လက်ယက်ကုန်းရွာ၊ ဒီပဲယင်းမြို့နယ်
လက်ယက်ကုန်း | |
---|---|
ရွာ | |
လက်ယက်ကုန်းရွာ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 22°40′36″N 95°24′09″E / 22.6767807006836°N 95.4023666381835°Eကိုဩဒိနိတ်: 22°40′36″N 95°24′09″E / 22.6767807006836°N 95.4023666381835°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | စစ်ကိုင်း |
ခရိုင် | ရေဦးခရိုင် |
မြို့နယ် | ဒီပဲယင်းမြို့နယ် |
ကျေးရွာအုပ်စု | လက်ယက်ကုန်း |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
လက်ယက်ကုန်းရွာ (အင်္ဂလိပ်: Letyetkone)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၂၅၉၁ ဖြစ်သည်။ [၁]
၂၀၂၂ ခုနှစ် ဖြစ်ရပ်
[ပြင်ဆင်ရန်]၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့တွင် လက်ယက်ကုန်းကျေးရွာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းကို တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi 35 ၂ စီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ကလေး ၇ ဦး သေဆုံးခဲ့ကာ ၁၇ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် မြေပြင်စစ်ကြောင်းကလည်း ရွာအတွင်း ဝင်တိုက်ခိုက်ရာ နောက်ထပ် ကလေး ၂ ဦးအပါအဝင် ၇ ဦးသေဆုံးခဲ့သည်။[၂] မြဝတီရုပ်သံကမူ လက်ယက်ကုန်းရွာမှတဆင့် ကချင်လွတ်မြောက်ရေးတပ်မတော် နှင့် PDF တို့က လက်နက်ခဲယမ်းများ သယ်ယူပို့ဆောင်မည် ဖြစ်ကြောင်းနှင့် ရွာဘုန်းကြီးကျောင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထောက်ခံသူများ၊ PDF များ ခိုအောင်းနေထိုင်လျက် ရှိပြီး ဒေသခံများနှင့် ခရီးသွား ပြည်သူများကို အဓမ္မဆက်ကြေး တောင်းခံခြင်းများ ပြုလုပ်နေကြောင်း သတင်းပေး တိုင်ကြားချက်ကြောင့် ဝင်ရောက် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း စက်တင်ဘာ ၁၇ ရက်ညပိုင်း သတင်းတွင် ကြေညာခဲ့သည်။[၂] ယင်းသို့ စစ်ဆေးခဲ့ရာတွင် အပြန်အလှန် ထိတွေ့မှု ဖြစ်ပွားခြင်းကြောင့် ဒေသခံများ သေဆုံးခဲ့ကြောင်း သတင်းတွင် ကြေညာခဲ့သော်လည်း မြေပြင်တွင် ထိတွေ့တိုက်ပွဲမျိုး ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်ကသာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုထားသည်။[၂][၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
- ↑ ၂.၀ ၂.၁ ၂.၂ ဒီပဲယင်းက ကလေး ၉ဦး ကို စစ်တပ်က ရေဦး၌သင်္ဂြိုဟ်ကာ အလောင်းဖျောက် (18 စက်တင်ဘာ 2022)။ ၁၈ စက်တင်ဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑ "ဒီပဲယင်းတွင် ကျောင်းဖွင့်ချိန် ရဟတ်ယာဉ်များဖြင့်ဝင်ပစ်၊ ကလေးအချို့သေဆုံး" (in my)၊ Myanmar NOW၊ Myanmar NOW၊ ၁၇ စက်တင်ဘာ ၂၀၂၂။
ဤ စစ်ကိုင်းတိုင်းဒေသကြီး တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |