လှိုင်သာယာ အစုအပြုံလိုက် သတ်ဖြတ်ခံရမှု

ဝီကီပီးဒီးယား မှ
လှိုင်သာယာ အစုအပြုံလိုက် သတ်ဖြတ်ခံရမှု
၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခံရခြင်း နှင့် မြန်မာနိုင်ငံ ဆန္ဒပြမှုများ (၂၀၂၁-လက်ရှိ) ၏ တစ်စိတ်တစ်ပိုင်း
ဖြစ်ပွားရာနေရာ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဖြစ်ပွားရာနေရာ
ဖြစ်ပွားရာနေရာ
ဖြစ်ပွားရာနေရာ (မြန်မာနိုင်ငံ)
နေရာလှိုင်သာယာမြို့နယ်ရန်ကုန်တိုင်းဒေသကြီး
ကိုဩဒိနိတ်16°52′40″N 96°04′33″E / 16.87778°N 96.07583°E / 16.87778; 96.07583ကိုဩဒိနိတ်: 16°52′40″N 96°04′33″E / 16.87778°N 96.07583°E / 16.87778; 96.07583
ရက်စွဲ၁၄ မတ် ၂၀၂၁
သေဆုံးသူဦးရေအရပ်သား ၆၅ ဦးကျော်[၁]
ပြစ်မှုကျူးလွန်သူများ
စွဲချက်များမရှိ

လှိုင်သာယာ အစုအပြုံလိုက် သတ်ဖြတ်ခံရမှု သည် ၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ်တွင် အရပ်သားများ အစုအပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်သည်။ ဖြစ်စဉ်အတွင်း တပ်မတော် (ကြည်း) နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် အရပ်သား အနည်းဆုံး ၆၅ ဦးအား သတ်ဖြတ်ခဲ့ကြသည်။[၂] ၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခံရပြီးနောက် အသေအပျောက်အများဆုံးသော ဖြစ်ရပ်ဖြစ်ခဲ့ပြီး စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့် အရပ်သားများအား စစ်တပ်က ပြင်းထန်စွာ အကြမ်းဖက်ခြင်းတစ်ခုအဖြစ် မှတ်သားခဲ့သည်။[၃][၄][၂] အကြမ်းဖက် ဖြိုခွင်းမှုတွင် နိုင်ငံတွင်း အဓိက စက်ရုံအလုပ်ရုံအများအပြား တည်ရှိရာဖြစ်သည့် လှိုင်သာယာမှ စက်ရုံအလုပ်သမားများ၊ ဒေသခံများနှင့် စီးပွားရေး လုပ်ငန်းများ အစုလိုက် အပြုံလိုက် ထွက်ခွာသွားစေခဲ့သည်။[၅][၆]

နောက်ခံ[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သည့် အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းမှု ပြုလုပ်ခဲ့သည်။ မကြာမီ တပ်မတော်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ နိုင်ငံတော်အား အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။ စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့်အနေဖြင့် နိုင်ငံအဝှန်းရှိ ပြည်သူတို့သည် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

မတ်လအစောပိုင်းတွင် ကြီးမားသော ဆန္ဒပြမှုများကို လှိုင်သာယာတွင် စတင်ခဲ့သည်။[၇] အထည်ချုပ်စက်ရုံ ၈၅၀ ကျော်ရှိသည့် လှိုင်သာယာမြို့နယ်တွင် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် စက်ရုံအလုပ်ရုံများမှ အလုပ်သမားများကြောင့် ဆန္ဒပြပွဲများမှာ ကြီးမားခဲ့သည်။[၈][၇][၉][၁၀] အဆိုပါမြို့နယ်သည် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီးတွင် အိုးအိမ်မဲ့ဖြစ်ခဲ့ကြသော ဧရာဝတီတိုင်း ဒေသကြီးမှ ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူ အများအပြား နေထိုင်ရာ မြို့နယ်ဖြစ်သည်။[၁၁]

ဖြစ်စဉ်[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နေ့ အရုဏ်တက်ချိန်တွင် လှိုင်သာယာမှ ဆန္ဒပြသူများသည် ထိုင်သပိတ်ပြုလုပ်ရန်အတွက် လှိုင်မြစ်ကမ်းနားလမ်းတလျောက် ဘတ်စ်ကားမှတ်တိုင်များတွင် ကွန်ကရစ်တုံးများ၊ ဝါးများ၊ သဲအိတ်များဖြင့် အတားအဆီးများ ပြုလုပ်ခဲ့ကြသည်။[၇][၁၂] နံနက် ၇ နာရီဝန်းကျင်တွင် အမျိုးသမီး ၅၀ ခန့် ရောက်ရှိလာပြီး ဆန္ဒပြသူများအတွက် ပရိတ်များ ရွတ်ဖတ်ပေးခဲ့ကြသည်။[၁၃] နံနက် ၉ နာရီခွဲခန့်တွင် ဆန္ဒပြသူ ထောင်ပေါင်းများစွာ စုရုံးရောက်ရှိလာခဲ့သည်။[၁၄][၁၃]

နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်သား ၂၀၀ ခန့်ပါဝင်သော စစ်ယာဉ်တန်းသည် ဘုရင့်နောင်တံတားပေါ်မှတဆင့် အတားအဆီးများကို ဖြတ်ကာ ရောက်ရှိလာခဲ့ပြီး ဆန္ဒပြသူများအား လူစုကွဲစေရန် ပြုလုပ်ခဲ့သည်။[၁၃][၇] ၁၁ နာရီအချိန်တွင် စစ်သားများနှင့် ရဲများက ဆန္ဒပြသူများအား နှစ်ဖက်စလုံးမှ ချီတက်လာကာ ကျည်အစစ်များဖြင့် ပစ်ခတ်ခဲ့သည်။[၇] လုံခြုံရေးအဖွဲ့ဝင်များနှင့် စနိုက်ပါသမားများသည် အောင်ဇေယျတံတားပေါ်မှနေ၍ စေတနာ့ဝန်ထမ်း ဆေးအကူများနှင့် လူနာတင်ယာဉ်အလုပ်သမားများအပါအဝင် အရပ်သားများအား ပစ်ခတ်ခဲ့သည်။[၇]

အစုအပြုံလိုက် သတ်ဖြတ်မှုဖြစ်ပွားပြီးလျင်ပြီးခြင်း အနည်းဆုံး ၂၀ ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း က ထုတ်ပြန်ခဲ့သည်။[၁၅] နေ့လယ်ပိုင်းတွင် သေဆုံးသူအရေအတွက်မှာ ၅၈ ဦးအထိ ရှိလာခဲ့သည်။[၁၂] လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ ၂၀၂၁ ဒီဇင်ဘာတွင် ထုတ်ပြန်သော အစီရင်ခံစာအရ အသက် ၁၇ မှ ၇၈ နှစ်အကြားအသက်အရွယ်ရှိ လူအနည်းဆုံး ၆၅ ဦးသေဆုံးခဲ့သည်။[၁၆][၄] သေဆုံးသူအများစုကို အနီးရှိ ထိန်ပင်သုသာန်တွင် မြှုပ်နှံခဲ့သည်။[၁၇] လုံခြုံရေးအဖွဲ့ဝင်များ၏ ထိခိုက်သေဆုံးမှုကို မသိရှိရပေ။[၇]

ကျူးလွန်သူများ[ပြင်ဆင်ရန်]

အစုအပြုံလိုက် သတ်ဖြတ်မှုအား ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ ဦးစီးသော တပ်မတော် (ကြည်း)မှ လုံခြုံရေးအဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီး ရဲချုပ် မျိုးမင်းထိုက် ဦးစီးသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်ခဲ့သည်။[၇] ဆန္ဒပြဖြိုခွင်းမှုတွင် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်မှ လုံထိန်းတပ်သားများလည်း ပါဝင်ခဲ့သည်။[၃][၇]

နောက်ဆက်တွဲ[ပြင်ဆင်ရန်]

အခြေအနေ မတည်ငြိမ်မှုများဖြင့် လှိုင်သာယာမြို့နယ်တွင်းရှိ တရုတ်နိုင်ငံသားပိုင် စက်ရုံ အနည်းဆုံး ၃၂ ခု မီးရှို့ခံခဲ့ရပြီး အမေရိကန်ဒေါ်လာ ၃၇ သန်းကျော် ဆုံးရှုံးခဲ့သည်။[၁၈][၁၉] သတ်ဖြတ်မှုဖြစ်ပွားပြီးနောက် မြို့နယ်အတွင်း အဓိကနေရာများတွင် လုံခြုံရေးအင်အား အများအပြားကို ချထားခဲ့သည်။[၂၀] မတ်လ ၁၇ ရက်နေ့တွင် လှိုင်သာယာရှိ တရုတ်နိုင်ငံသားပိုင် ဖိနပ်စက်ရုံတွင် လုပ်ခလစာ အငြင်းပွားမှုဖြစ်ပွားခဲ့ရာ လုံခြုံရေးအဖွဲ့ဝင်များက အလုပ်သမား အနည်းဆုံး ၆ ဦးအား သတ်ဖြတ်ခဲ့ပြီး အခြား အလုပ်သမား ၇၀ ကျော်အား ဖမ်းဆီးခဲ့သည်။[၂၁] ဖြစ်စဉ်ဖြစ်ပွားပြီးနောက်တွင် ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းအလုပ်သမားများသည် မြို့အားစွန့်ခွာကာ မိမိတို့၏ နေရပ်များဆီသို့ ပြန်သွားခဲ့ကြသည်။[၁၇][၂၀] ၂၀၂၁ စက်တင်ဘာလအထိ လှိုင်သာယာ စက်မှုဇုန်ဧရိယာများဖြစ်သော လှိုင်သာယာ၊ ရွှေလင်ဗန်းနှင့် ရွှေသန်လျင်တို့ရှိ စက်ရုံအနည်းဆုံး ၇၃ ခုအထိ ပိတ်သိမ်းခဲ့ရာ အလုပ်သမား ၂၀,၀၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့သည်။[၂၂]

