၂၀၂၁-၂၀၂၂ မြန်မာနိုင်ငံ ဆန္ဒပြမှုများ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဤဆောင်းပါးသည် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများအကြာင်းဖြစ်သည်။ အကြောင်း ဖြစ်သည်။ လက်နက်ကိုင်တော်လှန်ရေးကို အကြောင်းကို ဖတ်ရှု့လိုပါက အတွက် ပြည်သူ့ခုခံတော်လှန်စစ် ကို ကြည့်ပါ။
၂၀၂၁ မြန်မာနိုင်ငံ ဆန္ဒပြမှုများ
(မြန်မာ့​နွေဦး​တော်လှန်​ရေး)
2021 Myanmar Protest in Hleden.jpg
Wigging to myanmar military.jpg
Three-finger salute.jpg
Human chain demonstration in Yangon, Myanmar (8 February 2021).jpg
Myanmar military is worse.jpg
အပေါ်မှ နာရီလက်တံအတိုင်း:
  • ရန်ကုန်မြို့၊ လှည်းတန်း၌ ဆန္ဒပြကြစဉ်
  • လက်သုံးချောင်းထောင်ခြင်းဖြင့် ဆန္ဒပြနေကြပုံ
  • "စစ်တပ်ကပိုဆိုး"
  • ကမာရွတ်မြို့နယ်၌ ဆန္ဒပြနေကြစဉ်
  • ဗိုလ်ချုပ်မင်းအောင်လှိုင်အားရှုတ်ချ၍ NLD အလံလွှင့်နေပုံ
နေ့ရက်၂ ဖေဖော်ဝါရီ ၂၀၂၁ – ယနေ့
နေရာ
မြန်မာနိုင်ငံတစ်ဝှမ်း
အကြောင်းရင်းခံအာဏာသိမ်းပိုက်ခံရမှု
ရည်မှန်းချက်များ
  • စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အာဏာသိမ်းအစိုးရ ပြုတ်ကျရေး
  • နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားဖမ်းဆီးခံရသူ ခေါင်းဆောင်များအား ပြန်လွှတ်ပေးရေး
  • ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို အသိမှတ်ပြုရေး
  • ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ဖွဲ့စည်း၍ တရားဝင်အစိုးရအသစ် ဖွဲ့နိုင်ရေး
  • ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး၊ ပြည်သူ့ဆန္ဒနှင့်ကိုက်ညီသော ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပေါ်ထွန်းရေး
  • ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး
နည်းလမ်းများဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်း၊ အာဏာဖီဆန်ခြင်း
အခြေအနေဖြစ်ပွားဆဲ
Parties to the civil conflict

ဆန့်ကျင်ဆန္ဒပြသူများ:
(ခေါင်းဆောင်မရှိ)

  • အာဏာဖီဆန်ရေးပြည်သူ့လှုပ်ရှားမှု
  • ကျောင်းသား/သူများ
  • အလုပ်သမားသမဂ္ဂများ

မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ (NUG)

ပံ့ပိုးသူများ:

ဦးဆောင်သူများ

ဆန့်ကျင်ဆန္ဒပြသူများ:
ဦးဆောင်သူမရှိ

NUG:
ဒူဝါလရှီးလ
မန်းဝင်းခိုင်သန်း
ရည်မွန်
ထိခိုက်သူများ
သေဆုံးသူ(များ)၁,၇၃၀ (AAPP အရ၊ ၆ ဧပြီ ၂၀၂၂ [၅])
၇၈၂ (ကုလသမဂ္ဂအရ၊ ‌၁၀ မေ)[၆]
ဆန္ဒပြသူ ၃၀၀ (နစကအရ၊ ၂၃ မေ)[၇]
ရဲသား ၄၇ ဦးနှင့် စစ်သား ၇ ဦး
(နစကအရ၊ ၂၃ မေ)[မှတ်စု ၁][၇][၁၀]
ထိန်းသိမ်းခံရသူ၁၂,၅၃၄[၁၁]
ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးရန် ဆန္ဒပြနေကြစဉ်

၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုများ သို့မဟုတ် နွေဦးတော်လှန်ရေး[၁၂][၁၃]သည် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူပြီးနောက် ဖြစ်ပေါ်လာသော ဆန္ဒပြမှုများဖြစ်သည်။[၁၄]ဆန္ဒပြမှုများသည် အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။ [၁၅]အင်တာနက်မှတစ်ဆင့် ဖေ့စ်ဘွတ်ခ်တွစ်တာ စသောလူမှုကွန်ယက်များတွင် ဆန္ဒထုတ်ဖော်ခြင်း၊ နေ့စဉ် သံပုံးတီးခြင်း၊ ဖဲကြိုးနီလှုပ်ရှားမှု၊ အာဏာဖီဆန်ခြင်းလှုပ်ရှားမှု၊စစ်အစိုးရယန္တရားအားယိုယွင်းပျက်စီး​စေခြင်း(CDM)၊ လက်သုံးချောင်းထောင်၍ စီတန်းလှည့်လည်မှု စသည်တို့ ပါဝင်သည်။ ဆန္ဒပြသူများသည် အထိန်းသိမ်းခံရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အရောင်ဖြစ်သော အနီရောင်ကို အဓိကထား၍ အသုံးပြုကြသည်။ [၁၆]

နောက်ခံသမိုင်းကြောင်း[ပြင်ဆင်ရန်]

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် မဲမသမာမှု အကြောင်းပြချက်ဖြင့် နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ထိန်းသိမ်းခဲ့သည်။ ထို့အပြင် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ ရွေးကောက်ခံကိုယ်စားလှယ်များနှင့် အခြားအရေးပါသူများကိုပါ ထိန်းသိမ်းခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁ရက်နေ့ နံနက်အစောပိုင်းမှစ၍ တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားပြီး နံနက် ၈ နာရီ ခန့်တွင် ဝိုင်ဖိုင်ဝန်ဆောင်မှုများပါ ပြတ်တောက်သွားပြီးနောက် တစ်နိုင်ငံလုံး အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ ထို နံနက် ၈နာရီ တွင် တပ်မတော်ပိုင် မြဝတီရုပ်သံလိုင်းမှ နိုင်ငံတော်အာဏာကို ယာယီသမ္မတ ဦးမြင့်ဆွေ မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်ပြီး နိုင်ငံတော်ကို အရေးပေါ်အခြေအနေ တစ်နှစ် ကြေညာခဲ့သည်။ ထိုနေ့ ည‌ပိုင်း မှစတင်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ တပ်မတော်အစိုးရအသစ်တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် အာဏာသိမ်းပိုက်မှူနှင့်ပက်သက်၍ တပ်မတော်ဗိုလ်ချုပ်များကို ပြစ်ဒဏ်ချမှတ်မည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။[၁၇][၁၈]

ပြည်သူလူထု၏ လှုပ်ရှားမှုများ[ပြင်ဆင်ရန်]

ဝန်ထမ်းများ အာဏာဖီဆန်ရေး လှုပ်ရှားမှုများ[ပြင်ဆင်ရန်]

ဖေဖော်ဝါရီလ ၁ရက်နေ့ညနေပိုင်းတွင် ဆက်သွယ်ရေးလိုင်းများ ပြန်လည် ရရှိပြီးနောက် တိုင်းပြည်အနှံ့ရှိ ဆေးရုံများမှ လက်ထောက်ဆရာဝန်များမှ အလုပ်မဆင်းကာ [[အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှု |အာဏာဖီဆန်ကြရန်]] ဆုံးဖြတ်ခဲ့သည်။ ဖေဖော်ဝါရီ ၂ရက်နေ့တွင် အလုပ်မဆင်းပဲ နေခဲ့ကြလေသည်။ နောက်ရက်များတွင် အခြားသောဆေးရုံများမှ ဆေးဝန်ထမ်းများပါ ပါဝင်လာခဲ့ကြသည်။ နောက်ရက်များတွင် ဆရာဝန်များသာမက အခြားသော ဝန်ထမ်းများပါ ပါဝင်လာခဲ့ကြသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် ၁၃ဦးတွင် ၆ဦးမှာ နှုတ်ထွက်ခဲ့ကြောင်း မန္တလေး ဒုတိယမြို့တော်ဝန် ဦးရဲမွန်မှ လူမှုကွန်ယက်မှတစ်ဆင့် ပြောကြားခဲ့သည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှုများသည် လူမှုကွန်ယက်များမှတစ်ဆင့် ကျယ်ပြန့်လာပြီး နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံးများမှ ဝန်ထမ်းများပါ ပါဝင်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်သူ့ဝန်ထမ်းများသည် လှုပ်ရှားမှုအတွင်းသို့ ပါဝင်လာကြသည်။ [၁၉] ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် မြန်မာ့ မီးရထားမှ ဝန်ထမ်းများအားလုံး အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်လာသဖြင့် မီးရထားလုပ်ငန်းတစ်ခုလုံး လုံးဝရပ်တန့်ခဲ့ရသည်။ နိုင်ငံပိုင်သတင်းစာများဖြစ်ကြသော ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာတို့မှ ဝန်ထမ်းများ လှုပ်ရှားမှုတွင် ပါဝင်လာမည်ဆိုသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။ [၂၀] ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံဗဟိုဘဏ်မှ ဝန်ထမ်းအချို့သည် လှုပ်ရှားမှုတွင် ပါဝင်လာခဲ့ကြသည်။ [၂၁] ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းခွင်အတွင်းသို့ ပြန်လာ၍ တာဝန်ထမ်းဆောင်ကြရန် မေတ္တာရပ်ခံစာကို နိုင်ငံပိုင်သတင်းစာဖြစ်သည့် မြန်မာ့အလင်းသတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။[၂၂] ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ နောက်ဆုံးစာရင်းများအရ ဝန်ကြီးဌာန ၂၂ ခုတို့မှ အစိုးရဌာန ၈၅၈ ခုသည် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။[၂၃]

တပ်မတော်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများ သပိတ်မှောက်မှု[ပြင်ဆင်ရန်]

ဖေဖော်ဝါရီ ၃ရက်နေ့တွင် စစ်အစိုးရမှ ထုတ်လုပ်သော ပစ္စည်းများကို မသုံးစွဲကြရန် တိုက်တွန်းပြီး သပိတ်မှောက်ခဲ့ကြသည်။[၂၄]ထိုအထဲတွင် မိုင်တဲ ဆက်သွယ်ရေးလုပ်ငန်း၊ မြန်မာ၊ မန္တလေးနှင့် ဒဂုံဘီယာများ၊ ကော်ဖီများ၊ အာဏာသိမ်း စစ်ခေါင်းဆောင်သမီးဖြစ်သူ ပိုင်ဆိုင်သော သတ္တမမြောက်အာရုံ (7th Sense Creation) [၂၅]တို့ပါဝင်သည်။

သံပုံးတီးပွဲများ[ပြင်ဆင်ရန်]

အာဏာသိမ်းခံရသည့် ညမှစတင်ကာ ရန်ကုန်မြို့ရှိ နေအိမ်၊ တိုက်ခန်းများတွင် ည ၈နာရီ အချိန်မှ ၈နာရီ ၁၅ မိနစ် အထိ သံပုံးများတီးခဲ့ကြသည်။ မကောင်းဆိုးဝါးများကို သံပုံးတီး၍ နှင်သည့် အလေ့အထကို ဆန္ဒပြမှုတွင် အသုံးပြုကြခြင်းဖြစ်သည်။ နောက်ရက်များတွင် တိုင်းပြည်အနှံ့တွင် တီးခဲ့ကြသည်။ သံပုန်းတီးသံနှင့်အတူ ဒီမိုကရေစီလှုပ်ရှားမှု၏ ပြယုဂ်တစ်ခုဖြစ်သော ကမ္ဘာမကြေဘူး သီချင်းနှင့် အရေးကြီးပြီ (သွေးသစ္စာ) သီချင်းတို့ကို သီဆို ဟစ်ကြွေးကြသည်။ မန္တလေးမြို့တွင် သံပုံးတီးသူ အယောက် ၃၀ ခန့် ဖမ်းဆီးခံရခဲ့သည်။

ဆန္ဒပြပွဲများ[ပြင်ဆင်ရန်]

