မာတိကာသို့ ခုန်သွားရန်

ကနောင်စစ်ဆင်ရေး

ဝီကီပီးဒီးယား မှ
ကနောင်စစ်ဆင်ရေး
ပြည်သူ့ခုခံတော်လှန်စစ်၏ တစ်စိတ်တစ်ပိုင်း
ရက်စွဲ၁၅ ဇူလိုင် ၂၀၂၃  လက်ရှိ
နေရာမန္တလေးတိုင်းဒေသကြီး
ရလဒ်
  • စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
စစ်ရင်ဆိုင်သူများ

အမျိုးသားညီညွတ်ရေးအစိုးရ

  • PDF
    • မန္တလေး PDF

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး

စစ်အင်အား
၄၀၀ ခန့် မသိရှိရ
အသေအပျောက်
၈၀ ဦး ၂ ဦး

ကနောင်စစ်ဆင်ရေးသည် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တို့ ပူးပေါင်းဆင်နွှဲသော စစ်ဆင်ရေးတစ်ခု ဖြစ်သည်။[][] စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ် ဇူလိုင်လမှ စတင်ခဲ့ရာ စက်တင်ဘာလအထိ စစ်ကောင်စီတပ်မှ အရာရှိအဆင့်များ အပါအဝင် ၈၀ ဦးခန့် သေဆုံးကာ ၁၉ ဦး ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းမီးကျောက်အမြောက်အမြား သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ထားသည်။[][]

ကနောင်စစ်ဆင်ရေးသည် တပ်မ ၉၉တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂၊ ခလရ ၂၅၇ နှင့် အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ခမရ ၅၀၂ တို့နှင့် ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။[][][]

တိုက်ပွဲများ

[ပြင်ဆင်ရန်]

ပူးပေါင်းအဖွဲ့သည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်လေကြောင်းကာကွယ်ရေးတပ် ၁၀၁၄ အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ကာ၊ ကင်းစခန်းတစ်ခုအား ဝင်ရောက်စီးနင်းခဲ့သည်။ အင်ကြင်းမြိုင်တပ်သို့ စစ်ကူလာသော ယာဉ်တန်းခြောက်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် ၁၉ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ တစ်ဦး သေဆုံးခဲ့သည်။[][]

၂၀၂၃ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းအား ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် ၁၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။ ဩဂုတ်လ ၁၁ ရက်နေ့တွင် တပ်မ ၉၉ လက်အောက်ခံ အင်အား ၅၀ ခန့်ရှိတပ်ရင်းမှ စစ်ကြောင်းထိုးလာစဉ် ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့သည်။[] ဩဂုတ်လ ၂၆ ရက်နေ့တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၇ ဦးသေဆုံးခဲ့သည်။

စက်တင်ဘာလ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၉ ဦးသေဆုံးခဲ့ကာ ခဲယမ်းများအား ပူးပေါင်းအဖွဲ့မှ သိမ်းဆည်းရမိခဲ့သည်။ စက်တင်ဘာလ ၈ ရက်နေ့တွင် စစ်ကောင်စီတပ်များအား တပ်စွဲထားသော ပြင်ဦးလွင်-မိုးကုတ်လမ်းမပေါ်ရှိ တောင်နီကျေးရွာအနီး တာဝါတိုင်ကုန်းအား ဝင်ရောက်စီးနင်းခဲ့ရာ စစ်ကောင်စီတပ်မှ ၁၃ ဦး သေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ တစ်ဦး သေဆုံးခဲ့သည်။ စက်တင်ဘာ ၁၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီမှ အနည်းဆုံး သုံးဦး သေဆုံးခဲ့သည်။[][]


ကိုးကား

[ပြင်ဆင်ရန်]
  1. "ကနောင်စစ်ဆင်ရေးမှာ စစ်အရာရှိသုံးဦးအပါအဝင် ခုနှစ်ဆယ်ကျော် သေဆုံးတယ်လို့ MDY-PDF ဆို"၊ Delta News Agency၊ ၁၂ စက်တင်ဘာ ၂၀၂၃။
  2. 1 2 "ကနောင်စစ်ဆင်ရေးမှတ်တမ်းရုပ်သံ NUG ထုတ်ပြန်၊ စစ်ရေးတင်းမာနေဆဲဖြစ် (ရုပ်သံ)"၊ ၁၃ စက်တင်ဘာ ၂၀၂၃
  3. 1 2 3 "“ကနောင်စစ်ဆင်ရေး” တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အများအပြားသေဆုံး"၊ သျှမ်းသံတော်ဆင့်၊ ၁၂ စက်တင်ဘာ ၂၀၂၃ 13 September 2023 တွင် ပြန်စစ်ပြီး Archived from the original on 22 September 2023။
  4. 1 2 3 4 5 "TNLA နဲ့ မန္တလေး PDF တို့ရဲ့ ကနောင်စစ်ဆင်ရေး ၂လတာ ကာလအတွင်း စစ်တပ်ဘက်က ၈၀ ဦး သေဆုံးမှုရှိခဲ့"၊ Federal Journal Myanmar၊ ၁၂ စက်တင်ဘာ ၂၀၂၃။
  5. "TNLAနှင့် PDF တပ်များ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ကနောင်စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိထား" (in my)၊ Tachileik News Agency၊ ၁၁ စက်တင်ဘာ ၂၀၂၃။