မာတိကာသို့ ခုန်သွားရန်

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ

ဝီကီပီးဒီးယား မှ
(ကျင်ဒွေးတိုက်ပွဲ မှ ပြန်ညွှန်းထားသည်)
ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ
မြန်မာ့ပြည်တွင်းစစ် (၂၀၂၁-လက်ရှိ)ချင်း စစ်မြေပြင်၏ တစ်စိတ်တစ်ပိုင်း
ရက်စွဲ၂၂ ဒီဇင်ဘာ ၂၀၂၃ – ၁ မေ ၂၀၂၄
နေရာကျင်ဒွေးမြို့ကန်ပက်လက်မြို့နယ်ချင်းပြည်နယ်
20°50′25″N 93°45′17″E / 20.8402°N 93.7547°E / 20.8402; 93.7547ကိုဩဒိနိတ်: 20°50′25″N 93°45′17″E / 20.8402°N 93.7547°E / 20.8402; 93.7547
ရလဒ် စစ်ကောင်စီဆန့်ကျင်ရေးအဖွဲ့များ အောင်မြင်
စစ်ရင်ဆိုင်သူများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

ချင်းညီနောင်

တပ်မှူးများနှင့် ခေါင်းဆောင်များ
မသိရှိရ မသိရှိရ
ပါဝင်သည့် တပ်ဖွဲ့များ

တပ်မတော်

စစ်အင်အား
အနည်းဆုံး ၇၀၀[] မသိရှိရ
အသေအပျောက်
များပြား များပြား
ကျင်ဒွေး သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကျင်ဒွေး
ကျင်ဒွေး
မြန်မာနိုင်ငံအတွင်း ကျင်ဒွေးမြို့၏ တည်နေရာ

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ သည် ချင်းပြည်နယ်ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့တွင် တပ်မတော်နှင့် စစ်အာဏာသိမ်းဆန့်ကျင်ရေးတပ်ဖွဲ့များ ဖြစ်ပွားသည့် တိုက်ပွဲ ဖြစ်သည်။ အာရက္ခတပ်တော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ အကူအညီဖြင့် ချင်းညီနောင်သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စစ်ကောင်စီ စခန်းများအား စတင်တိုက်ခိုက်ခဲ့သည်။ ခရစ်စမတ်မတိုင်မီ မြို့အား သိမ်းပိုက်နိုင်ရန် ရည်ရွယ်ထားပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ကူများနှင့် စစ်ကောင်စီထောက်ခံသော ပြည်သူ့စစ်များနှင့် ရင်ဆိုင်ခဲ့ရသည်။[][] လေးလအကြာတိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် မြို့အား တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်။

နောက်ခံသမိုင်းကြောင်း

[ပြင်ဆင်ရန်]

ကျင်ဒွေးမြို့သည် ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်အတွင်း တည်ရှိပြီး လူဦးရေ တစ်ထောင်ကျော်ခန့်သာ နေထိုင်သည့် ရွာကြီးအဆင့်သာရှိသော မြို့ငယ်လေးတစ်မြို့ဖြစ်သည်။ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါသည့် ကျင်ဒွေးကျေးရွာကို ၂၀၁၉ ခုနှစ်၊ ဧပြီလဆန်းပိုင်းတွင် ထိုစဉ်က ရွေးကောက်ခံအရပ်သားအစိုးရ (NLD) က မြို့အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ရာ မြို့အဖြစ် သတ်မှတ်ခံရသည်မှာ ၅ နှစ်ခန့်သာ ရှိသေးသည်။ သာမန်အချိန်များတွင် လူသိနည်းသော မြို့ငယ်လေးဖြစ်သော်လည်း ချင်းတော်လှန်ရေးတပ်ပေါင်းစုများက စစ်ကောင်စီထံမှ လေးလကျော်ကြာ ခက်ခက်ခဲခဲ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် အောင်ပွဲကြောင့် လူသိများသည့် မြို့တစ်မြို့ ဖြစ်လာခဲ့သည်။ယင်းအပြင် ကျင်ဒွေးမြို့သည် မကွေးတိုင်း၊ ဆောမြို့နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသဖြင့် စစ်ရေးအရ ဗျူဟာမြောက် အချက်အချာကျသော မြို့လည်း ဖြစ်သည်။[]

တိုက်ပွဲဖြစ်စဉ်

[ပြင်ဆင်ရန်]

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့မှ စတင်ကာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF-Kanpetlet) နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဂန့်ဂေါခရိုင်တပ်ရင်းများ၊ မင်းဘူးခရိုင်တပ်ရင်းများက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ချင်းညီနောင်အဖွဲ့ဝင်များဖြစ်ကြသည့် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF Zoland)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) CNC-Mindat၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF)၊ CDF-ကန်ပက်လက် နှင့် CDF-မတူပီ တပ်မဟာ (၁) တို့သည်လည်းကောင်း၊ အာရက္ခတပ်တော် (AA) နှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များကလည်းကောင်း အရှိန်အဟုန်မြှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။[]

လေးလကျော်ကြာ ပြင်းထန်စွာဖြစ်ပွားခဲ့သော ဤတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနှင့် လက်နက်ကြီးများ အပြင်းအထန် အသုံးပြုခုခံခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်များ၏ ထိုးစစ်ဆင်နိုင်မှုကြောင့် ၂၀၂၄ ခုနှစ်၊ ဧပြီလကုန်တွင် မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။[]