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့ လမ်းများပေါ်တွင် ချိတ်ဆွဲထားသော ပိုစတာနှင့်အလံငယ်များဖြစ်သည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၈ နာရီ၌ အချို့သော ရန်ကုန်သားများသည် ဒေါ်အောင်ဆန်းစုကြည်အားစေလွှတ်ရန် ၁၅ မိနစ်မျှ ထွက်ရောက် ဆန္ဒပြခဲ့ကြသည်။[၂၆] မန္တလေးစည်ပင်မှ အဖွဲ့ဝင် ၆ ယောက်သည် ဖေဖော်ဝါရီလ ၃ ရက်တွင် လုပ်ငန်းမှထွက်ခွာခဲ့သည်။[၂၇] ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မန္တလေးဆေးတက္ကသိုလ်ရှေ့၌ လူအယောက် ၃၀ ဆန္ဒပြခဲ့ကြရာ ဖမ်းဆီးခြင်းခံခဲ့ရသည်။[၂၈][၂၉] ထို့အပြင် ဆန္ဒပြမှုများသည် တစ်ရက်နှင့် တစ်ရက် အရှိန်အဟုန်ဖြင့် တိုးလာခဲ့သည်။ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ခဲ့သည်။ ထို ထုတ်ပြန်ချက်တွင် လူ ၅ ဦးထက် ပိုမစုရဟု ပါသော်လည်း ဆန္ဒပြမှုမှာ အရှိန်လျော့မသွားခဲ့ပေ။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် လူငယ်များသည် ဆန္ဒပြနည်း အသစ်အဆန်းများကို အသုံးပြုပြီး ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြခဲ့သည်။ လွိုင်ကော်မြို့ ရဲတပ်ဖွဲ့မှ ရဲ အယောက် ၄၀ သည် ဆန္ဒပြ ပြည်သူများနှင့် ပူးပေါင်းခဲ့ပြီး ထိုရဲများကို ဖမ်းဆီးရန် လွှတ်လိုက်သော ရဲ ၉ ယောက်သည်လည် ပြည်သူနဲ့ ပူးပေါင်းခဲ့သည်။ ဖေဖော်ဝါရီလ ၁၂ ပြည်ထောင်စုနေ့တွင် မွန်ပြည်နယ်မော်လမြိုင်မြို့ရှိ ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်းနှင်းပြီး ဖမ်းဆီးမှုများ ရှိခဲ့သည်။[၃၀][၃၁]

ဖေဖော်ဝါရီလ ၂၈ ရက်နံနက်တွင် မူဆယ်မြို့၌ လူထုအင်အား သောင်းဂဏန်းမျှ ဆန္ဒဖော်ထုတ်ခဲ့သည်။ ဆန္ဒဖော်ထုတ်သောလူထု အတွင်းသို့ အရပ်ဝတ်ဖြင့် ဓားလက်နက်များ ကိုင်ဆောင်ထားသော လူငါးဦးသည် လူထုအား ရန်ရှာမှုများ ပြုလုပ်ခဲ့သောကြောင့် ဆန္ဒပြလူထုမှ ထိမ်းသိမ်းကာ ရဲဌာနသို့အပ်နှဲခဲ့လေသည်။ အာဏာပိုင်များမှ ဆန္ဒပြလူထုအတွင်းသို့ သေနတ်ပစ်ဖောက် ဖြိုခွင်းမှုများရှိခဲ့သည်။[၃၂]

မတ်လ ၂၀ ရက်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပုံစံမျိုးစုံဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း တာမွေ၊ စမ်းချောင်း၊ သာကေတ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ခရမ်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ပုသိမ်ကြီးမြို့နယ်မတ္တရာမြို့နယ်အမရပူရမြို့နယ်မိုးကုတ်မြို့နယ်၊​ ညောင်ဦးမြို့နယ်နှင့် မိတ္ထီလာမြို့နယ်စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ​ရေဦးမြို့နယ်မုံရွာမြို့နယ်တန့်ဆည်မြို့နယ်ကလေးမြို့နယ်ပုလဲမြို့နယ်၊ ​စစ်ကိုင်းမြို့နယ်ကသာမြို့နယ်ကျွန်းလှမြို့နယ်ရွှေဘိုမြို့နယ်တမူးမြို့နယ်ဆားလင်းကြီးမြို့နယ်ကချင်ပြည်နယ်တွင် မြစ်ကြီးနားမြို့နယ်မိုးညှင်းမြို့နယ်ဗန်းမော်မြို့နယ်နမ္မတီးမြို့ဖားကန့်မြို့နယ်မိုးကောင်းမြို့နယ်ရှမ်းပြည်နယ်တွင် တောင်ကြီးမြို့နယ်နမ့်စန်မြို့နယ်တာချီလိတ်မြို့နယ်ကျောက်မဲမြို့နယ်ကယားပြည်နယ်တွင် လွိုင်ကော်မြို့နယ်ကရင်ပြည်နယ်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်မြဝတီမြို့နယ်ကော့ကရိတ်မြို့နယ်ချင်းပြည်နယ်တွင် ဟားခါးမြို့နယ်မင်းတပ်မြို့နယ်ဖလမ်းမြို့နယ်မကွေးတိုင်းဒေသကြီးတွင် မကွေးမြို့နယ်ပခုက္ကူမြို့နယ်အောင်လံမြို့နယ်ကံမမြို့နယ်မင်းဘူးမြို့နယ်ပဲခူးတိုင်းဒေသကြီးတွင် ပဲခူးမြို့နယ်ဒိုက်ဦးမြို့နယ်၊ နေပြည်တော်တွင် ပျဉ်းမနားမြို့နယ်မွန်ပြည်နယ်တွင် မော်လမြိုင်မြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်မြို့နယ်တို့တွင် ဆန္ဒထုတ်ဖော်ပွဲများပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဆက်သွယ်ရေးခက်ခဲ့မှုများဖြစ်ပေါ်ခဲ့သော်လည်း မြို့ရွာများအနှံအပြားတွင် နေ့စဉ်ဆန္ဒထုတ်ဖော်မှုများရှိခဲ့သည်။ မိုဘိုင်းဖုန်းအင်တာနတ်များ ဖြတ်တောက်ခဲ့သောကြောင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလတ်များ နှောင့်နှေးမှုများနှင့် သတင်းမရရှိမှုအခက်အခဲများရှိခဲ့သည်။[၃၃]

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ရလဒ်ထောက်ခံမှု[ပြင်ဆင်ရန်]

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲမှတဆင့် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသော လွှတ်တော်ကိုယ်စားလှယ်များသည် အာဏာသိမ်းမှု၏ တရားဝင်မှုကို တရားဝင်အသိအမှတ်ပြုခြင်း မရှိပါ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်တင်မြှောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ် ၇၀ ခန့်သည် ပြည်သူလူထု၏ လုပ်ပိုင်ခွင့်ကို လိုက်နာရန်ကတိပြု၍ နေပြည်တော်တွင် လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသည်။ [၃၄] ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ဦးသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းခဲ့သည်။ ယင်းကော်မတီသည်၏ပထမဦးဆုံး အွန်လိုင်းမှတစ်ဆင့်ကျင်းပခဲ့သည်။[၃၅][၃၆] အာဏာသိမ်းအစိုးရ၏ ပြည်နယ်အုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ရန် ကမ်းလမ်းချက်များကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)၊ ကရင်အမျိုးသားပါတီနှင့် အရှိုချင်းအမျိုးသားပါတီတို့က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ငြင်းပယ်ကြောင်း ကြေညာခဲ့သည်။[၃၇] စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထိခိုက်စေကြောင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ရန် တောင်းဆိုကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် တောင်းဆိုလိုက်ကြောင်း ထုတ်ပြန်သည်။ [၃၈]

ဖဲကြိုးနီလှုပ်ရှားမှု[ပြင်ဆင်ရန်]

ဖဲကြိုးနီလှုပ်ရှားမှုကို ကျန်းမားရေးဝန်ထမ်းများက ဦးဆောင်၍ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စတင်ခဲ့သည်။[၃၉] ဖဲကြိုးအနီရောင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအရောင်ဖြင့် တူညီသည်။ နီနီခင်ဇော်သည် ထင်ရှားသောအဆိုတော်တစ်ဦးဖြစ်ပြီး ဆေးပညာဘွဲ့ရသူတစ်ဦးလည်း ဖြစ်သည်။ ဖဲကြိုးနီလှုပ်ရှားမှုကို ထောက်ခံကြောင်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံတဝန်းရှိ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနမှအစပြု၍ နိုင်ငံဝန်ထမ်းအများစုသည် ဖဲကြိုးနီလှုပ်ရှားမှုတွင် ပါဝင်လာခဲ့ကြသည်။ ထိုသို့ ပါဝင်လာခြင်းသည် အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကြောင်း၊ ကန့်ကွက်ကြောင်းနှင့် အလိုမရှိကြောင်း ပြသခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကြေးစင်တောင်ကြေးနီစီမံကိန်းမှ လုပ်သားများပါဝင်ခဲ့ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် သာကေတစက်မှုဇုံရှိ အထည်ချုပ်လုပ်ငန်းဝန်ထမ်းများ ပါဝင်လာခဲ့ကြသည်။ ကရင်ပြည်နယ် ဘားအံနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါက်တာဒေါ်ချိုယုမွန်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့မနက်ပိုင်းတွင် ဖဲကြိုးနီလှုပ်ရှားမှုလုပ်သောကြောင့် မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ ဖဲကြိုးနီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်က သူ့ကို ပုဒ်မ ၅၀၅ ခဖြင့် တရားစွဲဆိုခဲ့ကြောင်း၊ အာမခံမပေးဘဲ ဘားအံအကျဉ်းထောင်ကို ခေါ်ဆောင်သွားကြောင်း သိရသည်။[၄၀] ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ အင်ဂျင်နီယာများ၊ အထွေထွေဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းများ သည် ဖဲကြိုးနီလှုပ်ရှားမှုတွင် ပါဝင်လာကြသည်။[၄၁]

လူမှုကွန်ရက်[ပြင်ဆင်ရန်]

မြန်မာဆယ်လီဘရစ်တီများဖြစ်ကြသော ပိုင်တံခွန်နှင့် ဒေါင်းတို့သည် ပြည်သူတို့၏သပိတ်မှောက်မှုတို့ကို ထောက်ခံကြောင်း ပို့စ်များတင်ခဲ့ကြသည်။[၄၂][၄၃] မြန်မာအင်တာနက်အသုံးပြုသူများသည် #SayNototheCoup၊ #RespectOurVotes၊ #HearTheVoiceofMyanmar၊ #SaveMyanmar၊ နှင့် #CivilDisobedience တို့ကိုရေးသားခဲ့ကြသည်။[၄၂] အာဏာသိမ်းပိုက်ပြီး ၁ ရက်အကြာ "#SaveMyanmar" ကို ဖေ့စဘွတ်အသုံးပြုသူပေါင်း ၃၂၅,၀၀၀ ကျော် ရေးသားခဲ့ကြသည်။[၄၄] ဆိုရှယ်မီဒီယာအသုံးပြုသူများသည် မိမိတို့၏ပရိုဖိုင်ပုံများကို အနက်နှင့် အနီရောင်သို့ ပြောင်းလဲထားကြသည်။[၄၄] ဖေဖော်ဝါရီ ၇ ရက်တွင် ဦးသန်းရွှေ၏သမက်ဖြစ်သူ နေစိုးမောင်သည် ဖေ့စဘွတ်ပေါ်တွင် ဆန္ဒပြသူများကိုထောက်ခံကြောင်း ပို့စ်တင်ခဲ့သည်။[၄၅] ထို့အပြင် မင်းအောင်လှိုင်၏ အရပ်အမြင့်ကိုလည်း ၄ ပေ ၈ လက်မဟု သရော်ကြသည်။[၄၆]

ကားပျက်လှုပ်ရှားမှုနှင့် အနှေးကားမောင်း လှုပ်ရှားမှု[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရှုပ်ထွေးသော လမ်းမများပေါ်တွင် ကားများထူးဆန်းစွာ ပျက်ကာ လမ်းပိတ်စေသည့် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြကာ လုံခြုံရေးတပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့များ သွားလာခြင်းနှင့် အစိုးရဝန်ထမ်းများ အလုပ်တက်ရန် သွားရောက်ခြင်းတို့ကို အနှောက်အယှက်ဖြစ်စေခဲ့သည်။[၄၇][၄၈] နောက်တစ်ရက်ဖြစ်သော ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင်လည်း လမ်းပိတ်စေရန်အတွက် ကားပျက်လှုပ်ရှားမှုနှင့် အတူ ကားများကို နှေးကွေးစွာ မောင်းနှင်ကြသည့် လှုပ်ရှားမှုကိုလည်း ပြုလုပ်ခဲ့ကြသည်။[၄၈][၄၉]

၂၀၂၂ အသံတိတ်သပိတ်[ပြင်ဆင်ရန်]

စစ်အာဏာသိမ်း တစ်နှစ်ပြည့်သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာပြည်သူများက အသံတိတ်သပိတ်ကို ဆင်နွဲခဲ့ကြပြီး အပြင်မထွက်၊ ဈေးပိတ်၊ ဆိုင်ပိတ်ကာ အိမ်တွင်သာ နေခဲ့ကြရာ မြို့များရှိ လမ်းမများပေါ်တွင် လူသူကင်းမဲ့ကာ ခြောက်ကပ်နေခဲ့သည်။ စစ်အာဏာရှင်များက အသံတိတ်သပိတ်တွင် ပါဝင်သူများကို အကြမ်းဖက်မှုဥပဒေနှင့် တည်ဆဲဥပဒေများအရ အရေးယူမည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။[၅၀]

စစ်အစိုးရ၏ တန်ပြန်ရေးအစီအမံများ[ပြင်ဆင်ရန်]

အင်တာနက်ဖြတ်တောက်မှု[ပြင်ဆင်ရန်]

