အောင်လင်းဒွေး
အောင်လင်းဒွေး | |
|---|---|
ပြည်ထောင်စုလွှတ်တော် နာယက(၂ ဧပြီ ၂၀၂၆) | |
| ၅ ဦးမြောက် ပြည်ထောင်စုလွှတ်တော် နာယက | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၁၈ မတ် ၂၀၂၆ | |
| လက်ထောက် | Jeng Phang နော်တောင် |
| ယခင်လူ | တီခွန်မြတ် |
| တတိယအကြိမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၁၈ မတ် ၂၀၂၆ | |
| လက်ထောက် | Jeng Phang နော်တောင် |
| ယခင်လူ | မန်းဝင်းခိုင်သန်း |
| အမျိုးသားလွှတ်တော် ကိုယ်စားလှယ် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၁၈ မတ် ၂၀၂၆ | |
| မဲဆန္ဒနယ် | မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် (၁၁) |
| အနိုင်ရမဲ အရေအတွက် | အချိုးကျကိုယ်စားပြုစနစ်ဖြင့် |
| အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် | |
| တာဝန်သက်တမ်း ၃၁ ဇူလိုင် ၂၀၂၅ – ၁၀ ဧပြီ ၂၀၂၆ | |
| လက်ထောက် | ရဲဝင်းဦး |
| ယခင်လူ | ရာထူးစတင် |
| ဆက်ခံသူ | ရာထူးဖျက်သိမ်း |
| နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင် | |
| တာဝန်သက်တမ်း ၃၁ ဇူလိုင် ၂၀၂၅ – ၁၀ ဧပြီ ၂၀၂၆ | |
| ခန့်အပ်သူ | အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ |
| ယခင်လူ | ကော်မရှင်စတင် |
| ဆက်ခံသူ | ကော်မရှင်ဖျက်သိမ်း |
| နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး | |
| တာဝန်သက်တမ်း ၂ ဖေဖော်ဝါရီ ၂၀၂၁ – ၃၁ ဇူလိုင် ၂၀၂၅ | |
| လက်ထောက် | ရဲဝင်းဦး |
| ယခင်လူ | ကောင်စီစတင် |
| ဆက်ခံသူ | ကောင်စီဖျက်သိမ်း |
| စစ်ဥပဒေချုပ် | |
| တာဝန်သက်တမ်း ဩဂုတ် ၂၀၁၆ – ဇန်နဝါရီ ၂၀၂၂ | |
| ဆက်ခံသူ | ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် |
| တိုင်းမှူး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် | |
| တာဝန်သက်တမ်း ၂၀၁၄ – ဩဂုတ် ၂၀၁၆ | |
| အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး | |
| တာဝန်သက်တမ်း အောက်တိုဘာ ၂၀၁၁ – ၂၀၁၄ | |
| ကျောင်းအုပ်ကြီး တပ်မတော်နည်းပညာတက္ကသိုလ် | |
| တာဝန်သက်တမ်း ၉ မေ၂၀၁၁ – ၃ အောက်တိုဘာ ၂၀၁၁ | |
| ယခင်လူ | ဗိုလ်မှူးချုပ် ညိုစော |
| ဆက်ခံသူ | ဗိုလ်မှူးချုပ် အောင်စိုး |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၃၁ မေ၊ ၁၉၆၂ မြန်မာနိုင်ငံ |
| နိုင်ငံသား | မြန်မာ |
| နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
| ကြင်ဖော် | ဥမ္မာမြင့် |
| သားသမီး | ရွှေရည်ဖူးအောင် လှိုင်ဘွားအောင် ဖြိုးအာကာအောင် |
| မိခင်ကျောင်း | စစ်တက္ကသိုလ်အပတ်စဉ် ၂၅ |
| ဆုတံဆိပ်များ |
|
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | |
| အမှုထမ်းကာလ | ၁၉၈၄ -၂၀၂၅ |
| ရာထူး | |
| ကိုယ်ပိုင်အမှတ် | ကြည်း ၁၈၂၆၃ |
ဦးအောင်လင်းဒွေး (၃၁ မေ ၁၉၆၂ ဖွား) သည် အငြိမ်းစားဗိုလ်ချုပ်ကြီးနှင့် နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး လက်ရှိတွင် တတိယအကြိမ် အမျိုးသားလွှတ်တော်၏ ဥက္ကဋ္ဌ ဖြစ်သည်။ ၎င်းကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။[၁][၂]