See also[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Myanmar: Protesters Targeted in March Massacre | Human Rights Watch (in en) (2021-12-02)။ 2024-04-19 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ A Year On, No Justice for Myanmar Massacre (in en) (14 March 2022)။ 26 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2023 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Violence Against Protestors at Hlaing Tharyar (in en) (14 March 2022)။ 26 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2023 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ Myanmar Junta's Worst Massacres of 2021 (in en-US) (30 December 2021)။ 26 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2023 တွင် ပြန်စစ်ပြီး။
  5. "Revolutionary roads: how the army tried to crush Yangon's most anti-coup district" (in en-GB)၊ The Guardian၊ 6 February 2022။ 
  6. Harding၊ Luke။ "Myanmar army imposes martial law in two cities as more protesters killed" (in en-GB)၊ The Guardian၊ 15 March 2021။ 
  7. ၇.၀ ၇.၁ ၇.၂ ၇.၃ ၇.၄ ၇.၅ ၇.၆ ၇.၇ ၇.၈ Myanmar: Protesters Targeted in March Massacre (in en) (2 December 2021)။ 21 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 February 2023 တွင် ပြန်စစ်ပြီး။
  8. Garment Workers' Fight for Democracy in Myanmar (in en-US) (6 April 2021)။ 26 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2023 တွင် ပြန်စစ်ပြီး။
  9. In the Face of Massacres, Workers in Myanmar Are Still Fighting the Coup (in en-US)။ 26 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2023 တွင် ပြန်စစ်ပြီး။
  10. Thar၊ Hein (6 November 2019)။ Government seeks to tame Hlaing Tharyar, Yangon's wild west (in en-US)။ 2 March 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2023 တွင် ပြန်စစ်ပြီး။
  11. The struggles of Hlaing Thar Yar (in en-US) (15 March 2022)။ 26 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2023 တွင် ပြန်စစ်ပြီး။
  12. ၁၂.၀ ၁၂.၁ 'I never thought gangsters cried': Hlaing Tharyar locals shaken but defiant (in en-US) (19 March 2021)။ 27 January 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 February 2023 တွင် ပြန်စစ်ပြီး။
  13. ၁၃.၀ ၁၃.၁ ၁၃.၂ A day of tragedy and terror in Hlaing Tharyar (in en-US) (17 March 2021)။ 22 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 February 2023 တွင် ပြန်စစ်ပြီး။
  14. Nowhere is Safe": The Myanmar Junta's Crimes Against Humanity (24 March 2022)။ 26 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2023 တွင် ပြန်စစ်ပြီး။
  15. Daily Briefing in Relation to the Military Coup (in en-US) (15 March 2021)။ 26 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2023 တွင် ပြန်စစ်ပြီး။
  16. Recent Fatality List (20 November 2021)။ 26 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2023 တွင် ပြန်စစ်ပြီး။
  17. ၁၇.၀ ၁၇.၁ Residents flee violence, martial law in Yangon factory district (in en-US) (16 March 2021)။ 26 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2023 တွင် ပြန်စစ်ပြီး။
  18. Harding၊ Luke။ "Myanmar army imposes martial law in two cities as more protesters killed" (in en-GB)၊ The Guardian၊ 15 March 2021။ 
  19. Chinese-Owned Factories on Fire While Myanmar Military Regime's Protest Crackdowns Escalate (in en-US) (14 March 2021)။ 26 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2023 တွင် ပြန်စစ်ပြီး။
  20. ၂၀.၀ ၂၀.၁ "Yangon becomes battle zone as Myanmar junta enforces martial law" (in en-GB)၊ The Guardian၊ 17 March 2021။ 
  21. At least six killed after factory owner calls in military in Hlaing Tharyar (in en)။ 26 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2023 တွင် ပြန်စစ်ပြီး။
  22. [Myanmar Increasing closures of factories and business since February harm the well-being of workers] (in en) (28 September 2021)။ 26 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2023 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]