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တပ်မတော်သည် ဖေ့စ်ဘွတ်လူမှုကွန်ရက်ကို "တိုင်းပြည်တည်ငြိမ်လို‌သောကြောင့်" ဖေဖော်ဝါရီ ၇ ရက်နေ့အထိပိတ်ပင်ရန် အင်တာနက်ဝန်ဆောင်မှုပေးသူများကို အမိန့်ပေးခဲ့သည်။[၅၁] MPT သည်လည်း Facebook messengerအင်စတာဂရမ် နှင့် WhatsApp တို့ကိုပိတ်ပင်ခဲ့သည်။ တယ်လီနောကမူ ဖေ့စ်ဘွတ်ကိုသာ ပိတ်ပင်ခဲ့သည်။[၅၂][၅၁] ဖေ့စဘွတ်ကို ပြည်သူများ မလိုက်နာခြင်းလှုပ်ရှားမှု (Civil Disobedience Movement) ပြုလုပ်ရန်အတွက်အသုံးပြုခဲ့ကြသည်။[၅၁] ဖေ့စ်ဘွတ်အပိတ်ပင်ခံရသောအခါ အသုံးပြုသူများသည် တွစ်တာသို့ပြောင်းရွှေ့လာခဲ့ရာ #RespectOurVotes၊ #HearTheVoiceofMyanmar၊ #SaveMyanmar စသည်တို့ကိုရေးခဲ့ကြသည်။[၅၃] ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တပ်မတော်သည် တွစ်တာကိုပါ ပိတ်ပင်ခဲ့သည်။[၅၄][၅၅] ဖေဖော်ဝါရီလ ၆ ရက်တွင် အင်တာနက်ဝန်ဆောင်မှုကို ပိတ်ပင်ခဲ့သည်။[၅၆] ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးသော်လည်း လူမှုကွန်ရက်များကို ပိတ်ပင်ထားဆဲဖြစ်သည်။[၅၇] ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစ၍ မနက် ၁ နာရီမှ ၉ နာရီအထိ တစ်နိုင်ငံလုံး အင်တာနက် ဖြတ်တောက်ခဲ့သည်။[၅၈]

ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် စစ်တပ်မှ ရှယ်ယာထည့်ထားသော မိုင်တဲလ်မှလွဲ၍ ကျန် အော်ပရေတာအများစုက ဝီကီပီးဒီးယားနှင့် အခြား ဝီကီ ဝက်ဆိုဒ်များကို ပိတ်ပင်ခဲ့သည်။[၅၉]

ဖေဖော်ဝါရီ ၂၂ ရက်​နေ့တွင် ရန်ကုန်မြို့တစ်မြို့တည်း၌ ည ၁၂ နာရီမှ နေ့လယ် ၁၂ နာရီ အထိ အင်တာနက်ဖြတ်တောက်ခဲ့ပြီး ကျန်မြို့များအားလုံးမှာ ယခင်အတိုင်း မနက် ၁ နာရီမှ မနက် ၉ နာရီအထိသာဖြတ်တောက်ခဲ့သည်။[၅၉]

မတ်လ ၁၄ ရက်နေ့ညမှ၍ နိုင်ငံတစ်ဝန်း မိုဘိုင်း အင်တာနက် ဖြတ်တောက်ထားခဲ့သည်။ မတ်လ ၁၈ ရက်နေ့မှစ၍ ဝိုင်ဖိုင်နည်းပညာဖြင့် အင်တာနက်ဖြန့်ဝေပေးသည့် မြန်မာနက်၏ ဝန်ဆောင်မှုကိုလည်း ရက်အကန့်အသတ်မရှိ ဖြတ်တောက်ခဲ့သည်။[၆၀]

ဧပြီလ ၁ ရက်နေ့တွင် ကြိုးမဲ့ ဝိုင်ဖိုင်နည်းပညာ (Wireless broadband internet) ကို ရက်အကန့်အကတ်မရှိဖြတ်တောက်ရန် ညွှန်ကြားခဲ့သည်။[၆၁]

စစ်အစိုးရ၏ အင်တာနက်နှင့် ပတ်သက်ပြီး နေ့စွဲအလိုက် စေခိုင်းမှုများကို တယ်လီနော မြန်မာ မှ ထုတ်ဖော်ပြောကြားခဲ့သည်။[၆၂]

ဖမ်းဆီးမှုတရားစွဲခြင်းများ[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်အာဏာသိမ်းမှုနှင့် ပတ်သက်၍ လူပေါင်း ၁၅၂ ဦး ကိုထိန်းသိမ်းထားခဲ့သည်။ စစ်အစိုးရသည် ထိန်းသိမ်းခံထားရသူများကို ရာဇဝတ်မှုဖြင့်တရားစွဲဆိုမှုစတင်ခဲ့သည်။ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တက္ကသိုလ်ကျောင်းသားသုံးဦးဖြစ်သော ဇူးဇူးဇန်၊ အောင်မျိုးကိုနှင့် ထူးခေါင်သော်အား မန္တလေးတွင်ဆန္ဒပြမှုများအတွက် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်း ဥပဒေပုဒ်မ ၁၉ အရတရားစွဲဆိုခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးမောင်ကြီးအား ကရင်ပြည်နယ်ဖားအံမြို့နယ်တွင် ဆန္ဒပြမှုအတွက် ပြစ်မှုဆိုင်ရာပုဒ်မ ၅၀၅ (ခ) အရဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းနှင့် ထောင်ဒဏ်နှစ်နှစ်ချမှတ်ခြင်းခံရသည်။ ကရင်ပြည်နယ် ဘားအံနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါက်တာဒေါ်ချိုယုမွန်ကို "အနီရောင်ဖဲကြိုး" လှုပ်ရှားမှုတွင်ပါဝင်မှုအတွက်ပြစ်မှုဆိုင်ရာပုဒ်မ ၅၀၅ (ခ) အရအဖမ်းခံရပြီးစွဲချက်တင်ခံခဲ့ရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးဝင်းထိန်အား ပုန်ကန်မှုအတွက်ပုဒ်မ ၁၂၄ (က)အရတရားစွဲဆိုခဲ့သည်။[၆၃] ဖေဖော်ဝါရီလ ၆ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သောအရပ်ဘက်အစိုးရ၏ ဩစတြေးလျစီးပွားရေးပေါ်လစီအကြံပေးပုဂ္ဂိုလ်နှင့် Macquarie တက္ကသိုလ်ပါမောက္ခ ရှော(န်) တားနဲလ် (Sean Turnell) ကိုဖမ်းဆီးခဲ့သည်။ [၆၄]အာဏာသိမ်းမှုနှင့်စပ်လျဉ်းသော ပထမဆုံးဖမ်းဆီးခံရသည့် နိုင်ငံခြားသား ဖြစ်လာခဲ့သည်။ ဖေဖော်ဝါရီလ ၈ ရက်တွင်အာဏာပိုင်များက ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကိုပြန်လည်ဖမ်းဆီးခဲ့သည်။[၆၅] နန်းခင်ထွေးမြင့်သည် စစ်သားများနှင့်ပြည်သူလူထုအကြား စည်းလုံးညီညွတ်မှုရှိရန် တိုက်တွန်းသည့် အွန်လိုင်း မှတ်ချက်များကို အစိုးရမှ အခွန်နှင့် ပြည်နယ်ရန်ပုံငွေများမှ ထောက်ပံ့ခဲ့သည်ဟုပြောကြားခဲ့ပြီး ဒေါက်တာမြင့်နိုင်က လူထုအားဆန္ဒပြမှုများ ဆက်လက်ပြုလုပ်ရန် လူထုအား မိန့်ခွန်း ပြောကြားခဲ့သည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် မြို့တော်ဝန်ရဲလွင် အပါအဝင် အနည်းဆုံးဆန္ဒပြသူ ၁၀၀ ကို မန္တလေးတွင်ဖမ်းဆီးခဲ့သည်။[၆၆] ရခိုင်ပြည်နယ်တောင်ကုတ်မြို့တွင် ဖေဖော်ဝါရီလ၂၈ ရက်တွင် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဦးကျော်ကျော်လင်းသည် “စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး” ဗီနိုင်းကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့သည်။ တောင်ကုတ်မြို့ မြို့မဘောလုံကွင်းအနီးတွင် အာဏာပိုင် အဖွဲ့မှ ဦးကျော်ကျော်လင်းနှင့် မြို့ခံ ကိုသားကြီးတို့ကို ဖမ်းဆီးမှု ခံခဲ့ရသည်။ [၆၇]

စစ်ကောင်စီ အနုပညာရှင်များနှင့် သပိတ်ခေါင်းဆောင်များအား မတရာဖမ်းဆီးခဲ့သည်။ မြန်မာ့အသံနှင့် မြဝတီတို့မှ ပုဒ်မ ၅၀၅ (က) ဖြင့်တရားဆွဲဆိုသော ဝရမ်းစာရင်းကိုလည်း နေ့စဉ်ထုတ်လွှင့်ခဲ့သည်။

ဧပြီလ ၁၅ ရက်နေ့တွင် မုံရွာလူထုသပိတ်ခေါင်းဆောင် ဦးဝေမိုးနိုင်၊ အဆိုတော် ပိုပို၊ သရုပ်ဆောင် ဇင်ဝိုင်းတို့ကို ဖမ်းဆီးခဲ့သည်။

ပြိုင်ဘက်နိုင်ငံရေးပါတီများပါဝင်မှု[ပြင်ဆင်ရန်]

တပ်မတော်သည် အာဏာသိမ်းမှုအပြီး ပြိုင်ဘက်နိုင်ငံရေးပါတီများကို ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ပြီး [၃၇]ဖေဖော်ဝါရီ ၂ရက် ၂၀၂၁ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့သည်။ ကောင်စီအဖွဲ့ဝင်များထဲတွင် ဖဒိုမန်းငြိမ်းမောင် (KNU အဖွဲ့ဝင်ဟောင်း)၊ ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေ (NLD ၏ ခွဲထွက်ပါတီဖြစ်သော NDF ပါတီ ပူးတွဲတည်ထောင်သူများ) စသော အရပ်သားနိုင်ငံရေးသမားများစွာပါဝင်သည်။[၆၈] ဖေဖော်ဝါရီ ၃ ရက် ၂၀၂၁ တွင် ဒေါ်အေးနုစိန် (ဒုဥက္ကဋ္ဌ ရခိုင်အမျိုးသားပါတီ) အပါအဝင် အရပ်သားနိုင်ငံရေးသမား ၅ ဦးထပ်မံပါဝင်လာခဲ့သည်။[၆၉] ဖေဖော်ဝါရီ ၆ ရက် တွင် ကောင်စီသို့ပါဝင်ရန် တပ်မတော်၏ကမ်းလှမ်းချက်ကို လက်ခံသည်ဟု မွန်ညီညွတ်ရေးပါတီက ကြေညာခဲ့သည်။[၇၀]

စစ်အုပ်ချုပ်ရေးအမိန့် စည်းကြပ်ခြင်း[ပြင်ဆင်ရန်]

ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ခဲ့သည်။ ထို ထုတ်ပြန်ချက်တွင် လူ ၅ ဦးထက် ပိုမစုရ၊ ဆန္ဒမပြရ ဟု ပါဝင်သည်။

လုံခြုံရေးအင်အား အဆမတန်သုံးခြင်း[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် နေပြည်တော်မြို့၊ သပြေကုန်းအဝိုင်းဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းသည့်အတွက် ငါးယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ယင်းတို့အနက် လူငယ် အမျိုးသားတစ်ဦးနှင့် လူငယ် အမျိုးသမီးတစ်ဦး ဒဏ်ရာ ပြင်းထန် သောကြောင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံတွင် အသက်လု ကုသ နေသည်။ ဒဏ်ရာရထားသည့် အမျိုးသားသည် ၂၃ နှစ်အရွယ် ကိုဆိုဝေ ဖြစ်ပြီး၊ အမျိုးသမီးသည် အသက် ၂၀ အရွယ် မမြသွဲ့သွဲ့ခိုင်တို့ ဖြစ်ကြသည်။ ကိုဆိုဝေမှာ သေနတ်ဒဏ်ရာကြောင့် ရင်ဘတ်ကို ထုတ်ချင်းပေါက် ပွင့်ထွက်သွားသည်။ မမြသွဲ့သွဲ့ခိုင်က ခေါင်းမှာကျည်ဆန်ထိမှန်ပြီး သေဆုံးလုနီးပါး (brain death) ဖြစ်နေကာ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေရသည်။[၇၁]

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့) တွင် မော်လမြိုင်မြို့၌ ရဲများသည် သေနတ်များပစ်ခတ်ခြင်းဖြင့် ဆန္ဒပြသူများကိုလူစုခွဲစေခဲ့သည်။[၃၁]

ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မြစ်ကြီးနားမြို့ လျှပ်စစ်ဓာတ်အားပေးရုံကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့မှ ဝင်စီးထားသည်ဟု သတင်းရ၍ သွားရောက်ဝန်းရံ ဆန္ဒပြသူ ပြည်သူလူထုကိုလည်း သေနတ်၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်လူစုခွဲခဲ့ရာ ဒဏ်ရာရသူများလည်းရှိခဲ့သည့်အပြင် သတင်းထောက် ၅ ဦးကိုလည်းဖမ်းဆီးခဲ့သည်။[၇၂] သို့သော် ဖမ်းဆီးခံသတင်းထောက်များကို ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

ဖေဖော်ဝါရီ ၂၀ ၌ မန္တလေးမြို့၊မဟာ‌ေအာင်‌ေမြမြို့နယ်၊သံလျက်‌ေမှာ်အ‌နောက်စိန်ပန်းရပ်ကွက်၊မြို့ပတ်ကန်းနားလမ်းဆန္ဒပြမှုဖြစ်စဉ်တွင် ရဲနှင့်တပ်တို့၏ ပြင်းထန်သည့်ဖြိုခွင်းမှုများကြောင့် ဆန္ဒပြသူနှစ်ဦး သေဆုံးခဲ့ရပြီး အနည်းဆုံး လူနှစ်ဆယ့်ငါးဦး ဒဏ်ရာရရှိခဲ့ကြသည်။ ထိုဆန္ဒပြပြည်သူများသည် အစိုးရသင်္ဘောကျင်းမှ နိုင်ငံသားအာဏာဖီဆန်ခြင်းလှုပ်ရှားမှု (ရုံးမတက်ခြင်း) ကိုလုပ်ဆောင်နေသောဝန်ထမ်းများကို လာရောက်စောင့်ကြပ်ကာကွယ်ပေးသော ဒေသခံများဖြစ်ကြကာ ရဲများက အဆိုပါဝန်ထမ်းများကို အတင်းဖိအားပေးရုံးတက်ခိုင်းခြင်းမှ စတင်ဖြစ်ပွားခဲ့ရသည်။ လူအများကို ပြင်းပြင်းထန်ထန်ရိုက်နှက်ခဲ့ကြသည့်အပြင် ရဲနှင့်တပ်မှဖြိုခွင်းသူများသည် အများပြည်သူများကို လေးခွ၊ ကျောက်ခဲများဖြင့်ပစ်ခြင်း၊ သေနတ်များဖြင့်ပစ်ခတ်ခြင်း၊ ရေအားဖြင့် လူစုခွဲခြင်းများရှိပြီး ဖမ်းဆီးမှုများစွာလည်း ရှိခဲ့ကြသည်။[၇၃][၇၄][၇၅] နိုင်ငံတကာအသိုင်းအဝိုင်းမှ အဆိုပါဖြစ်ပျက်မှုကို တုံ့ပြန်ပြစ်တင်မှုများရှိသော်လည်း စစ်ကောင်စီ၏ ဖေဖော်ဝါရီ ၂၁ ရက်နေ့က သတင်းထုတ်ပြန်ချက်တွင် ဆန္ဒပြသူများသည် အထူးသဖြင့် စိတ်ခံစားချက်ပြင်းထန်သော ဆယ်ကျော်နဲ့လူငယ်များကို အသက်ဆုံးရှုံးမှုဖြစ်နိုင်သော ထိပ်တိုက်ရင်ဆိုင်မှု လမ်းကြောင်းပေါ် ရောက်စေရန် လှုံ့ဆော်နေသည်ဆိုပြီးပြောဆိုကာ ယင်းကြေညာချက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အနိမ့်ဆုံးအဆင့်၊ အနည်းဆုံးအင်အားဖြင့် ဆောင်ရွက်နေသည်[၇၆]ဟူ၍လည်း ပကတိအခြေအနေနှင့် ပြောင်းပြန်ဖြစ်သော ပြောဆိုမှုများကို ဖော်ပြကြေညာထားသည်။[၇၇][၇၈][၇၉]

ဖေဖော်ဝါရီ ၂၅ တွင် သတင်းများကတင်ပြသည်မှာ တာမွေမြို့နယ်ရှိ စစ်ကောင်စီမှခန့်အပ်သော အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း ဆန္ဒပြသူများကို စစ်တပ်နှင့် ရဲများသည် သေနတ်များပစ်ခြင်း၊ မျက်ရည်ယိုဗုံးများသုံးခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။[၈၀] ဖော်ဝါရီလ ၂၇ ၌ မြန်မာနိုင်ငံရှိ မြို့ကြီးများဖြစ်သော ရန်ကုန်၊ မန္တလေးနှင့် မုံရွာစသည်တို့တွင် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က အင်အားသုံး အကြမ်းဖက်ဖြိုခွင်းခဲ့သောကြောင့် များပြားစွာ ဒဏ်ရာရရှိခဲ့သည်။ ၎င်းတို့အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ မျက်ရည်ယိုဗုံးများ အသုံးပြုခြင်းအပြင် ဖြိုခွင်းမှုအတွင်း သတင်းထောက်များ အပါအဝင် ရာနှင့်ချီသောဖမ်းဆီးမြှများပြုလုပ်ခဲ့ကြသည်။ ဤမျှပင်မကသေးဘဲ တပ်နှင့်ရဲဘက်က အရပ်ဝတ်အသွင် ဝတ်ဆင်ထားသူများသည် ဆန္ဒပြနေသော အမျိုးသမီးများကို ကိုယ်ထိလက်ရောက် ပါးရိုက်ခြင်း၊ ကန်ကြောက်ခြင်း၊ အကြမ်းဖက် ဖမ်းဆီးခြင်းများလည်း ရှိခဲ့ကြသည်။ မန္တလေးမြို့တွင်လည်း စစ်တပ်နဲ့ရဲများသည် လမ်းတစ်လျှောက်၌ ဖုန်းကင်မရာနဲ့ မှတ်တမ်းရိုက်နေသူများ၊ ကား၊ ဆိုင်ကယ်တွေ ဟွန်းတီးသူများကို သေနတ်၊ လေးခွများဖြင့် ပစ်ခတ်ခဲ့ပြီး အယောက် (၁၀၀) ကျော်ကို ဖမ်းဆီးခဲ့ကြသည်။[၈၁]

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်၌ ဆန္ဒပြပြည်သူများအား ကျန်းမာရေးစောင့်ရှောက် ကူညီပေးနေသော "မွန်မြတ်စိတ်ထား လူမှုကူညီရေးအသင်း"နှင့်"ဒဂုံတက္ကသိုလ်ကျောင်းသားများအရေးပေါ်ကူညီရေးအသင်း" ယာဉ်များပေါ်က ကျန်းမာရေးစေတနာ့ဝန်ထမ်းများကို မတ်လ ၃ ရက်နေ့တွင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ရိုက်နှက်ခဲ့ကြသည်။ ထိုစေတနာ့ဝန်ထမ်းများကို သေနတ်ဒင်များ၊ နံပါတ်တုတ်များဖြင့် ရိုက်နှက်၍ ခြေထောက်များဖြင့် ကန်ကြောက်ခဲ့ကြကာ ဖမ်းဆီးခေါ်ဆောင်သွားရုံသာမက လူမှုကူညီရေးအသင်းယာဉ်များကိုလည်း ဖျက်ဆီးခဲ့ကြသည်။[၈၂]

မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းအချိန်တွင် စစ်ကောင်စီအဖွဲ့အစည်းသည် အောင်မြေသာဇံမြို့နယ်မန္တလေးတိုင်းဒေသကြီးမှ အရပ်သားများကို ခဲကြည်အစစ်များဖြင့်ပစ်ခတ်ခြင်း၊ အရပ်သားပြည်သူများထံမှ သိမ်းဆည်းထားသည့် ဇိမ်ခံကားများဖြင့် လိုက်လံတိုက်ခိုက်ခြင်းတို့ကြောင့် အရပ်သားပြည်သူ ၅ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ ၈၂ လမ်းတွင် ဆန္ဒထုတ်ဖော်သော ပြည်သူများကို ကားဖြင့်တိုက်၍ ဖြိုခွင်းရာတွင် ဒဏ်ရာရရှိသူ ၂ ဦးရှိပြီး လူ ၇ ဦး ထက်မနည်း ဖမ်းဆီးခံရကာ ပြည်သူများ၏ဆိုင်ကယ်များကို သိမ်းဆည်းယူဆောင်သွားခဲ့သည်။ ဖမ်းဆီးခံရသူများတွင် တိုင်းရင်းဆေးဆရာမတစ်ဦးနှင့် ကိုထက်ဖြိုးဝေအောင်တို့ ပါဝင်သည်။[၈၃]

မတ်လ ၂၉ ရက် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၅၆ ရပ်ကွက်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဆန္ဒပြလူငယ်များ၏ သဲအိတ်များဖြင့် ခံတပ်ပြုလုပ်ထားသောနေရာတွင် စစ်ကောင်စီအဖွဲ့အစည်းမှ လူ့အသက်အား အန္တယ်ဖြစ်စေနိုင်သော ကြည်ဆံအစစ်များဖြင့် ပစ်ခက်ခဲ့သည့်အပြင်၊ လက်နက်ကြီးများဖြင့် ပစ်ခက်ဖြိုခွင်းခဲ့သည်။ မတ်လ ၂၉ ရက် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၅၆ ရပ်ကွက်တွင် ကိုခင်လှိုင်(ခ)ဝေစိုးသူ (၂၇ နှစ်)၊ ကိုသက်နိုင်ထွန်း (၄၁ နှစ်)၊ ကိုနေလင်းစော (၃၇ နှစ်)၊ ကိုမျိုးကိုကိုဦး (၂၇ နှစ်)၊ ကိုကိုလွင် (၂၆ နှစ်)၊ ကိုသိန်းအောင် (၂၈ နှစ်)၊ ကိုအောင်မျိုးသန့် (၂၈ နှစ်)၊ ကိုအောင်သူ (၂၇ နှစ်)၊ ကိုဝင်းထွဋ်အောင် (၁၉ နှစ်)၊ ကိုစန်းတင့်နိုင် (၂၇ နှစ်)၊ ဖိုးလပြည့် (၂၃ နှစ်)၊ ဦးကုလား (၄၀ နှစ်)၊ ကိုကျော်သန်း (၁၉ နှစ်)၊ ကိုသားချော (၂၀ နှစ်)၊ ကိုဝင်းဦး (ပိုင်ရှင်မဲ့အလောင်း)၊ ကိုဝေဖြိုးသူ (အသက်မသိသေး)၊ ကိုမောင်ဦး (အသက်မသိသေး)တို့ ကျဆုံးမှုနှင့်အတူ ဒဏ်ရာရရှိမှုများရှိခဲ့ပြီး အတည်မပြုနိုင်သော ကျဆုံးမှုများလည်းရှိခဲ့သည်။ [၈၄]

အများပြည်သူပိုင် အဆောက်အဦးများ၌ တပ်စွဲခြင်း[ပြင်ဆင်ရန်]

အာဏာသိမ်းစစ်ကောင်စီဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့မှစတင်၍ အများပြည်သူပိုင် ဆေးရုံများ၊ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများနှင့် ဘုန်ကြီးကျောင်းများ၌ တပ်စွဲလာခဲ့သည်။ ထိုသို့ တပ်စွဲမှုအတွင်း ပြည်သူများကန့်ကွက်သဖြင့် အချေအတင်ဖြစ်ပွားပြီး သေဆုံးခဲ့သူများလည်းရှိခဲ့သည်။

စစ်တပ်ထောက်ခံသူများ[ပြင်ဆင်ရန်]

အာဏာသိမ်းမှု မဖြစ်ပွားမီအချိန်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပျက်ပြားစေရန် ရည်ရွယ်သော စစ်တပ်ထောက်ခံသူများ၏ ဆန္ဒပြမှုများလည်း ဖြစ်ပေါ်ခဲ့သည်။[၈၅]

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် စစ်တပ်ထောက်ခံသူနှင့် အမျိုးသားရေးလှုပ်ရှားသူ ၄၀၀ ခန့်သည် ကိုဗစ်-၁၉ လမ်းညွှန်ချက်များကို ချိုးဖောက်ကာ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် စုဝေးကာ ဆန္ဒပြခဲ့ကြသည်။[၈၆] ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပျော်ဘွယ်မြို့တွင် ဆန္ဒပြသူ ထောင်ချီစုဝေးခဲ့ကြကာ တပ်မတော်အလံများ ဝှေ့ယမ်းကာ ရွေးကောက်ပွဲရလဒ်များ အငြင်းပွားစေရန် လုပ်ဆောင်ခဲ့ကြသည်။[၈၇]

အာဏာသိမ်းပြီး နောက်တစ်ရက်ဖြစ်သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်တပ်ထောက်ခံသူများနှင့် အမျိုးသားရေးလှုပ်ရှားသူများက ရန်ကုန်မြို့တွင် စုဝေးခဲ့ကြသည်။[၈၈] ဖေဖော်ဝါရီ ၈ ရက်နေ့တွင် စစ်တပ်ထောက်ခံသူက ဆူးလေဘုရားတွင် စုဝေးခဲ့ကြသည်။[၇၄]

ဖေဖော်ဝါရီ ၉ ရက်နေ့တွင် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုသို့ စစ်တပ်ထောက်ခံသူအချို့က အမှတ်အသားမပါသော ကား ၁၅ စီးဖြင့် ရောက်ရှိလာကာ ရန်ရှာခဲ့ကြသည်။[၈၉] ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် မျိုးချစ်သံဃာငယ်များ သမဂ္ဂမှ အဖွဲ့ဝင်ရဟန်းအချို့က ကားပျက်လှုပ်ရှားမှု ပြုလုပ်နေသော ကားများကို ဖျက်ဆီးခဲ့ကြသည်။[၉၀]

ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် စစ်တပ်ထောက်ခံသူများက ရန်ကုန်မြို့လည်သို့ ချီဆက်ဆန္ဒပြခဲ့ကြပြီး[၉၁][၉၂] ဘေးရှိ ပြည်သူများနှင့် စစ်အာဏာသိမ်းဆန့်ကျင်သူများကို ဓားများ၊ တုတ်များ၊ ဂျင်ဂလိများဖြင့် တိုက်ခိုက်ရန်ရှာခဲ့သောကြောင့် လူလေးဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး လူရှစ်ဦးမှာ ဒဏ်ရာအချို့ ရရှိခဲ့သည်။[၉၃][၉၄][၉၁]

တပ်မတော်ဘက်လိုက် တန်ပြန်ဆန္ဒပြပွဲများ[ပြင်ဆင်ရန်]

အာဏာသိမ်းပိုက်ပြီးအချိန်တွင် တပ်မတော်ထောက်ခံသူများသည် ထောက်ခံပွဲများပြုလုပ်ခဲ့ကြသည်။[၈၅] Women's Peace Network မှ ဝေဝေနုသည် ဆန္ဒပြပွဲများတွင် တပ်မတော်ထောက်ခံသူများက ဝင်ရောက်စွက်ဖက်နိုင်ကြောင်းသတိပေးခဲ့သည်။[၉၅] ဒီဇင်ဘာ ၃၀ ရက်နေ့တွင် တပ်မ‌တော်ထောက်ခံသူ​နေ့စားအ‌ယောက် ၄၀၀ ခန့် သည် ရန်ကုန်မြို့တော်ခန်းမရှေ့၌ ဆန္ဒပြခဲ့ကြသည်။[၉၆] ဇန်နဝါရီလ ၁၄ ရက်တွင်လည်း မန္တလေးတိုင်း‌၊ ပျော်ဘွယ်မြို့၌ အယောက် ၁၀၀၀ ခန့် သည် ရွေးကောက်ပွဲရလဒ်များကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။[၉၇]

ဇန်နဝါရီလ ၂၈ ရက်နေ့တွင် တပ်မတော်ထောက်ခံသူများသည် ရဲကားတစ်စီးကို အုတ်ခဲဖြင့်ပစ်ခဲ့သော်လည်း တစ်ဦးမျှ ဖမ်းဆီးခံရခြင်းမရှိပေ။[၈၅] ဇန်နဝါရီ ၃၀ ရက်နေ့တွင် တပ်ထောက်ခံသူအယောက် ၅၀၀ ခန့်သည် ‌ရွှေတိဂုံဘုရားအနီး၌ ပုန်ကန်မှုမျိုးပြုလုပ်ခဲ့ကြသည်။[၉၈] ဖေဖော်ဝါရီ ၂ ရက်နေ့တွင် တပ်မတော်ထောက်ခံပွဲများ ပြုလုပ်ခဲ့ကြသည်။[၉၉] ဖေဖော်ဝါရီ ၈ ရက်နေ့တွင်လည်း ဆူးလေဘုရားအနီး၌ ထောက်ခံပွဲပြုလုပ်ခဲ့သည်။[၁၀၀]

ဖေဖော်ဝါရီလ ၉ ရက်နေ့ ရန်ကုန်မြို့ဆန္ဒပြပွဲတွင် တပ်ထောက်ခံသူများသည် နံပါတ်မပါသောကားများဖြင့် ရောက်ရှိလာခဲ့ကြပြီး အကြမ်းဖက်မှုများဖြစ်ပေါ်စေရန် လုပ်ဆောင်ခဲ့ကြသည်။[၁၀၁]အများစုမှာသစ်သားတုတ်များကို လျှို့ဝှက်ကိုင်ဆောင်လာခဲ့ကြပြီး အချို့မှာဒီမိုကရေစီအတွက်ဆန္ဒပြသူများနှင့် ဝင်ရောက်ရောနှောခဲ့သည်။[၁၀၁]

ဆူးလေဘုရားလမ်းတစ်လျှောက်သည် ပြည်သူလူထု၏ ပုံမှန်ဆန္ဒပြနေရာဖြစ်သောကြောင့် ရဲတပ်ဖွဲ့များက လုံခြုံရေးအတားဆီးများဖြင့်ပိတ်ဆို့ခဲ့ကြသော်လည်း ဖေဖော်ဝါရီ ၂၅ တွင် တပ်ထောက်ခံပွဲကိုပြုလုပ်ခဲ့ရာတွင် ထိုအကာရံများကို ဖယ်ရှားပေးခဲ့ကြသည်။ ထိုတပ်ထောက်ခံသောသူအချို့သည် လေးခွများ၊ တုတ်များကို ပေါ်တင်ကိုင်ဆောင်ခဲ့ကြ၏ ။ ဆူးလေရှန်ဂရီလာဟိုတယ်ဘေး၌ ခြေကျင်လမ်းသွားတစ်ဦးကို တပ်ထောက်ခံသူတစ်ဦးက ဓားဖြင့်ထိုး၍ တက်ထောက်ခံသူအချို့က ခြေထောက်များဖြင့် ကန်ကျောက်ခဲ့ကြသည်။[၁၀၂] ထို့အပြင် အဆိုပါတပ်မတော်ထောက်ခံသူများသည် အများပြည်သူကို  အကြမ်းဖက်တိုက်ခိုက်ခြင်း၊ ပစ္စည်းများ လုယက်ခြင်းနှင့် ကားများအား ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ကြသည်။ မင်္ဂလာတောင်ညွှန့်မြို့နယ် ဗိုလ်မင်းရောင်လမ်း  သိမ်ဖြူမီးရထားဝင်းရှိ ပြည်သူများအား သံတုတ်များ၊ လေးခွများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ သတင်းရယူရန်သွားရောက်ခဲ့သော သတင်းထောက်များကိုလည်း ကြံ့ခိုင်ရေးပါတီဝင်များက ရန်မူခဲ့ကြသည်။ ထိုတပ်မတော်ထောက်ခံသူများထဲကအချို့သည် ကားမှန်ရိုက်ခွဲ၍ ဖုန်းခိုးယူခြင်း၊ ဈေးသည်တစ်ဦး၏ ရေသန့်၊ အအေးများကို အဓမ္မယူဆောင်ခြင်း၊ လေးခွများဖြင့်ပစ်ခတ်ခြင်း စသည်များလည်း ရှိခဲ့ကြသည်။[၁၀၃]

သတင်းမီဒီယာများ ထိန်းချုပ်ခြင်း[ပြင်ဆင်ရန်]

ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်း[ပြင်ဆင်ရန်]

အာဏာသိမ်းစစ်အစိုးရအနေဖြင့် မနှစ်သက်သောအကြောင်းအရာများကို ပိတ်ပင်နိုင်ရန်၊ အင်တာနက်ဝန်ဆောင်မှုပေးသူများကို ကန့်သတ်နိုင်ရန်နှင့် အချက်အလက်များကို ကြားဖြတ်ယူနိုင်ရန်တို့ကို ပြုလုပ်နိုင်သည့် ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)ကို ဖေဖော်ဝါရီ ၉ ရက်က အဆိုပြုလိုက်သည်။ အဆိုပြုဥပဒေများဖော်ပြထားသည့် စာမျက်နှာ ၃၆ မျက်နှာပါ ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)ကို မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများအားလုံးနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရကမ္ပဏီများအားလုံးသို့ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ ရိုက်တာသတင်းဌာနက ရရှိထားသော အဆိုပါဥပဒေကြမ်းမိတ္တူ၌ ၎င်းသည် ပြည်သူအား ကာကွယ်ရန်၊ နိုင်ငံ သို့မဟုတ် နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက်ဖြစ်စေသော အီလက်ထရောနစ်နည်းပညာအသုံးပြုမှုနှင့် ရာဇဝတ်မှုများကို ကာကွယ်ရန်ရည်ရွယ်သည်ဟု ဆိုသည်။ အင်တာနက်ဝန်ဆောင်မှုပေးသူများအနေဖြင့် ညစ်ညမ်းရုပ်ပုံစာပေကဲ့သို့သော မြန်မာ့ယဉ်ကျေးမှုနှင့်မသင့်လျော်သော အကြောင်းအရာ၊ သို့မဟုတ် မမှန်မကန်သောသတင်းများနှင့် ကောလာဟလများ၊ စည်းလုံးမှုနှင့်တည်ငြိမ်မှုကို ပျက်စီးစေသော အမုန်းတရားဖြစ်စေသော အကြောင်းအရာများကို ဖယ်ရှားတားဆီးရမည် ဟု ဆိုသည်။ ထိုဥပဒေကြမ်းသည် လူ့အခွင့်အရေးများကို ချိုးဖောက်ရာကျမည်ဖြစ်ကြောင်း အရက်ဘက်အဖွဲ့အစည်းများက ဖေဖော်ဝါရီ ၁၀ တွင် ပြောသည်။ အာဏာသိမ်းစစ်အစိုးရသည် အတိုက်အခံများ၏စည်းရုံးသိမ်းသွင်းမှုကို တားမြစ်ရန်အတွက် ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းကို ရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု အရက်ဘက်အဖွဲ့အစည်းများက ဆက်လက်ပြောသည်။[၁၀၄] ဆိုင်ဘာလုံခြုံရေးဥပဒေမူကြမ်းသည် အသေးစိတ်ဆွေးနွေးပြင်ဆင်ရန် လိုအပ်နေကြောင်း၊ အခုအချိန်အခါသည် ထိုဥပဒေကို ပြဋ္ဌာန်းရန် အချိန်အခါကောင်း မဟုတ်ကြောင်း၊ ဥပဒေကြမ်းနှင့်ပတ်သက်၍ ကြားတွင်လုပ်ဆောင်ရမည့် အဆင့်များကို ကျော်လွန်၍ အစောတလျင်ပြဋ္ဌာန်းမည်ဆိုပါက မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများက ပြင်းပြင်းထန်ထန် ကန့်ကွက်မည်ဖြစ်ကြောင်း၊ နိုင်ငံ့အကျိုး၊ ပြည်သူတွေအကျိုးနဲ့ စီးပွားရေးလုပ်ငန်းကဏ္ဍအားလုံးတို့ရဲ့ အကျိုးအတွက် အသေးစိတ်ထပ်ပြီး ဆွေးနွေးပြင်ဆင်ရန်လိုအပ်ကြောင်း၊ လိုအပ်သောအထောက်အကူပြု အကြောင်းအချက်များ၊ လုပ်ငန်းစဉ်များကို အဆင့်ဆင့် မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများအသီးသီးက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။[၁၀၅]

တရုတ်ပြည်ကူမင်းမြို့မှ ရန်ကုန်မြို့သို့ လေယာဉ်ပျံတစ်စင်းသည် သွားလိုက်လာလိုက်ဖြင့်ဖြစ်နေသည်ကို တွေရှိခဲ့ကြသဖြင့် တရုတ်နိုင်ငံမှနည်းပညာရှင်များကို ပြည်တွင်းသို့ခေါ်ယူ၍ မြန်မာ့အင်တာနက်၌ firewall တည်ဆောက်မည်ဟူ၍ သံသယများဖြစ်ပေါ်လာခဲ့သည်။ သို့ဖြစ်ရာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တရုတ်သံရုံးရှေ့၌ သွားရောက်ဆန္ဒပြခဲ့ကြသည်။[၁၀၆] တရုတ်သံရုံးသည်ထိုသံသယကို ကောလဟာလဟူ၍ငြင်းပယ်ခဲ့သည်အပြင် China Enterprises Chamber of Commerce သည် ပင်လယ်စာပို့သည်ဟူ၍သာ ပြောဆိုခဲ့သည်။[၁၀၇][၁၀၆][၁၀၈]

သတင်းမီဒီယာဖြတ်တောက်မှု[ပြင်ဆင်ရန်]

ပုဂ္ဂလိက သတင်းရုပ်သံလိုင်းများဖြစ်သော မဇ္ဈိမသတင်းဌာနရုပ်သံလိုင်း၊ ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)ရုပ်သံလိုင်းအပါအဝင် ရုပ်မြင်သံကြားလိုင်းအချို့ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်၍ ပြန်ကြားရေးဝန်ကြီးဌာနက ပိတ်ပင်ဖြတ်တောက်ထားခဲ့ပြီး နိုင်ငံပိုင်ရုပ်သံလိုင်းများ၊ တပ်မတော်ပိုင်ရုပ်သံလိုင်းများနှင့် ဖျော်ဖြေရေးရုပ်သံလိုင်းများကိုသာ ဖွင့်လှစ်ပေးထားခဲ့သည်။ သို့သော် မဇ္ဈိမသတင်းဌာနရုပ်သံလိုင်းကမူ စလောင်းမှ တစ်ဆင့်ကြည့်ရှုနိုင်ကြောင်း သူတို့၏ ဖေ့စဘွတ်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ ဖွင့်လှစ်ထားသော ရုပ်သံလိုင်းများသည် ဝါဒဖြန့်ချိရေးများနှင့် ဖျော်ဖြေရေးအစီအစဉ်များကိုသာ ထုတ်လွှင့်နေပြီး သတင်းအမှန်များကို ထိန်ချန်ထုတ်လွှင့်နေသည်။[၁၀၉] အာဏာလုယူသည့်အစိုးရသည် နယူးယောက်ခ့်တိုင်းမ်း၊ ဝေါစထရစ်၊ သည်အီကောနောမစ်၊ ရိုက်တာနှင့် အေပီသတင်းဌာနများ ဝက်ဘ်ဆိုဒ်များကို ဖေဖော်ဝါရီလ ၇ ရက်တွင် ပိတ်ပင်ခဲ့သည်။[၁၁၀]