၎င်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ) ရုံး၏ အမှုဆောင်ချုပ်အဖြစ်လည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျှက်ရှိသည်။[၃] ၎င်းသည် မြန်မာ့တပ်မတော်တွင် ဗိုလ်ချုပ်ကြီး အဆင့်ရှိ အရာရှိကြီးတစ်ဦးလည်း ဖြစ်ခဲ့သည်။[၄]
အစောပိုင်းဘဝ
၁၉၆၂ ခုနှစ်၊ မေလ ၃၁ ရက်တွင် ဗိုလ်ကြီး မောင်မောင်ဒွေး နှင့် ဒေါ်စိန်နု တို့က ပြင်ဦးလွင်မြို့နယ် ၌ မွေးဖွားခဲ့ သည်။မွေးချင်း ၄ဦး အနက် ဒုတိယမြောက်သားဖြစ်ပြီး၊ ညီမ စုစုဒွေးမှာ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဖြစ်သည်။
စစ်မှုထမ်းဘဝ
ငယ်စဉ်ဘဝ ပညာရေးများကို အထက(၁) ပြင်ဦးလွင် နှင့် အလက(၃)ပြင်ဦးလွင် တို့တွင် ဖြတ်သန်းသင်ယူခဲ့သည်။အထက(၁)ပြင်ဦးလွင် မှ ဆယ်တန်းအောင်ပြီးနောက်၊မန္တလေးဒေသကောလိပ် တွင် အဆင်မြင့်ပညာများ သင်ယူခဲ့သည်။ထိုသို့ တက္ကသိုလ်ပညာသင်ကြားနေရင်း စစ်တက္ကသိုလ်ဝင်ခွင့် ဖြေဆိုခဲ့ရာ အောင်မြင်ခဲ့သည်။
ဦးအောင်လင်းဒွေးသည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၂၅ နှင့် ကျောင်းဆင်းသည်။၁၉၈၄ ခုနှစ်တွင် ဒုဗိုလ်ရာထူးဖြင့် ပြန်တမ်းဝင်အမှတ် ကြည်း ၁၈၂၆၃ နှင့် စစ်မှုစထမ်းခဲ့သည်။
သူသည် ဗိုလ်မှူးကြီးအဆင့်ဖြင့် ဒကစမှူး(စစ်တွေ) မှသည် စစ်တက္ကသိုလ် အောင်ဇေယျဗိုလ်လောင်းတပ်ရင်း တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းသည်။ထိုမတိုင်မီက စစ်ဆင်ရေးတာဝန်ထမ်းဆောင်မှုအနေဖြင့် ကရင်ပြည်နယ် ခမရ(၁)၊ခမရ (၃၈၄)၊ခမရ(၇၀၂)တပ်ရင်းများတွင် ၃ကြိမ်တာဝန်ကျခဲ့သည်။ ဗိုလ်မှူးချုပ်အဆင့်ဖြင့် ၂၀၁၁ မေလ ၉ ရက် မှ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂ရက်အထိ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊၂၀၁၁ ခုနှစ် အောက်တိုဘာ ၂ရက် မှ မှ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၇ ရက် အထိ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး စသည်ဖြင့် တာဝန်ယူခဲ့သည်။ နောက် ဗိုလ်ချုပ်အဆင့်ဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး[၅] ၊ တပ်မတော်မှတ်တမ်းရုံး ညွှန်ကြားရေးမှူးချုပ်တို့သို့ ပြောင်းလဲထမ်းဆောင်သည်။
၂၀၁၆ ခုနှစ် ဩဂုတ်လတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြင့် စစ်ဥပဒေချုပ် ဖြစ်လာသည်။ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီတွင် ပါဝင်ခဲ့သည်။
ယင်းအပြင် သူသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ စစ်ဘက်အကြံပေးပုဂ္ဂိုလ် အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသူ၊ သစ္စာရှိသော လက်ရုံးအဖြစ် သတ်မှတ်ခံရသည်။[၆]
၂၀၂၁ နောက်ပိုင်း
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး အဖြစ်ခန့်အပ်ခံရသည်။အစိုးရ၏ အမိန့်ကြော်ငြာစာ များအား ပုံ ကောင်စီအတွင်းရေးမှူး ဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ရသူ လည်းဖြစ်၍ လူသိများသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလထဲတွင် စစ်ကောင်စီအတွင်းရေးမှူး နေရာကိုသာ တာဝန်ထမ်းဆောင်ရပြီး၊ တပ်မတော် စစ်ဥပဒေချုပ်ရာထူးမှ အနားယူခဲ့သည်။ တပ်မတော်အရန်အင်အားသို့လည်း ရောက်ရှိသွားခဲ့သည်။[၇] သူ၏ တပ်မတော်ရာထူးနေရာဖြစ်သည့် စစ်ဥပဒေချုပ်နေရာအား တပ်မတော်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံး (ကကအင်) မှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မျိုးသန့်နိုင်က ဒုတိယဗိုလ်ချုပ်ကြီးရာထူးတိုးကာ ဆက်ခံခဲ့သည်။