စစ်ကောင်စီဘက်မှ စစ်သား၊ ရဲနှင့် ပြည်သူ့စစ် (ပျူစောထီး) အင်အား ၂၀၀ နီးပါးသည် မုန်းချောင်းဘေးရှိ ရဲစခန်းနှင့် စာသင်ကျောင်းတို့တွင် အခြေစိုက်ကာ မြို့မကျစေရန် အပြင်းအထန် ခုခံခဲ့ကြသည်။ ကျင်ဒွေးမြို့သည် စစ်တပ်ထောက်ခံသူများပြားပြီး မြို့တွင်း၌ ဗျူဟာမြောက် ခံစစ်အခိုင်အမာ ပြင်ဆင်ထားသည့် မြို့ဖြစ်သည်။ မြေပြင်တပ်မှူးများ၏ ပြောပြချက်အရ မြို့ပေါ်ရှိ နေအိမ်တိုင်းတွင် စနစ်တကျ တူးထားသော ဗုံးခိုကျင်းများရှိပြီး အိမ်များကို ခံပစ်ကွင်းများအဖြစ် ပြင်ဆင်ထားသဖြင့် တိုက်ပွဲကာလ လနှင့်ချီ၍ ကြာမြင့်ခဲ့ရခြင်းဖြစ်သည်။[]

တိုက်ပွဲတွင် ဒေသခံ CDF-Kanpetlet၊ မကွေးတိုင်းအခြေစိုက် PDF တပ်ရင်းများနှင့် ချင်းညီနောင် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲကာလအတွင်း ကျည်အင်အားနှင့် ဗျူဟာမြောက် လက်နက်ခဲယမ်း မလုံလောက်မှုများကြောင့် တိုက်ပွဲကာလ ကြန့်ကြာခဲ့ရသော်လည်း ၄ လကျော်အကြာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် မြို့တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။ ဤအောင်ပွဲသည် ချင်းပြည်နယ်အတွင်း တော်လှန်ရေးအင်အားစုများ သိမ်းပိုက်နိုင်ခဲ့သည့် ၄ မြို့မြောက် မြို့သိမ်းတိုက်ပွဲလည်း ဖြစ်သည်။[]

နောက်ဆက်တွဲဖြစ်ရပ်များ

[ပြင်ဆင်ရန်]

ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့များ ကျင်ဒွေးမြို့ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ တပ်မတော်(လေ)က လေကြောင်းမှ ပြင်းထန်စွာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ထိုနေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် ကျင်ဒွေးမြို့အထက်ဘက်ရှိ မုန်းချောင်းကို ဖြတ်ကူးတည်ဆောက်ထားသော တံတားပြင်လုပ်ငန်းခွင်သို့ တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ကန်ပက်လက်မြို့နယ်၊ လူသားစာနာဘေးစီမံဌာန၏ ထုတ်ပြန်ချက်အရ ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် တံတားပြင်လုပ်ငန်းခွင်ရှိ အရပ်သား အမျိုးသမီး တစ်ဦးနှင့် အမျိုးသား ခုနစ်ဦး၊ စုစုပေါင်း ရှစ်ဦး သေဆုံးခဲ့ပြီး အခြားသူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဤဖြစ်စဉ်သည် မြို့သိမ်းတိုက်ပွဲ ပြီးနောက် အရပ်သားများအပေါ် လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် အဆိုးရွားဆုံးဖြစ်စဉ်တစ်ခု ဖြစ်သည်။[]


အခြားဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. As Myawaddy Made Headlines, Myanmar’s Resistance Took Bigger Prize: Kyindwe May 2, 2024. The Irrawaddy. May 10, 2024, ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
  2. 1 2 Chin forces, allies seize strategic town from Myanmar military after long battle. Myanmar Now. May 2, 2024.
  3. Chin Anti-Regime Groups Target Town Despite Myanmar Junta Reinforcements April 30, 2024. The Irrawaddy May 6, 2024, ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
  4. LuduNwayOo (2024-05-03)။ ကျင်​ဒွေးမြို့သိမ်းတိုက်ပွဲ ​နောက်ကွယ်... (in my-MM)။ 2026-05-09 တွင် ပြန်စစ်ပြီး။
  5. Now၊ Myanmar (2024-05-01)။ ၄ လကျော်ကြာ တိုက်ခိုက်ပြီးနောက် ကျင်ဒွေးမြို့ကို ချင်းတော်လှန်ရေးအင်အားစုများ သိမ်းပိုက် (in en-US)။ 2026-05-09 တွင် ပြန်စစ်ပြီး။
  6. Now၊ Myanmar (2024-04-24)။ ချင်းတပ်များ ကျင်‌ဒွေးမြို့ကို သိမ်းရန် AA အကူအညီဖြင့် ကြိုးစားနေဟုဆို (in en-US)။ 2026-05-09 တွင် ပြန်စစ်ပြီး။
  7. ကျင်ဒွေးအနီးမှာ ချင်းပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ ၅၀၀ ခန့်တို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ (in my)။ 2026-05-09 တွင် ပြန်စစ်ပြီး။
  8. LuduNwayOo (2024-05-01)။ ကျင်ဒွေးမြို့အား သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်​ကြောင်း ချင်းညီနောင်တရားဝင်ထုတ်ပြန် (in my-MM)။ 2026-05-09 တွင် ပြန်စစ်ပြီး။
  9. ခင်ရီရီဇော် (2026-04-29)။ ကန်ပက်လက်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၈ ဦးသေဆုံး (in en-US)။ 2026-05-09 တွင် ပြန်စစ်ပြီး။