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်အာဏာိမ်း စစ်ကောင်စီသည် မြန်မာနောင်းဒီဗွီဘီမဇ္ဈိမ၊ ခေတ်သစ်မီဒီယာနှင့် 7 Day News သတင်းမီဒီယာတို့အား ထုတ်ဝေခွင့် ရပ်ဆိုင်းခဲ့သည်။[၁၁၁] ထိုနေ့တွင်ပင် မဇ္ဈိမမီဒီယာနှင့် မြန်မာနောင်းမီဒီယာတို့၏ ရုံခန်းများကို ဝင်ရောက်ရှာဖွေဖျက်စီးခဲ့သည်။

မတ်လ ၁၅ ရက်နေ့မှစ၍ မိုဘိုင်း အင်တာနက်ဖြတ်တောက်လိုက်သောကြောင့် နိုင်ငံတစ်ဝန်း သတင်းစီးဆင်းမှုမှာ သိသာစွာ ကျဆင်းခဲ့သည်။

ကောလာဟလပျံ့နှံ့မှု[ပြင်ဆင်ရန်]

အင်တာနက် ပိတ်ခံထားရသော ဖေဖော်ဝါရီ ၇ ရက်ညတွင် SMS များဖြင့် ဒေါ်အောင်ဆန်းစုကြည်လွတ်ပြီ၊ NLD ခေါင်းဆောင်များ၏ သေဆုံးမှု မင်းအောင်လှိုင်အဖမ်းခံရစသော သတင်းမှားများပျံ့နှံ့လာခဲ့သည်။[၁၁၂][၁၁၃]ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာသည့်ကောလာဟလကို တပ်မတော်ပိုင်မြဝတီရုပ်သံမှလွှင့်ခဲ့ရာ ထင်ယောင်ထင်မှားဖြစ်‌စေခဲ့ပြီး လူများသည် လမ်းများပေါ်တက်၍ မီးပန်းများဖောက်လွှတ် အောင်ပွဲခံသည်အထိဖြစ်ခဲ့ကြသည်။[၁၁၄] အင်တာနက်ဝန်‌ဆောင်မှုပိတ်ခံထားရခြင်းကြောင့် သတင်းမှန်ရရှိရန်ခက်ခဲလာကာ ကောလာဟလများကိုပိုမိုပျံ့နှံ့စေခဲ့သည်။

ဂျာနယ်လစ်၊ သတင်းထောက်များနှင့် ထင်ရှားသူများအား ဖမ်းဆီးခြင်း[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် သရုပ်ဆောင် ရဲတိုက်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)ဖြင့် ဖမ်းဆီးခဲ့သည်။[၁၁၅][၁၁၆] ဧပြီလ ၆ ရက်နေ့တွင် ထင်ရှားကျော်ကြားသူများ၊ မော်ဒယ်သရုပ်ဆောင်များ ဒါဇင်ကျော်ကို အာဏာပိုင်များက ဖမ်းဝရမ်းများ ထုတ်ခဲ့သည်။ ဝရမ်းထုတ်ခံရသော ဂျာနယ်လစ်တစ်ဦးဖြစ်သူ စည်သူအောင်မြင့်က ဝရမ်းစာရင်းတွင် ပါဝင်ခြင်းအတွက် ဂုဏ်ယူရကြောင်း သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့သည်။[၁၁၇] ဧပြီလ ၈ ရက်နေ့တွင် ထင်ရှားသော သရုပ်ဆောင်၊ မော်ဒယ် ပိုင်တံခွန်ကို စစ်အစိုးရ ဆန့်ကျင်မှု၊ ဆန္ဒပြသူများအား ထောက်ခံမှုတို့ဖြင့် ဖမ်းဆီးခဲ့သည်။ ရန်ကုန်မြို့ရှိ ပိုင်တံခွန်နေထိုင်ရာနေရာသို့ စစ်ကားရှစ်စီးဖြင့် လာရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ပိုင်တံခွန်၏ ကျန်းမာရေးအခြေအနေကြောင့် ဖမ်းဆီးခံရစဉ် ခုခံခြင်း မရှိခဲ့ကြောင်း မိခင်ဖြစ်သူက ပြောကြားခဲ့သည်။[၁၁၈] Other 120 celebrities were also issued arrest warrants.[၁၁၈] ဧပြီလ ၁၉ ရက်နေ့အထိ ဂျာနယ်လစ်၊ သရုပ်ဆောင်၊ အဆိုတော်နှင့် လူမှုကွန်ယက်ထင်ပေါ်ကျော်ကြားသူ အနည်းဆုံး ၁၉ ဦး သည် အလိုရှိသူများ စာရင်းတွင် ပါဝင်နေကြောင်း နယ်စည်းမထား သတင်းထောက်များ အဖွဲ့က ဆိုသည်။[၁၀၁] ထိုနေ့ည ရှစ်နာရီခန့်တွင် ထင်ရှားသော အလှဘလော့ဂ်ဂါ ဝင်းမင်းသန်းကို စစ်ကောင်စီက အမှုဖွင့်လှစ်ပြီး နာရီပိုင်းအကြာ တောင်ကြီးမြို့ရှိ BH ဟိုတယ်တွင် ဖမ်းဆီးခဲ့သည်။[၁၁၉][၁၂၀][၁၂၁]

မတ်လ ၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရသော ဒီဗွီဘီသတင်းထောက် မင်းညိုကို ၂၀၂၁ ခုနှစ် မေလ ၁၃ ရက်နေ့တွင် ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့သည်။ သူ့အား ရဲက မတရားညှင်းပန်းနှိပ်စက်ခံခဲ့ရသည်ဟု မိသားစုက ဆိုသည်။ စစ်အာဏာသိမ်းကာလတွင် သူသည် ပြစ်ဒဏ်ချခံရသော ပထမဆုံး သတင်းထောက် ဖြစ်သည်။[၁၂၂]

၂၀၂၁ ခုနှစ် မေလတွင် ဂျာနယ်လစ် သုံးဦးနှင့် တက်ကြွလှုပ်ရှားသူ နှစ်ဦးတို့သည် မြန်မာနိုင်ငံမှ ထွက်ပြေးကာ ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့သည်။ အကယ်၍ အပြစ်ရှိကြောင်း တွေ့ရှိပါက သူတို့သည် မြန်မာနိုင်ငံသို့ ပြန်ပို့ခြင်း ခံရနိုင်ကာ အသက်အန္တရာယ်ရှိနိုင်သည်။[၁၂၃] ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများကို အတင်းအကြပ် ပြန်ပို့မည်မဟုတ်ကြောင်း ၂၀၂၁ ခုနှစ် မေလ ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ က ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှဝါနာ ဘာဂီနာကို ပြောကြားခဲ့သည်။[၁၂၄]

နေအိမ်များ ချိတ်ပိတ်ခြင်း[ပြင်ဆင်ရန်]

NUG အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဆက်စပ်နေသော နေအိမ်၊ အဆောက်အဦများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူဆောင်ရွက်နေသော အမှုများနှင့် ဆက်စပ်နေသော နေအိမ်၊ တိုက်ခန်းများ၊ CDM လှုပ်ရှားမှု၊ အသံတိတ်သပိတ် လှုံ့ဆော်မှုများနှင့် ဆက်စပ်နေသူများ၏ နေအိမ် အဆောက်အအုံများကို စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းမှုများ ပြုလုပ်ခဲ့ရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် မတ်လ ၇ ရက်နေ့အထိ အဆောက်အအုံအရေအတွက် ၅၃၁ လုံးကျော်ကို သိမ်းဆည်းခဲ့သည်။[၁၂၅] စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၃၅ လုံး၊ ရန်ကုန်တိုင်းတွင် ၁၁၆ လုံး၊ မန္တလေးတိုင်းတွင် ၈၅ လုံး၊ ဧရာဝတီတိုင်းတွင် ၄၇ လုံး၊ မကွေးတိုင်းတွင် ၃၉ လုံးတို့ဖြစ်ကာ အမှန်တကယ် သိမ်းဆည်းခံရသည့် အရေအတွက်မှာ ထို့ထက် ပိုနိုင်သည်။

သေဆုံးမှုများ[ပြင်ဆင်ရန်]

ဆန္ဒပြမှုများ စတင်ပြီးနောက် AAPP စာရင်းအရ နေ့ရက်အလိုက် သေဆုံးခဲ့မှုများ[၁၂၆]

အာဏာသိမ်းမှုကိုဆန့်ကျင်သည့်အနေဖြင့် မြန်မာနိုင်ငံအရပ်ရပ်တွင် ဆန္ဒပြပွဲများဖြစ်ပွားခဲ့ကြသည်။ ဆန္ဒပြပွဲများတွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခြင်းများ၊ ထိုင်သပိတ်ပြုလုပ်ခြင်းများစွာပါဝင်သော်လည်း အာဏာပိုင်များဘက်က အင်အားအလုံးအရင်းဖြင့် ဖြိုခွင်းပစ်ခတ်ခဲ့ကြသည်။ ဖေဖော်ဝါရီလ ၈ရက် ညပိုင်းတွင်မန္တလေးမြို့ ၃၈လမ်း၌ ကားတစ်စီးဖြင့် လိုက်လံတိုက်မှုကြောင့် ကိုဦး (ခ) နပွားနှင့် ရက်တူးအောင် (ခ) မာတူး တို့သေဆုံးခဲ့ပြီး ပထမဆုံးသေဆုံးသူများ ဖြစ်လာခဲ့သည်။[၁၂၇]ဖေဖော်ဝါရီ ၉ တွင် မြသွဲ့သွဲ့ခိုင် သည် ကျည်အစစ်ဖြင့် ပစ်ခတ်ခံခဲ့ရကာ ဦးခေါင်းကို ကျည်ဆန်ဖောက်ဝင်ခဲ့သည်။ အသက်ရှူစက်ဖြင့် အသက်ဆက်နေရခဲ့ကာ ဆရာဝန်များက ဦးနှောက်သေဆုံးသွားကြောင်း အတည်ပြုခဲ့ပြီး ဖေဖော်ဝါရီ ၁၉ရက်နေ့တွင် မိသားစုဝင်များက အသက်ရှူစက်ဖြုတ်ခဲ့ကြသည်။ ထို့နောက် ဆန္ဒပြသူများသာမက လမ်းသွားလမ်းလာများကိုပါ လုံခြုံရေးတာဝန်ယူသူများက ကျည်ဆန်အစစ်များကိုလည်းအသုံးပြု၍ ပစ်ခတ်နှိမ်နင်းကြသောကြောင့် လူသေဆုံးမှုနှုန်းများ မြင့်မားလာခဲ့သည်။ သွေးစွန်းသောတနင်္ဂနွေဟု အမည်တွင်ခဲ့ရသော ဖေဖော်ဝါရီ ၂၈ တွင် လမ်းသွားလမ်းလာအပါအဝင် ဆန္ဒပြပြည်သူပေါင်း အနည်းဆုံး (၁၈) ဦး သေဆုံးခဲ့ရသည်။ [၁၂၈] ဖေဖော်ဝါရီ ၂၈၊ နံနက် ၈ နာရီခန့်တွင် ရန်ကုန်မြို့၊ အောက်ကြည့်မြင်တိုင်လမ်း၊ တိုင်းပညာရေးမှူးရုံးရှေ့၌ ဆန္ဒထုတ်ဖော်ရန် စုဝေးနေသော ပညာရေးဝန်ထမ်းများအား အာဏာပိုင်တပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများဖြင့် ရုတ်တရက် ပစ်ခတ်ဖြိုခွင်း လူစုခွဲခဲ့စဉ် အသက် ၅၉ နှစ်အရွယ် အလယ်တန်းပြဆရာမ ဒေါ်တင်နွဲ့ရီ ကျဆုံးခဲ့သည်။ စုဝေးနေသော ဆရာ၊ ဆရာမ ဦးရေ ၂၀၀ ခန့် ရှိသည့် လူစုလူဝေးအား သတိပေးခြင်း တစ်စုံတစ်ရာမရှိ ရုတ်တရက်အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်း ဖြစ်သည်။[၁၂၉] ထို့နောက် မတ် ၃ ၌ လုံခြုံရေး ရဲနှင့်စစ်သားတို့၏ ပစ်ခတ်မှုကြောင့် သေဆုံးသူပေါင်း (၃၈) ဦးခန့် သေဆုံးခဲ့ရသည်။[၁၃၀] မတ်လ ၅ ရက် မန္တလေးမြို့ မြတောင်သပိတ်စစ်ကြောင်း ဖြိုခွင်းခံရချိန်တွင် ဖမ်းဆီးခံခဲ့ရသော အသက် ၂၁ နှစ်အရွယ် ကိုနိုင်မင်းကို ရုပ်အလောင်းကို မြင်တွေ့ခွင့်မရရှိခဲ့ဘဲ မိသားစုဝင်များက ရက်လည်ဆွမ်းသွတ်ကို ပြုလုပ်ခဲ့ရသည်။[၁၃၁]မတ်လ ၂၇ရက်နေ့တွင် သေဆုံးသူ ၄၂၃ဦး ရှိပြီဖြစ်သည်။