ယင်းနောက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယုံကြည်စိတ်ချရသူများဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့နှင့်အတူ ဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ခံခဲ့ရသည်။။[၈]
၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်၏ အဖွဲ့ဝင်နှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ်အဖြစ် တာဝန်ပေးခံရသည်။ ထိုရက်မှာပင် သူသည် ဗိုလ်ချုပ်ကြီး ရာထူးအားလည်း စွန့်လွှတ်လိုက်ရကာ၊ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးအစား ဦးအောင်လင်းဒွေး အမည်ဖြင့် အထက်ပါရာထူးများကို ထမ်းဆောင်ရခြင်းဖြစ်သည်။[၉][၁၀]
နိုင်ငံရေးဘဝ
သူသည် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ် (၁၁) မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ၎င်းအား အမျိုးသားလွှတ်တော်၏ ဥက္ကဋ္ဌအဖြစ် ပြိုင်ဘက်မရှိ ရွေးချယ်တင်မြှောက်ခဲ့ကြသည်။[၁၁]
အရေးယူပိတ်ဆို့ခံရမှုများ
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဖြစ်လာသည့် ၎င်းအား အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂအစရှိသည့် နိုင်ငံတို့က ပိတ်ဆို့အရေးယူမှုများပြုလုပ်ထားကြသည်။[၁၂][၁၃] ထို့အတူ၊ ဩစတြေးလျအစိုးရ[၁၄]နှင့် ကနေဒါအစိုးရတို့[၁၅]ကလည်း ဒဏ်ခတ်ပိတ်ဆို့ထားသည်။
မိသားစုဘဝ
ဇနီးဖြစ်သူမှာ ဒေါ်ဥမ္မာမြင့် ဖြစ်ပြီး သားသမီးများမှာ
- ရွှေရည်ဖြိုးပြည့် ဆောက်လုပ်ရေးနှင့် အင်ဂျင်နီယာလုပ်ငန်းများ ကုမ္ပဏီပိုင်ရှင် ရွှေရည်ဖူးအောင်
- မင်္ဂလာအောင်မြေဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် လှိုင်ဘွားအောင် (မိခင်နှင့်အတူပိုင်)
- အောင်မြင့်မိုရ်လင်းဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဖြိုးအာကာအောင် တို့ ဖြစ်သည်။
ချီးမြှင့်ခံရသည့် ဆုများ
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက အမိန့်ကြော်ငြာစာအမှတ် ၂၁၁/၂၀၂၂ ဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော စည်သူဘွဲ့ကို ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းထားသည်။[၁၆]
၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၂၆ ဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော သရေစည်သူဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[၁၇]
၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၂၆ ဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော မဟာသရေစည်သူဘွဲ့ကို ဦးမင်းအောင်လှိုင်က ချီးမြှင့်ခဲ့သည်။ [၁၈]
ကိုးကား
