နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (အင်္ဂလိပ်: Assistance Association for Political Prisoners (Burma); အတိုကောက် AAPP သို့ AAPPB) သည် လွတ်လပ်ပြီး အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံပြင်ပတွင် ရောက်ရှိနေသော မြန်မာ့နိုင်ငံရေးအကျဉ်းသားဟောင်းများက ဖွဲ့စည်းတည်ထောင်ထားသည်။ နိုင်ငံရေး အကျဉ်းသားဟောင်းများဖြင့် အဓိကဖွဲ့စည်းထားပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် နိုင်ငံရေးအကျဉ်းသားများအား ကူညီထောက်ပံ့ပေးရန် ရည်ရွယ်သည်။ အေအေပီပီသည် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် အခြေစိုက်ပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ရုံးခွဲများ ဖွင့်လှစ်ထားသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အဖမ်းဆီးခံရသည့် ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သော ၂၀၀၀ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် မဲဆောက်မြို့၌ အေအေပီပီကို စတင်ဖွဲ့စည်းခဲ့သည်။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]