၂၀၂၁ စစ်အာဏာသိမ်းမှုအတွင်း စစ်​ကောင်စီ၏ လက်ချက်ဖြင့် ပြည်နယ်/တိုင်းအလိုက် ကျဆုံးခဲ့ရ​သောသူများ၏ အ​ခြေအ​နေပြ​မြေပုံ (ဧပြီ ၇ရက်​နေ့အထိ)
  ≥၂၀၀
  ၁၀၀-၁၉၉
  ၅၀-၉၉
  ၁၀-၄၉
  ၁-၉
သေဆုံးသူစာရင်း (၇.၄.၂၀၂၁ အထိ)[၁၃၂]
စဉ် တိုင်းဒေသကြီး/ ပြည်နယ် သေဆုံးသူအရေအတွက်
ရန်ကုန်တိုင်းဒေသကြီး ၂၁၉
မန္တလေးတိုင်းဒေသကြီး ၁၆၃
စစ်ကိုင်းတိုင်းဒေသကြီး ၈၄
ပဲခူးတိုင်းဒေသကြီး ၂၈
တနင်္သာရီတိုင်းဒေသကြီး ၂၇
ရှမ်းပြည်နယ် ၂၆
မကွေးတိုင်းဒေသကြီး ၂၆
ကချင်ပြည်နယ် ၁၃
ဧရာဝတီတိုင်းဒေသကြီး ၁၁
၁၀ မွန်ပြည်နယ် ၁၁
၁၁ နေပြည်တော် ပြည်ထောင်စုနယ်မြေ
၁၂ ကယားပြည်နယ်
စုစု​ပေါင်း ၆၁၄
* အတည်မပြုနိုင်သေးသော အခြားသောသေဆုံးသူများလည်းရှိသေးသည်။[၁၃၃]

လက်နက်ကိုင် ခုခံမှုများ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ပြည်သူ့ခုခံတော်လှန်စစ်

စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြမှုများကို စစ်အစိုးရက နှိမ်နင်းဖြိုခွင်းမှုများကို လက်တုန့်ပြန်သောအားဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ လက်နက်ကိုင် ထကြွမှုများသည် မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါ်ပေါက်လာခဲ့သည်။[၁၃၄]

နိုင်ငံတကာမှတုံ့ပြန်မှုများ[ပြင်ဆင်ရန်]

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် မြန်မာနိုင်ငံ၏အခြေအနေကို ကောင်းမွန်စေရန်အတွက် ခေါင်းဆောင်များအား တိုက်တွန်းခဲ့သည်။[၁၃၅] ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်သည် "တစ်ကမ္ဘာလုံးက စောင့်ကြည့်နေပါသည်" ဟူ၍ပြောဆိုခဲ့သည်။[၁၃၆]

ဖေဖော်ဝါရီ ၁၄ ၌ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ် (အန်တောညူ ဂူတဲရိရှ်) (António Guterres) က မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် အခြေနေများကို အလွန်စိုးရိမ်သောကရောက်ရကြောင်း ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ကာ မြို့ကြီးများတွင် သတင်းများအရ တင့်ကားများထပ်တိုးချထားခြင်းနှင့် အင်အားအဆမတန်သုံးစွဲခြင်းတို့ကိုလည်း အထူးအလေးပေးပြောဆိုသွားသည်။[၁၃၇] ထို့နောက် မြန်မာစစ်တပ်နှင့်ရဲများကို လူအများ ငြိမ်းချမ်းစွာစုရုံးဆန္ဒပြနေမှုအပေါ် လေးစားရန်တိုက်တွန်းခဲ့ပြီး ဆန္ဒပြသူများသည် လက်စားချေတုံ့ပြန်ခံရသူများ မဖြစ်စေရန်လည်း သေချာစွာပြောဆိုသွားခဲ့သည်။[၁၃၇] လုံခြုံရေးစောင့်ကြပ်သောသူများ၏ အကြမ်းဖက်ခြင်း ခြိမ်းခြောက်ခြင်းနှင့် အနှောက်အယှက်ပေးခြင်းတို့ကိုဖော်ပြထားသော သတင်းထုတ်ပြန်ချက်များသည် လက်ခံနိုင်ဖွယ်မရှိဟူ၍လည်း ထပ်လောင်းပြောဆိုခဲ့သည်။[၁၃၇] ဖေဖော်ဝါရီ ၁၆ တွင် စင်္ကာပူလွှတ်တော်၌ နိုင်ငံခြားရေးဝန်ကြီး ဗစ်ဗီယန် ဘာလာခရစ်ရှန်ကလည်း ဆန္ဒပြပွဲများတွင် ပဋိပက္ခဖြစ်ပွားခြင်းများ၊ ဝန်ထမ်းများကိုဖမ်းဆီးခြင်း၊ အင်တာနက်အမှောင်ချခြင်း မြို့ပေါ်လမ်းများ၌ သံချပ်ကာ(တင့်)ကားများနှင့် တပ်များချထားမှုတို့ကို စိုးရိမ်ကြောင်းနှင့် ကန့်သန့်ချုပ်ချယ်မှုများကို အတတ်နိုင်ဆုံးလျှော့ချဆောင်ရွက်ရန် အာဏာပိုင်များကို တိုက်တွန်းသွားခဲ့သည်။[၁၃၈] ယူနိုက်တက်ကင်းဒမ်းဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က အာဏာသိမ်းမှုကို ရှုံ့ချခဲ့၍ "မြန်မာပြည်သူပြည်သားများနှင့် အတူတကွရပ်တည်ပါသည်" ဟူ၍ ၎င်း၏တွစ်တာတွင် ရေးသားခဲ့ကာ ဆက်လက်ပြီး အာဏာသိမ်းယူမှုအတွက် တာဝန်ရှိသူများသည် တာဝန်ခံရမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။[၁၃၉]

မတ်လ ၅ ရက်နေ့တွင် ယူနိုက်တက်ကင်းဒမ်းမှ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးတစ်ရပ်ကို အရေးပေါ်ခေါ်ယူခဲ့သည်။ ထိုအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုရေးကော်မတီ၏ ကုလသမဂ္ဂဆိုင်ရာအထူးကိုယ်စားလှယ် ဒေါက်တာ ဆာဆာမှလည်း အဆောတလျင် အရေးယူပေးရန် တိုက်တွန်းချက် ၄ ချက်ပါသော စာတစ်ဆောင်ကို ပေးပို့ခဲ့သည်။ ထိုအချက်များအနက်တစ်ခုမှာ "ကာကွယ်စောင့်ရှောက်ရန် အလို့ငှာ တာဝန်ယူခြင်း" (Responsibility to Protect - R2P) ကိုခေါ်ယူရန်ပါဝင်ခဲ့သည်။[၁၄၀]

ဓာတ်ပုံများ[ပြင်ဆင်ရန်]

အခြားဖတ်ရန်[ပြင်ဆင်ရန်]

မှတ်စု[ပြင်ဆင်ရန်]

  1. One police officer was killed while participating in the protests[၈] and is also included in the AAPP count of killed protesters.[၉]

ကိုးကား[ပြင်ဆင်ရန်]

