်တလန်မြို့ခံ ၁၀,၀၀၀ ကျော်သည် မြို့တွင်းမှ ထွက်ပြေးခဲ့ကာ ကျေးလက်ဒေသနှင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေခဲ့ကြသည်။[၁၀] ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ထန်တလန်မြို့၏ နေရာအများအပြား မီးလောင်ကျွမ်းခဲ့သည်။[၃] တိုက်ပွဲများကြောင့် ထန်တလန်မြို့တွင် မြို့ခံပြည်သူလူထုမရှိတော့ဘဲ စစ်ကောင်စီတပ်သားများသာ ကျန်ရှိနေကြောင်း သိရသည်။
တကျော့ပြန် တိုက်ပွဲ
[ပြင်ဆင်ရန်]၂၀၂၃ ခုနှစ်
[ပြင်ဆင်ရန်]၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် CNA/CNDF တပ်ဖွဲ့ဝင်များသည် ထန်တလန်ရဲစခန်းကို တိုက်ခိုက်ခဲ့သည်။ နံနက် ၂ နာရီတွင် ရဲစခန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ရာ ရဲအရာရှိလေးဦး သေဆုံးခဲ့ပြီး ချင်းတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးကာ တိုက်ခိုက်ရေးသမားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ရိုင်ဖယ်သေနတ် အလက် ၄၀ အပါအဝင် လက်ပစ်ဗုံးများ၊ ခဲယမ်းမီးကျောက်များနှင့် ဒရုန်းဖျက်လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။[၁၁] ထိုတိုက်ခိုက်မှုအပြီးတွင် တပ်မတော်သည် ခမရ ၂၆၉ တပ်စွဲထားသည့် မြို့အနီးရှိ စစ်တပ်ကုန်းကိုသာ ဆက်လက် ထိန်းချုပ်ထားနိုင်ခဲ့သည်။[၂]
မတ်လ ၃၀ ရက်နေ့တွင် စစ်အစိုးရက ထန်တလန်မြို့အနီးရှိ ခွါဘုံကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ရှစ်ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့သည်။[၆]
မေလ ၂၆ ရက်နေ့တွင် စစ်အစိုးရ စစ်သား ၁၅၀ ခန့်သည် ထန်တလန်အား ပြန်လည်သိမ်းပိုက်ရန် ဟားခါးမှ ထွက်ခွာခဲ့ပြီး ချင်းတပ်များနှင့် ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၇ ဦး ကျဆုံးခဲ့ပြီး တော်လှန်ရေးသမား ၁၂ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။[၄]
ဇွန်လ ၁၄ ရက်နေ့တွင် စစ်အစိုးရတပ်များက ဟားခါးမြို့နယ်၊ လုံခါရှိ တော်လှန်ရေးစခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။ ထိုစဉ်က ထန်တလန်မြို့နယ်တွင် စစ်ကြောင်းတစ်ခုရှိနေပြီး အခြားစစ်ကြောင်းတစ်ခုမှာ ဆက်လက်ချဉ်းကပ်လာနေကြောင်း သိရသည်။[၁၂] တိုက်ခိုက်မှုအတွင်း တော်လှန်ရေးသမား ၃ ဦး သေဆုံးခဲ့သည်။ ဇွန်လ ၁၆ ရက်နေ့တွင် သီးမစ်တောင်ကြား၌ တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီအဖွဲ့ဝင် ၅၀ ကျော် သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့ကာ ချင်းတပ်ဖက်မှ ၁၂ ဦး ကျဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။[၁၃]
၂၀၂၄ ခုနှစ်
[ပြင်ဆင်ရန်]၂၀၂၄ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့များသည် ထန်တလန်မြို့ပေါ်ရှိ CB ဘဏ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း CDF ထန်တလန်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်မှစ၍ ထိုးစစ်ဆင်ခဲ့ရာ ၂ နာရီဝန်းကျင်တွင် စခန်းကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားအလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂၂ ရက်နေ့မှစ၍ "Tilim Operation-4" အမည်ဖြင့် စတင်ခဲ့သော ထန်တလန်မြို့သိမ်းတိုက်ပွဲအတွင်း Auto တောင်စခန်း ၃ ခု၊ ထန်တလန်-ဟားခါးလမ်းပိုင်းရှိ စစ်ကောင်စီစခန်းများနှင့် မြို့တွင်းရှိ Lai Villa တည်းခိုခန်းစခန်းတို့ကိုလည်း သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်ကြောင်း CDF ထန်တလန်မှ တာဝန်ရှိသူက ပြောဆိုခဲ့သည်။[၁၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ POWs Reveal Names of Junta Captains Who Reduced Chin Town of 10,000 to Ashes, 13 February 2023
- 1 2 "Ethnic Chin rebels dispute junta claim of martial law in one key township" (in en)၊ RFA၊ 10 February 2023။
- 1 2 How Myanmar’s Thantlang Township Became a Symbol of Resistance (in en) (2022-11-09)။ 17 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2023-03-23 တွင် ပြန်စစ်ပြီး။
- 1 2 Nearly 30 junta soldiers killed in battle in Timit river plain between Hakha-Thantlang, 5 June 2023
- 1 2 Fishbein၊ Emily။ "The Military Tried to Burn Thantlang Down: How a Myanmar Township Defied the Odds to Become a Resistance Stronghold"၊ Time၊ 9 November 2022။ 23 June 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 17 February 2023။
- 1 2 3 "Once-bustling town of Thantlang reduced to rubble by Myanmar’s junta" (in en)၊ RFA၊ 31 March 2023။
- ↑ "New fighting breaks out in Chin State’s Thantlang" (in en)၊ Myanmar Now၊ 28 September 2021။
- ↑ "Chin resistance forces capture six, including an army lieutenant, in Thantlang ambush" (in en)၊ Myanmar Now၊ 2 February 2023။
- ↑ Thousands flee Thantlang, Chin State after clashes with junta troops (in en-US) (2021-09-23)။ 2021-11-02 တွင် ပြန်စစ်ပြီး။
- ↑ Army shelling in Myanmar blamed for setting 160 homes ablaze (in en) (2021-10-30)။ 2021-11-02 တွင် ပြန်စစ်ပြီး။
- ↑ "Chin resistance groups capture police station in Thangtlang town, Chin State" (in en)၊ BNI Online၊ 13 February 2023။
- ↑ The junta army reportedly killed two comrades of the Chinland Defense Force - Hakha (CDF - Hakha) and the Chin National Army (CNA) at a base camp near Lungkhar village in Hakha township of Chin state, Myanmar, on Monday, Chindwin News Agency
- ↑ "Myanmar Junta Troops Seize Resistance Camp in Ambush in Chin State" (in en)၊ The Irrawaddy၊ 14 June 2023။
- ↑ "ထန်တလန်မြို့ပေါ် CB ဘဏ်၌ တပ်စွဲထားသော စစ်ကောင်စီ တပ်စခန်းကို အပြီးသတ် သိမ်းပိုက်လိုက်ပြီး စစ်သား အလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ"၊ Khit Thit Media၊ October 7, 2024။ 31 May 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 31 May 2025။