- ↑ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းခြင်း။ MOI Myanmar (၃၁ ဇူလိုင် ၂၀၂၅)။ ၃၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမှုဆောင်ချုပ်နှင့် တွဲဖက်အမှုဆောင်ချုပ် ခန့်အပ်တာဝန်ပေးခြင်း။ MOI Myanmar (၃၁ ဇူလိုင် ၂၀၂၅)။ ၃၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် မြေဩဇာများရရှိရေး အစည်းအဝေးကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား | Ministry Of Information (in en)။ 2026-04-02 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ်(၉/၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် (in my)။ 3 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 February 2021 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၂၄/၂၀၁၆ ဇေယျကျော်ထင်ဘွဲ့ အပ်နှင်းခြင်း။ မြန်မာနိုင်ငံပြန်တမ်း (၁ မတ် ၂၀၁၆)။ ၂၄ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ စစ်ခေါင်းဆောင်၏ သစ္စာရှိသော လက်ရုံး ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး။ The Irrawaddy (၆ ဇူလိုင် ၂၀၂၂)။ ၂၄ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး အရန်အင်အား အပို့ခံရ။ The Irrawaddy (၁၀ ဇန်နဝါရီ ၂၀၂၂)။ ၂၄ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ စစ်ခေါင်းဆောင်ရဲ့ လူရင်း သုံးဦး ဗိုလ်ချုပ်ကြီးတွေ ဖြစ်လာ။ BBC Burmese (၁၆ ဩဂုတ် ၂၀၂၄)။ ၂၄ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းခြင်း။ MOI Myanmar (၃၁ ဇူလိုင် ၂၀၂၅)။ ၃၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမှုဆောင်ချုပ်နှင့် တွဲဖက်အမှုဆောင်ချုပ် ခန့်အပ်တာဝန်ပေးခြင်း။ MOI Myanmar (၃၁ ဇူလိုင် ၂၀၂၅)။ ၃၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ■ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်လင်းဒွေးအား ရွေးချယ်တင်မြှောက် (in my)။ 2026-03-18 တွင် ပြန်စစ်ပြီး။
- ↑ Myanmar/Burma: EU sanctions 11 people over the recent military coup and ensuing repression။ The Council of the European Union (22 March 2021)။ 11 April 2021 တွင် ပြန်စစ်ပြီး။
- ↑ Official Journal of the European Union 15–24 (22 March 2021)။ 11 April 2021 တွင် ပြန်စစ်ပြီး။
- ↑ Trade၊ scheme=AGLSTERMS AglsAgent; corporateName=Foreign Affairs and (2024-09-19)။ Autonomous Sanctions (Designated Persons and Entities and Declared Persons – Myanmar) List 2018။ scheme=AGLSTERMS.AglsAgent; corporateName=Office Parliamentary Counsel; address=Locked Bag 30 Kingston ACT 2604; contact=+61 2 6120 1400။
- ↑ Branch၊ Legislative Services (2025-03-06)။ Consolidated federal laws of Canada, Special Economic Measures (Myanmar) Regulations။ 2026-03-18 တွင် ပြန်စစ်ပြီး။
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း ၊ အမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂ ၊ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များ။ MWD Webportal (၁၈ နိုဝင်ဘာ ၂၀၂၂)။ ၁၇ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-03-02 တွင် ပြန်စစ်ပြီး။
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-04-17 တွင် ပြန်စစ်ပြီး။