  1. "Myanmar's Military Leader Declares Himself Prime Minister And Promises Elections"၊ Associated Press၊ 2 August 2021။ 
  2. Bodea၊ Malina (2021-02-28)။ Myanmar’s Military-Led Coup: A Stop Sign On The Path To Democracy (in en-US)။
  3. Limited၊ Bangkok Post Public Company။ "Down but not out"၊ Bangkok Post 
  4. https://www.businessinsider.com/china-russia-block-un-security-council-condemn-myanmar-coup-2021-2
  5. https://yt3.ggpht.com/MGI3J3d80vpg_FS4JBpoqc4s5UiTmi2PYT1xwaAYQTnHk9cXwJ63oOO43qVE0QI8PZ1d4rHRdagtDQ=s640-c-fcrop64=1,39850000c67affff-nd-v1
  6. Press briefing notes on Myanmar။ United Nations (11 May 2021)။
  7. ၇.၀ ၇.၁ Staff (23 May 2021)။ Fighting surges in Myanmar's growing anti-junta conflict
  8. "Myanmar: 6 cops dead as protesters attack police post"၊ 4 April 2021။ 
  9. Crackdown Injury & Death ListAssistance Association for Political Prisoners (4 April 2021)။
  10. Myanmar air bases come under rocket fire
  11. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named recentupdates
  12. နွေဦးတော်လှန်ရေး မှတ်တမ်းဝင် သူရဲကောင်းများ (in my)။
  13. မြန်မာ့နွေဦးတော်လှန်ရေးနဲ့ နိုင်ငံတကာ အကူအညီ (5 မတ် 2021)။
  14. Anti-Coup Protest on Streets of Myanmar's Second City (၃ ဖေဖော်ဝါရီ ၂၀၂၁)။
  15. Myanmar adopts nonviolent approach to resist army coup (in en) (2021-02-03)။
  16. CNN၊ Carly Walsh and Akanksha Sharma။ Protests break out in Myanmar in defiance of military coup
  17. Simon Tisdall (3 February 2021)။ Myanmar coup: health workers at 70 hospitals join civil disobedience campaign။ The Guardian။
  18. "Veteran activist calls for civil disobedience in wake of coup" (in en)၊ Myanmar NOW၊ 3 February 2021။ 
  19. စစ်အစိုးရကို နေပြည်တော်က နိုင်ငံ့ဝန်ထမ်းတွေ ကန့်ကွက်ဆန္ဒပြ (in my)။ Radio Free Asia။
  20. Media group worries over press freedom in Myanmar under military rule (2021-02-08)။
  21. Central Bank of Myanmar Staff Join Anti-Coup Protests (in en-US) (2021-02-10)။
  22. Request To Health Workers (in en-US) (2021-02-09)။
  23. မော်ကွန်းတင်ပြီးမိတ္တူ။ 14 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 February 2021 တွင် ပြန်စစ်ပြီး။
  24. Myanmar calls for boycott of Tatmadaw linked products and services (2021-02-03)။
  25. Military Chief's Family Members Spend Big on Blockbuster Movies, Beauty Pageants
  26. စစ်အာဏာသိမ်းမှုကို အနုနည်းအာဏာဖီဆန်မှု တချို့ရှိလာခြင်း (in my)။
  27. Mandalay vice mayor, MCDC members resign (2021-02-03)။
  28. Mandalay citizens protest against Tatmadaw rule (2021-02-04)။
  29. Four arrested in Mandalay after street protest against military coup (in en)။
  30. Myanmar protests: shots heard in southeast city as police disperse crowd (in en) (2021-02-12)။
  31. ၃၁.၀ ၃၁.၁ Limited၊ Bangkok Post Public Company။ "Protesters defy Myanmar junta, shots fired in Mawlamyine"၊ Bangkok Post 
  32. မူဆယ်တွင် ဆန္ဒပြလူအုပ်အတွင်းဝင်ရောက်ရောနှာကာ ဓားကိုင်ရန်ပြုသူကို လူထုမှ ဖမ်ဖမ်းဆီးပြီး ရဲလက်အပ် (in my) (2021-02-28)။ 25 June 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 December 2021 တွင် ပြန်စစ်ပြီး။
  33. မတ် ၂၀ ရက်က အနည်းဆုံးမြို့ပေါင်း ၅၀ တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ (in my) (2021-03-20)။
  34. NLD lawmakers in Nay Pyi Taw defy military, take oath of office | Frontier Myanmar
  35. Amid Coup, Myanmar's NLD Lawmakers Form Committee to Serve as Legitimate Parliament
  36. https://apnews.com/article/myanmar-coup-politicians-a576dcd73070070877e8d567ec5e8a5c
  37. ၃၇.၀ ၃၇.၁ SNLD, DPNS reject offer to participate in new government | Eleven Media Group Co., Ltd
  38. Karenni National Progressive Party urges NLD and Tatmadaw to negotiate | The Myanmar Times
  39. “ဖဲကြိုးနီ လှုပ်ရှားမှု”ကို ထောက်ခံကြောင်း ပြသခဲ့တဲ့ နီနီခင်ဇော်
  40. ဖဲကြိုးနီလှုပ်ရှားမှု လုပ်ခဲ့လို့ ဘားအံနည်းပညာကျောင်းအုပ် အဖမ်းခံရ — မြန်မာဌာန
  41. https://www.bbc.com/burmese/burma-55953458
  42. ၄၂.၀ ၄၂.၁ Here's who is standing up against Myanmar's coup | Coconuts Yangon။ Coconuts (2021-02-03)။
  43. Myanmar celebs and artists stand against the military coup (2021-02-03)။
  44. ၄၄.၀ ၄၄.၁ Coup sparks outcry on Myanmar social media as West ponders next step (2021-02-02)။
  45. Anti-coup mass protests take place in cities across Myanmar (in en)။
  46. Myanmar army chief mocked online for short stature in doctored photo (in en) (2021-02-05)။
  47. Protesters create gridlock in Yangon amid fears of violence
  48. ၄၈.၀ ၄၈.၁ 'Broken-down' cars bring Myanmar streets to standstill in coup protest
  49. "Protesters out again in Myanmar, police use water cannon in capital"၊ Reuters၊ 18 February 2021။ 
  50. "A Year After Coup, Myanmar Is Mired in Conflict and Chaos"၊ NY Times၊ 1 February 2022။ 
  51. ၅၁.၀ ၅၁.၁ ၅၁.၂ Staff၊ Reuters။ "Myanmar internet providers block Facebook services after government order" (in en)၊ Reuters၊ 2021-02-03။ 
  52. Directive to block social media service (in en) (2021-02-03)။
  53. Potkin၊ Fanny။ "After Facebook ban, thousands in Myanmar take to Twitter to plead #RespectOurVotes" (in en)၊ Reuters၊ 2021-02-05။ 
  54. Myanmar’s new military government is now blocking Twitter and Instagram (in en-US)။
  55. Directive to block social media services Twitter and Instagram in Myanmar (in en) (2021-02-05)။
  56. Myanmar junta blocks internet access as coup protests expand (2021-02-06)။
  57. Internet access partially restored in Myanmar as protests grow against military coup (in en)။
  58. https://www.theguardiantanks-on-streets-of-myanmar-city-prompt-us-embassy-warning
  59. ၅၉.၀ ၅၉.၁ Myanmar Internet Bans and Outage
  60. Netblocks မှ ဖော်ပြထားသော မြန်မာနိုင်ငံ အင်တာနက်ဖြတ်တောက်မှုများစာရင်း
  61. Wifi လိုင်းများပါ ထပ်မံပိတ်ဖို့အတွက် စစ်ကောင်စီညွှန်ကြား ဧရာဝတီတိုင်းမ်
  62. Directives from authorities in Myanmar - February 2021 (in en)။
  63. AAPP | Assistance Association for Political Prisoners
  64. https://www.channelnewsasia.com/news/asia/myanmar-coup-australian-adviser-aung-san-suu-kyi-detained-14126558
  65. Myanmar’s Military Re-Arrests Two Chief Ministers
  66. Protest crackdown begins in Myanmar, over 100 nabbed in Mandalay | The Myanmar Times
  67. တောင်ကုတ် ALD ထိပ်ပိုင်းခေါင်းဆောင် ၁ ဦးနှင့် မြို့ခံ ၁ ဦး ဖမ်းဆီးခံရ (in my) (2021-02-28)။
  68. မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့ကို တပ်မတော်နေရာပေး (in my)။ Radio Free Asia။
  69. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ( ၁၄ / ၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက် (in my)။ Tatmadaw Information Team။ 7 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 February 2021 တွင် ပြန်စစ်ပြီး။
  70. အုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ဖို့ စစ်အစိုးရကမ်းလှမ်းချက် မွန်ညီညွတ်ရေးပါတီ လက်ခံ (in en)။
  71. နေပြည်တော်ဆန္ဒပြပွဲ ရဲကပစ်ခတ်လို့ လူငယ်နှစ်ယောက် အသက်အန္တရာယ်စိုးရိမ်ရ — မြန်မာဌာန
  72. မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ ဘူးဂါးမလိလျှပ်စစ်ဓာတ်အားခွဲရုံတွင် တပ်မတော်သားများ ဝင်ရောက် နေရာယူမှုအပေါ် ကန့်ကွက်ဆန္ဒပြရာမှ လူစုလူဝေးဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြိုခွင်းခဲ့ (in my)။
  73. Two Civilians Killed by Myanmar Security Forces in Mandalay (in en-US) (2021-02-20)။
  74. ၇၄.၀ ၇၄.၁ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named frontiermyanmar.net
  75. "2 Myanmar protesters killed by police fire, reports say"၊ Associated Press၊ 20 February 2021။ 
  76. "သတင်းထုတ်ပြန်ချက်"၊ မြန်မာ့အလင်း၊ ၂၁ ဖေဖော်ဝါရီ ၂၀၂၁၊ စာ- ၁-၃။ 
  77. "ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်အပေါ် မေးခွန်းထုတ်မှုတွေရှိ"၊ ဘီဘီစီ (မြန်မာပိုင်း)၊ ၂၆ ဖေဖော်ဝါရီ ၂၀၂၁။ ""ဒါပေမဲ့ လက်ရှိလူမှုကွန်ရက်စာမျက်နှာ တွေမှာသာမက ... လုံခြုံရေးအဖွဲ့ဝင်တွေရဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုမြင့်တက်နေပါတယ်။"" 
  78. "မန္တလေးဘူတာကြီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုမှုကူညီရေးအသင်းကိုပစ်ခတ်မှု မေးခွန်းထုတ်စရာ"၊ Myanmar Times၊ ၁၉ ဖေဖော်ဝါရီ ၂၀၂၁။ 
  79. Myanmar junta warns of lethal force as crowds gather for 'five twos revolution' (in en) (22 February 2021)။
  80. "တာမွေမှာ အုပ်ချုပ်ရေးမှူးအသစ် ဆန္ဒပြသူတွေကို ဖမ်းဆီးထား"၊ RFA၊ ၂၆ ဖေဖော်ဝါရီ ၂၀၂၁။ 
  81. "ရန်ကုန်နဲ့မန္တလေး အပါအဝင် တစ်ပြည်လုံးမှာ ဆန္ဒပြသူတွေ အကြမ်းဖက်ဖြိုခွင်းခံရ"၊ RFA၊ ၂၇ ဖေဖော်ဝါရီ ၂၀၂၁။ 
  82. ကျန်းမာရေး စေတနာ့ဝန်ထမ်းတွေ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခံရ
  83. "သိမ်းဆည်းထားသည့် အရပ်သားပိုင်ကားများဖြင့် စစ်တပ်က လိုက်လံတိုက်ခိုက်"၊ Myanmar NOW၊ ၂၀ မတ်လ ၂၀၂၁။ 
  84. "အာဏာရှင်ကို သေနတ်သံကြားမှ အံတုခြင်း"၊ Myanmar NOW၊ ၂၀ မတ်လ ၂၀၂၁။ 
  85. ၈၅.၀ ၈၅.၁ ၈၅.၂ Pro-military protesters hurl bricks at police car while rallying against the Union Election Commission (in en)။ ကိုးကား အမှား - Invalid <ref> tag; name ":25" defined multiple times with different content
  86. Hundreds attend pro-military protest in defiance of Covid-19 restrictions (in en)။
  87. Over a thousand protesters defy ban on large gatherings, army-related slogans at Mandalay rally
  88. "Myanmar Army Rallies Supporters, Bans Flights Through April" (in en)၊ Bloomberg.com၊ 2 February 2021။ 
  89. Pro-military groups tried to disrupt anti-coup protests
  90. One injured as monks smash windows of cars blocking road for civil disobedience campaign
  91. ၉၁.၀ ၉၁.၁ 25 Feb 2021 Daily Briefing in Relation to the Military Coup (25 February 2021)။
  92. reporters၊ Associated Press (25 February 2021)။ Pro-military marchers attack anti-coup protesters in Myanmar (in en)။
  93. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named :39
  94. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named :40
  95. Kirby၊ Jen (2021-02-08)။ Tens of thousands rise up against the coup in Myanmar (in en)။
  96. Hundreds attend pro-military protest in defiance of Covid-19 restrictions (in en)။
  97. Over a thousand protesters defy ban on large gatherings, army-related slogans at Mandalay rally (in en)။
  98. Pro-Tatmadaw protesters spark riot in Yangon (2021-01-31)။
  99. "Myanmar Army Rallies Supporters, Bans Flights Through April" (in en)၊ Bloomberg.com၊ 2021-02-02။ 
  100. MYANMAR PROTESTS LIVE: Tens of thousands gathering in Yangon, demonstrations in other major cities (in en-US) (2021-02-08)။
  101. ၁၀၁.၀ ၁၀၁.၁ ၁၀၁.၂ Pro-military groups tried to disrupt anti-coup protests (in en)။
  102. တပ်ထောက်ခံသူတွေက စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြသူတွေနဲ့ မီဒီယာတွေကို ရန်ပြု (၂၅ ဖေဖော်ဝါရီ ၂၀၂၁)။
  103. စစ်တပ်ထောက်ခံဆန္ဒပြသူများက လူထုကို အကြမ်းဖက်တိုက်ခိုက်၊ လုယက်ဖျက်ဆီးမှုများ ကျူးလွန် (၂၅ ဖေဖော်ဝါရီ ၂၀၂၁)။
  104. ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းအသစ်က လူ့အခွင့်အရေးများကို ချိုးဖောက်ရာကျကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ဝေဖန်ပြစ်တင် | Mizzima Myanmar News and Insight
  105. ဆိုက်ဘာလုံခြုံရေးဥပဒေ ပြဋ္ဌာန်းရမယ့်အချိန်မဟုတ်ဘူးလို့ ကွန်ပျူတာအသင်းများထုတ်ပြန်
  106. ၁၀၆.၀ ၁၀၆.၁ "Myanmar anti-coup protesters rally at Chinese embassy" (in en)၊ Reuters၊ 2021-02-11။ 
  107. China Denies Helping Myanmar Military Regime Build Internet Firewall (in en-US) (2021-02-11)။
  108. 关于中缅货运航班的情况说明 (in zh) (2021-02-11)။
  109. Myanmar’s military should lift Facebook, WhatsApp censorship, enable news broadcasts following coup - Committee to Protect Journalists
  110. US Ambassador Calls for Myanmar Military to Restore Power to Elected Government
  111. MAC revoked licenses of 5 media
  112. ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီဆိုသည့်သတင်းမှား ပျံ့နှံ့နေ (in en)။
  113. "After a decade of change in Myanmar, fear of the past drives anti-coup protests" (in en)၊ Reuters၊ 2021-02-07။ 
  114. Myanmar coup: Tens of thousands protest and call for Aung San Suu Kyi's release despite internet being cut off (in en)။
  115. "ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသည့် သရုပ်ဆောင်ရဲတိုက်ကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ" (in my)၊ Eleven Media Group၊ 4 April 2021။ 
  116. "ဆန္ဒပြပွဲတွေမှာပါဝင်နေတဲ့ သရုပ်ဆောင် ရဲတိုက်ကို စစ်ကောင်စီ ဖမ်းဆီး" (in my)၊ Radio Free Asia၊ 5 April 2021။ 
  117. "Myanmar protesters paint Yangon red, defying bloody army crackdown"၊ Reuters၊ 6 April 2021။ 
  118. ၁၁၈.၀ ၁၁၈.၁ "Myanmar actor arrested as junta hunts 120 celebrities"၊ CNA၊ 8 April 2021။ 21 February 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 8 April 2021။ 
  119. "Beauty Blogger ဝင်းမင်းသန်းကို ဖမ်းဆီးရမိခဲ့တဲ့ BH ဟိုတယ်ရဲ့ ထုတ်ပြန်ချက်" (in my)၊ The Irrawaddy၊ 2021-04-07။ 
  120. "Beauty Blogger ဝင်းမင်းသန်းအား တောင်ကြီးမြို့မှာ ရုံးထုတ်ခဲ့" (in my)၊ The Irrawaddy၊ 2021-04-07။ 
  121. "Myanmar celebrity model arrested as military targets public figures" (in en)၊ The Guardian၊ 2021-04-08။ 
  122. "Myanmar jails journalist for anti-coup protests coverage"၊ Deutsche Welle၊ 14 May 2021။ 
  123. "Myanmar: Journalists who fled coup face Thailand deportation"၊ BBC News၊ 11 May 2021။ 
  124. "Thai PM: Myanmar refugees won't be forced back"၊ The Star၊ 16 May 2021။ 
  125. နိုင်ငံအနှံ့ နေအိမ်နှင့် အဆောက်အအုံ ၅၃၁ လုံးထက်မနည်း ချိပ်ပိတ် သိမ်းဆည်းခံခဲ့ရ (15 မတ် 2022)။
  126. Crackdown Injury & Death Listနိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (29 March 2021)။
  127. [၁]
  128. In pictures: A bloody day in Myanmar's protests, BBC News
  129. မတတ်မြောက်သည့် ပညာရေးစနစ်မှ လွတ်မြောက်လိုသူ ဆရာမ၏ နောက်ဆုံးခရီး (in my) (2021-02-28)။
  130. Myanmar sees deadliest day as 38 protesters killed
  131. ရုပ်အလောင်းထုတ်မပေး၍ သင်္ဂြိုဟ်ခွင့်မရဘဲ ရက်လည်ဆွမ်းသွပ်ခဲ့ရ (in my) (2021-03-11)။
  132. [၂]
  133. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named :1
  134. "Myanmar Violence Escalates With Rise of 'Self-defense' Groups, Report Says"၊ voanews.com၊ June 27, 2021။ 
  135. Pope appeals to Myanmar leaders to serve the common good - Vatican News (in en) (2021-02-07)။
  136. Remarks by President Biden on the Administration's Response to the Coup in Burma (in en-US) (2021-02-10)။
  137. ၁၃၇.၀ ၁၃၇.၁ ၁၃၇.၂ Violence, Intimidation, Harassment by Myanmar Security Personnel Unacceptable, Secretary General Says, Also Expressing Concern over Restrictions on Internet | Meetings Coverage and Press Releases
  138. Staff၊ Reuters။ "Singapore says Myanmar situation 'alarming', but no need for broad sanctions" (in en)၊ Reuters၊ 16 February 2021။ 
  139. Boris Johnson says charges against Aung San Suu Kyi are ‘fabricated’ (in en) (16 February 2021)။
  140. Dr. SaSa letter to UNSC

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]